စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ ။

စားစရာတွေကို ရေသေချာဆေးလိုက်တာနဲ့တင် သန့်ရှင်းပြီလား။ အခြားပိုးမွှားတွေ ကပ်နိုင်တဲ့ နည်းတွေရှိတာရော သိရဲ့လား။ ။ - Property Knowledge in Myanmar from iMyanmarHouse.com
22 Feb 2025 2:04 pm တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဈေးကဝယ်လာတဲ့ အသီးအရွက်တွေ အသားငါးတွေကို ရေစင်အောင်ဆေးလိုက်မယ်၊ ဒိတ်ကုန်သွားတဲ့ နို့ဘူးတွေကို လွှင့်ပစ်လိုက်တာနဲ့တင် အစားအသောက်တွေ စိတ်ချရမှုကို သင်ကောင်းကောင်းနားလည်နေတယ်ဆိုရင် မှားသွားပါလိမ့်မယ်။

ရေဆေးရုံ မကောင်းတာကို လွှင့်ပစ်လိုက်ရုံနဲ့ အစားအသောက်တွေအားလုံး သန့်စင်သွားမယ်၊ စိတ်ချရမယ်လို့ မဆိုလိုပါဘူး။ ဒီတော့ ဘယ်နေရာမှာ မှားနေလဲ ဆိုတာကြည့်ရအောင်။ ။ ချက်တဲ့နေရာမှာလား သန့်စင်တဲ့နေရာမှာလား သိမ်းတဲ့နေရာမှာလား။

 

အသားစိမ်းတွေနဲ့ အခြား အသင့်စား အစားအစာတွေ ကို တစ်ပန်းကန်ထဲ ထားမိတဲ့အခါ။

ကိုယ်စားနေတဲ့အစားအသောက်တွေ မသန့်ရှင်းတာ၊ ပိုးဝင်တာတွေ အများဆုံးကို ဖြစ်နိုင်တာက အသားစိမ်းတွေနဲ့ ချက်ပြီးသား အသားတွေ တူတူသိမ်းထားမိတာမျိုးဖြစ်ပါတယ်။ ဒီလို တစ်ပန်းကန်ထဲ တူတူထားမိတဲ့အခါ အသားစိမ်းတွေမှာရှိတဲ့ ဘက်တီးရီးယားတွေ ချက်ပြီးသားအသားတွေထဲ အလွယ်တကူ ရောက်သွားနိုင်လို့ အစာအဆိပ်သင့်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ကို တစ်ပန်းကန်ထဲ မဟုတ်ဘဲ ခွဲထားဖို့ လိုတာပါ။

ခဲနေတဲ့ အသားတွေကို အခန်းအပူချိန်မှာ အရည်ပျော်အောင် ဒီတိုင်းထားလိုက်တဲ့အခါ။ ။

Defrosting လို့ခေါ်တဲ့ အအေးခံထားတဲ့အသားတွေကို 4.44°C ကနေ 60°C အတွင်း အခန်းအပူချိန်မှာပြန်ပျော်အောင် ဒီတိုင်း မီးဖိုချောင်ထဲမှာ ထားလိုက်တဲအခါ မိနစ် ၂၀ အတွင်း ဘက်တီးရီးယားပေါက်ပွားမှု အဆ ၂၀ ဖြစ်သွားနိုင်ပါတယ်။

ဒ့ါကြောင့် အအေးခံထားတဲ့အသားတွေ ပြန်နွေးစေဖို့ အခန်းအပူချိန်မှာဒီတိုင်းရေထဲ နှစ်မထားဘဲ ရေခဲရေနဲ့ အသားကြားထဲက ရေခဲတုံးတွေ ပျော်အောင်လုပ်တာ၊ microwave ထဲ ထည့်ပြီး ခဲနေတာကို အရည်ပျော်အောင်လုပ်တာမျိုးတွေ လုပ်ပေးပါ။ ပျော်အောင်လုပ်ပြီးသား အသားတွေကို အေးခဲအောင်လုပ်ပြီး ပြန်မသိမ်းသင့်ပါဘူး။

ချက်ပြီးသား ပူနွေးနွေးဟင်းတွေကို ရေခဲသေတ္တာထဲ မသိမ်းခင် အပြင်မှာ အအေးအရင်ခံလိုက်တဲ့အခါ။

ချက်ပြီးသား ဟင်းတွေကို အခန်းအပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ရှိတဲ့ နေရာမှာ ၂ နာရီထက်ကြာအောင် မထားသင့်ပါဘူး။ 4.44°C ကနေ 60°C အပူချိန်မှာဆို ဘက်တီးရီ်းယားတွေ အလျင်အမြန်ပေါက်နိုင်တယ်မလား။

