အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည်တွင် အရက်သေစာ သောက်စားမှု ပိတ်ပင်ခဲ့သည့်ခေတ်က ရုပ်ရှင်မင်းသမီး မာရီလင်မွန်ရိုးနှင့် နာမည်ကြီး ပြဇာတ်ရေးဆရာ အာသာမေလာတို့ လျှို့ဝှက်အရက်သောက်ခဲ့သော အရက်ဘားပါသည့် ယာတောအိမ် ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
20 Feb 2025 11:59 am တွင် တင်ခဲ့သည်
468 ကြိမ် ကြည့်ရှု့ပြီး

မာရီလင်မွန်ရိုးသည် ညှို့အားအပြင်းဆုံးအမျိုးသမီးအဖြစ် တခေတ်တခါက ပေါ့ပ်ယဉ်ကျေးမှု၏ Icon အဖြစ် လျှမ်းလျှမ်းတောက်ခဲ့သော ရုပ်ရှင်မင်းသမီးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်ဖြင့် ကွယ်လွန်သွားခဲ့သူ ဖြစ်သည်။

ကွယ်လွန်ပြီးနောက်ပိုင်း ခင်ပွှန်းဖြစ်သူ၏ ချစ်ခြင်းမေတ္တာမှာလည်း ကမ္ဘာကျော်သတင်းတစ်ပုဒ် ဖြစ်ခဲ့၏။

(ဆက်စပ်သတင်း)

ဇနီးဖြစ်သူ ကွယ်လွန်သွားပြီးနောက် ခင်ပွန်းက ဇနီး၏ အုတ်ဂူသို့ တစ်ပတ်လျှင် ၃ ကြိမ်နှုန်းဖြင့် ၃၇ နှစ်တိုင် နှင်းဆီပန်း ၆ ပွင့် ပို့ပေးခဲ့၊ ထိုအမျိုးသမီးမှာ မည်သည့် ကမ္ဘာကျော် ရုပ်ရှင်မင်းသမီးဖြစ်သည်ကို သင်သိပါသလား

https://www.imyanmarhouse.com/news/read/1117103

 

((အမေရိကန်ပြည်တွင် အရက်သေစာ ပိတ်ပင်ခဲ့မှု))

အမေရိကန်ပြည်တွင် ၁၉၂၀ ပြည့်နှစ်မှ ၁၉၃၃ ခုနှစ်အထိ အရက်သေစာ ပိတ်ပင်ခဲ့ဖူးသည့် ခေတ်ကာလရှိခဲ့ပြီး အရက်သေစာ ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်းများ တားမြစ်ခဲ့သည်။

ထိုသို့ ပိတ်ပင်ရခြင်း၏ အကြောင်းရင်းမှာ အိမ်တွင်းအကြမ်းဖက်မှု၊ ကလေးငယ်များ စွန့်ပစ်ခံရမှုတို့၏ အဓိက အကြောင်းရင်းမှာ အရက်ကြောင့် ဖြစ်သည်ကို တွေ့ရှိခဲ့သောကြောင့် ဖြစ်၏။

((မာရီလင်မွန်ရိုး အရက်ခိုးသောက်ခဲ့သောနေရာ))

အစိုးရ၏ တားမြစ်ပိတ်ပင်မှုများရှိသော်လည်း အမေရိကန်ပြည်တဝန်းတွင် တိတ်တိတ်ပုန်း အရက်ဆိုင်များ အနှံ့အပြားရှိရာ ကွန်နက်တီကပ်ပြည်နယ်မှ ယာတောအိမ်တစ်ခုရှိ အရက်ဘားကလေးလည်း အပါအဝင် ဖြစ်သည်။

အဆိုပါ အရက်ဘားတွင် ပေါ့ပ်ယဉ်ကျေးမှု၏ Icon မာရီလင်မွန်ရိုးနှင့် ခင်ပွန်းဖြစ်သူ ပြဇာတ်ရေးဆရာ အာသာမေလာတို့သည် ဖိတ်ဖိတ်ထ Bugatti တစ်စင်းဖြင့် လျှောက်ပတ်ပြီးလျှင် တိတ်တိတ်ပုန်း အရက်လာမော့လေ့ရှိကြသည်။

အဆိုပါ အရက်ဆိုင်လေးရှိခဲ့ဖူးသော Taunton Hill အမည်ရှိ ယာတောအိမ်မှာ ယခုအခါ ကန်ဒေါ်လာ ၁ ဒသမ ၁၆ သန်းမျှဖြင့် အရောင်းဈေးကွက်ဝင်နေသည်။

