အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး

အမေရိကန်ပြည်တွင် ကြက်ဥ အလုံးရေ ၁၀၀,၀၀၀ ဆန်းကြယ်စွာ ပျောက်ဆုံးမှုကြီး - Property News in Myanmar from iMyanmarHouse.com
24 Feb 2025 2:10 pm တွင် တင်ခဲ့သည်
559 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ကားနောက်တွဲတစ်ခု၌ တင်ထားသော ကြက်ဥ အလုံး ၁၀၀,၀၀၀ ခိုးယူခံလိုက်ရသည့်ဖြစ်ရပ်မှာ ရဲတပ်ဖွဲ့က မဖြေရှင်းနိုင်သေးသော လျှို့ဝှက်သည်းဖိုပု စ္ဆာတစ်ခု ဖြစ်နေကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကြက်ဥဈေးနှုန်း အလွန်အမင်း ခေါင်ခိုက်နေခြင်းကြောင့် ယခုခိုးယူခံရမှုကြီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်အထိ သဲလွန်စ မရသေးကြောင်း ကြက်ဥများ ခိုးယူခံရပြီး ၄ ရက်အကြာတွင် ပန်ဆယ်ဗေးနီးယားပြည်နယ် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Megan Frazer က ပြောသည်။

“ကျွန်မတို့ဟာ ပြည်သူတွေဆီက သတင်းစကားတွေအပေါ် မှီခိုနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ခုခု သိထားတဲ့ တစ်ယောက်ယောက်က ကျွန်မတို့ကို သဲလွန်စတစ်ခုခု ဆက်သွယ်ပြောကြားလာဖို့ မျှော်လင့်ပါတယ်” ဟု Megan က ပြောသည်။

ရဲတပ်ဖွဲ့က ဆန်းကြယ်သော ကြက်ဥပျောက်ဆုံးမှုကြီးကို အဖြေရှာရန်အတွက် ဖြစ်နိုင်သမျှ မျက်မြင်သက်သေ များ လိုက်လံရှာဖွေနေသည့်အပြင် စီစီတီဗွီကင်မရာမှတ်တမ်းများကိုလည်း လိုက်လံ စစ်ဆေးကြည့်ရှုနေသည်။

“ကျွန်မ တာဝန်ထမ်းဆောင်ခဲ့သမျှ သက်တမ်းတလျှောက် ကြက်ဥတွေ သိန်းနဲ့ချီပြီး အခိုးခံရတာ တစ်ခါမှ မကြားဖူးပါဘူး။ ဒါက တကယ့်ကို ထူးခြားပါတယ်” ဟု Megan က ပြောသည်။

Megan သည် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့ပြီ ဖြစ်သည်။

ကြက်ငှက်တုပ်ကွေးကြောင့် မွေးမြူရေးလုပ်ငန်းရှင်များမှာ တစ်လလျှင် ကြက်ကောင်ရေ သန်းနှင့်ချီကာ သုတ်သင်ပစ်နေရသည်။

အမေရိကန်တွင် ၂၀၂၃ ခုနှစ် နွေရာသီ၌ ကြက်ဥဈေးမှာ ၂ ဆခန့် မြင့်တက်ခဲ့သည်။ ဧပြီလကုန်တွင် ကျရောက်မည့် အီစတာ ပွဲတော် ကြက်ဥဈေးမှာ ကျဆင်းမည့် အရိပ်လက္ခဏာ မရှိ။

(မှတ်ချက်။ အီစတာပွဲတော်တွင် ကြက်ဥရှာပွဲ ကျင်းပလေ့ရှိရာ ကြက်ဥဝယ်လိုအား မြင့်တက်သည့် ကာလ ဖြစ်သည်)

အမေရိကန်ပြည်တဝန်း ပြီးခဲ့သောနှစ်ကုန် ဒီဇင်ဘာလတွင် ကြက်ဥတစ်ဒါဇင်လျှင် ၄ ဒသမ ၁၅ ဒေါ်လာ ဈေးပေါက်ခဲ့သည်။

ယခု ၂၀၂၅ ခုနှစ်အတွင်း ကြက်ဥဈေး ၂၀ ရာခိုင်နှုန်းခန့် ဆက်လက်မြင့်တက်ဖွယ်ရှိကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားသည်။

ယခု ပျောက်ဆုံးသွားသော ကြက်ဥအလုံးရေ ၁၀၀၀၀၀ မှာ Pete & Gerry’s Organics ၏ ဖြန့်ချိရေးဌာန ကားနောက်တွဲယာဉ်ပေါ်မှ ပြီးခဲ့သော စနေနေ့ ည ၈း၄၀ အချ်ိန်တွင် Antrim မြို့၌ ခိုးယူခံလိုက်ရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ခိုးယူခံလိုက်ရသည့် ကြက်ဥများ၏ စုစုပေါင်းတန်ကြေးမှာ ဒေါ်လာ ၄၀,၀၀၀ ခန့်ရှိရာ ကြီးလေးသည့် ရာဇဝတ်မှုဖြစ်ကြောင်း Megan က ပြောသည်။

Pete & Gerry’s Organics ကုမ္ပဏီက ထုတ်ပြန်သည်မှာ ကြက်ဥပျောက်ဆုံးမှုကို ဖော်ထုတ်ရန် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The heist of 100,000 eggs in Pennsylvania becomes a whodunit that police have yet to crack

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service