ဒါ့ကြောင့် ချက်ပြီးသားဟင်းတွေကို ရေခဲ့သေတ္တာထဲ မထည့်ခင် အပြင်မှာ နာရီဝက် တစ်နာရီလောက်ပဲ ထားသင့်ပါတယ်။ ပြီးတာနဲ့ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။

မကျက်တကျက် အစားအစာတွေ ဟင်းထဲ ပါလာတဲ့အခါ ။

မကျက်တကျက် ပြုတ်ထား၊ ကြော်ထားတဲ့ ဥတွေ အသားတွေမှာ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါလာတတ်ပြီး ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ေသွးဝမ်းသွားတာ၊ ချမ်းတုန်ပြီးဖျားတာ၊ ခေါင်းကိုက် ပျို့အန်ချင်တာမျိုးတွေ ဖြစ်စေတတ်ပါတယ်။

ဒါ့အပြင် မကျက်တကျက်ချက်ထားတဲ့ အသားတွေမှာ E.coli လို့ခေါ်တဲ့ ဘက်တီးယားတွေ၊ သန်ကောင်ဖြစ်စေမယ့် ဥတွေ ပါလာတတ်တာကြောင့် အသားတွေ အားလုံးကို ကျက်အောင် ချက်ဖို့ အရေးကြီးပါတယ်။

နှပ်ပြီးသား အသားတွေကို ဒီတိုင်း ခုံပေါ်မှာ တင်ထားလိုက်တဲ့အခါ။

နှပ်ပြီးသား အသားတွေကို အခန်းအပူချိန် မှာ ဒီတိုင်းထားလိုက်ရင် ရောဂါပိုးမွှားတွေ အလွယ်တကူပေါက်ပွားတာ၊ ကပ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် အသားတွေ နှပ်ထားပြီးတဲ့အခါတိုင် းရေခဲသေတ္တာထဲ လုံလုံခြုံခြုံဖုံးပြီး ခဏပြန်ထည့်ထားပါ။

လက်ကို သေချာသန့်စင်အောင် မဆေးတဲ့အခါ။

ပန်းကန်တွေ၊ အသားတွေမှာပဲ ရောဂါပိုးမွှားတွေ ကပ်နေတယ်လို့ မထင်လိုက်ပါနဲ့။ သေချာသန့်စင်အောင် မဆေးထားတဲ့သင့်ရဲ့ လက်တွေမှာလည်း ရောဂါပိုးတွေ အများကြီး ကပ်တွယ်နေနိုင်ပါသေးတယ်။

ဒါ့ကြောင့် အစားအစာတွေကို မကိုင်ခင် စက္ကန့် ၂၀ အလိုနဲ့ ကိုင်ပြီး စက္ကန့် ၂၀ နောက်ပိုင်းမှာ လက်ကိုသေချာဆေးပါ။ လက်ကိုဆပ်ပြာသုံးပြီးဆေးဖို့လည်း မမေ့ပါနဲ့။

ပန်ကန်ဆေးတဲ့အဖတ်တွေ ဖော့တွေကို မှန်မှန် မလဲတဲ့အခါ။

ဘယ်လောက်ပဲ သန့်ချင်လို့ ပန်းကန်တွေကို ဆေးနေပါစေ သူတို့ကို ဆေးတဲ့ ဖော့တို့ အဖတ်တို့က မသန့်တဲ့အခါ ရောဂါပိုးတွေ ပြန်ပြန်ကပ်နေတာနဲ့တင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ ဒ့ါကြောင့် ပန်းကန်ဆေးြပီးတိုင်း အဖတ်တွေကို သေချာပြန်သန့်ရှင်းပါ။ ရေကို သေချာညှစ်ပြီး နေရောင်အောက်မှာ အခြောက်ခံပါ။ ၁ လတစ်ခါ မှန်မှန် လဲပေးပါ။

ဒါတွေကတော့ ဘယ်လောက်ပဲ ကိုယ်ကသန့်နေတယ်လို့ ထင်နေပါစေ။ မထင်ထားမိတဲ့နည်းတွေကနေ အစားအသောက်ထဲ ဘက်တီးရီးယားတွေ ရောက်နိုင်တာတွေ ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို ရေဆေးရုံ၊ ဒိတ်ကုန်နေတဲ့ အစားအသောက်တွေကို လွှင့်ပစ်လိုက်ရုံနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဖန်တီးနိုင်တယ်လို့ မဆိုလိုပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service