ဒေသတွင်းတွင် Boxwood Farm ဟုလူသိများသော ယာတောခြံကို ၁၇၆၅ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိပိုင်ရှင်မှာ တယောပညာရှင် (Cellist) ဝီလျံ ဒီရိုဆာနှင့် ဇနီးဖြစ်သူ ကာစတီ ဖာဂူဆန်တို့ဖြစ်သည်။

“ဒီနေအိမ် အဆောက်အအုံဟာ မူရင်း Fairchild မိသားစုအိမ်ပဲ ဖြစ်ပါတယ်။ Fairchild မိသားစုဟာ Newtown ကို စတင်တည်ထောင်ခဲ့ကြသူတွေထဲမှာ ပါဝင်ပါတယ်” ဟု ဝီလျံ ဒီရိုဆာက ပြောသည်။

ယခုခြံသည် Fairchild မိသားစုလက်ထဲတွင် မျိုးဆက်ပေါင်းများစွာ ပိုင်ဆိုင်ခဲ့ကြပြီး ဝီလျံ ဒီရိုဆာက ယခုခြံကို တွေ့ရှိချိန်တွင် ရုပ်ရှင်လုပ်ငန်းရှင်တစ်ဦးက ပိုင်ဆိုင်ထားသည်။

အဆိုပါလုပ်ငန်းရှင်သည် နယူးယောက်မှ Nantucket သို့ သွားလာသော ခရီးတွင် ယခုနေအိမ်ကို ခရီးတစ်ထောက် နားခိုရာအဖြစ် အသုံးပြုခဲ့သည်။

 

 

(ယာတောခြံကို ၁၇၆၅ ခုနှစ်ခန့်က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

 

(Newton မြို့တွင် တည်ရှိပြီး ခြံအကျယ် ၂ ဒသမ ၅၁ ဧကရှိသည်။ ဓာတ်ပုံ-Realtor)

 

 

(မာရီလင်မွန်ရိုးနှင့် ခင်ပွန်းဖြစ်သူ ပြဇာတ်ရေးဆရာ အာသာမေလာတို့ ဤအခန်းတွင် အရက်သောက်ခဲ့ကြသည်။ ဓာတ်ပုံ-Realtor)

 

 

(တောက်ပသော သစ်အယ်သား ကြမ်းခင်းများ။ ဓာတ်ပုံ-Realtor)

 

Fox Studio မှ အမှုဆောင်တစ်ဦးဖြစ်သူ Walter Hutchinson III က ယခုအိမ်ကို ခရီးတစ်ထောက် နားခိုရာအဖြစ် သုံးရန် ဝယ်ယူခဲ့သည်။

အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်သော အိမ်ဖြစ်သည်။

Hutchinson သည် အနီးဝန်းကျင်မှ အကျော်အမော်တို့ကို သူ၏ Bugatti စေလွှတ်ကာ နေအိမ်သို့ ဖိတ်ခေါ်ပြီး အရက်သောက်စားကာ ရုပ်ရှင်အတူ ကြည့်ခဲ့ကြသည်။

ထိုသို့သော အကျော်အမော်များအနက် မာရီလင်မွန်ရိုးတို့ ဇနီးမောင်နှံလည်း ပါဝင်ခဲ့ပြီး ယခုအိမ်သို့ မကြာခဏ လာရောက်လေ့ရှိသည်ဟုဆိုသည်။

 

 

(တစ်ခုသောလှေကား။ ဓာတ်ပုံ-Realtor)

 

 

(တစ်ခုသောအခန်း။ ဓာတ်ပုံ-Realtor)

 

 

(အမိုးအောက် ထပ်ခိုးနေရာကို မိသားစုနားနေခန်းအဖြစ် ပြောင်းလဲထားသည်။ ဓာတ်ပုံ-Realtor)

 

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

 

(ဆက်စပ်သတင်း)

မာရီလင်မွန်ရိုး မိမိကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပြီး မကျွတ်မလွတ်ဖြစ်ကာ ခြောက်လှန့်နေသည် ဟူသော စံအိမ်ကို လက်ရှိပိုင်ရှင်တို့က ဖြိုချဖျက်သိမ်းရန် တင်ပြလျှောက်ထားပြီ

https://www.imyanmarhouse.com/news/read/1084153

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Connecticut Farmhouse With Secret Prohibition-Era Bar Where Marilyn Monroe and Arthur Miller Drank Is Listed for $1.2 Million Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service