အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည့်ဖြစ်ပုံ - Property News in Myanmar from iMyanmarHouse.com
19 Feb 2025 11:30 am တွင် တင်ခဲ့သည်
709 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည် လူဝီစီယားနားပြည်နယ်တွင် အမျိုးသမီးကြီးတစ်ဦးသည် မိသားစု ရာစုနှစ်ချီကာ ပိုင်ဆိုင်ခဲ့ သော မြေကွက်တစ်ခု အမည်ပေါက် ပြန်လည် ရရှိရန် အပြင်းအထန် ကြိုးစားနေရသည်။

လိမ်လည်ခံရသော အမျိုးသမီးကြီး၏ အမည်မှာ ဒါနီတာ ဘာတစ်စတီ (DaNita Batiste) ဖြစ်သည်။

လူလိမ်တို့က ဘာတစ်စတီ၏ မှတ်ပုံတင်အတုဖြင့် လိမ်လည် ရောင်းချခဲ့ရာတွင် ဝယ်လက်တို့က သံသယမရှိဘဲ ငွေသားဖြင့် ပေးချေကာ ဝယ်ယူသွားခဲ့ခြင်း ဖြစ်သည်။

ယခုဖြစ်ရပ်မှာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတစ်ခုနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ယူဆနေသည်။

ဘာတစ်စတီသည် အသက် ၅၀ ကျော် အရွယ်ရှိပြီး တက္ကဆပ်ပြည်နယ်တွင် နေထိုင်သူ ဖြစ်သည်။

လော့စ်အိန်ဂျလိမြို့ Lake Charles အရပ်ရှိ လိမ်လည်ခံရသော ယခုမြေကွက်ကို မိခင်ကြီး မကွယ်လွန်မီ ၂၀၂၀ ပြည့်နှစ်အတွင်း အမွေရခဲ့ခြင်း ဖြစ်သည်။

“ဒီမြေကွက်ကို ကျွန်မတို့ မိသားစု ဆွေစဉ်မျိုးဆက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀ ဒါမှမဟုတ် ဒါ့ထက် ရှေးကျနိုင်ပါတယ်”ဟု ဘာတစ်စတီက Realtor အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်သို့ ပြောသည်။ မြေကွက်ပေါ်ရှိ နေအိမ်မှာ လော်ရာ ဟာရီကိန်းမုန်တိုင်းကြောင့် ပျက်စီး သွားခဲ့သည်။

ဘာတစ်စတီက ဝင်ငွေရလမ်းရှိစေရန် ထိုမြေကွက်တွင် အငှားနေအိမ် ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။

သို့သော် တစ်လလျှင် ၂ ကြိမ် လူငှားဖြင့် မြက်ရိတ်ခြင်းမှလွဲပြီး အိမ်မဆောက်ဖြစ်။

ထိုမြေကွက်အတွက် အိမ်ခြံမြေအခွန်ကို နှစ်စဉ်ပေးဆောင်ရသည်။ မြေနေရာ ဝယ်ယူရန် ကမ်းလှမ်းသူများ ရှိသော်လည်း ဘာတစ်စတီက မည်သည့်အခါမှ မရောင်းကြောင်း ပြောခဲ့သည်။

နောင်တချိန်တွင် သားသမီးများအား အမွေပေးရန် ရည်မှန်းထားခဲ့သည်။

(လူဝီစီယားနားပြည်နယ်နေ ဘာတစ်စတီအမည်ရှိ အမျိုးသမီးကြီး၏ မြေကွက် လိမ်လည် ရောင်းချခံခဲ့ရသည်။ ဓာတ်ပုံ-Timmy Tim Tim)

ပြီးခဲ့သော ဒီဇင်ဘာလက အိမ်ခြံမြေအခွန်ပေးဆောင်ရန် အွန်လိုင်းမှတဆင့် လုပ်ဆောင်ခဲ့ရာတွင် သူ၏ မြေကွက်မှာ ကန်ဒေါ်လာ ၄၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်ထားသည်ကို တုန်လှုပ်စွာ တွေ့လိုက်ရသည်။

ငွေသားဖြင့် ပေးချေ ဝယ်ယူသွားသူမှာ လူဝီစီယားနား အခြေစိုက် Live Oak Insurance ကုမ္ပဏီမှ ဖြစ်သည်။

ထိုအခါ ဘာတစ်စတီက ထိုကုမ္ပဏီ၏ စီအီးအို Andrew David Hankins ထံ ဆက်သွယ် မေးမြန်းခဲ့သည်။

Andrew က ပြောသည်မှာ လိမ်လည်ရောင်းချသွားသူကို ဘာတစ်စတီဟု မှတ်ထင်ခဲ့ကြောင်း ပြောသည်။

ဘာတစ်စတီနှင့်အင်ဒရူးတို့က ယခုဖြစ်ရပ်ကို ရဲတပ်ဖွဲ့ထံ တိုင်တန်းခဲ့ကြသည်။

ကံကောင်းသည်မှာ အသိမြန်သောကြောင့် အရောင်းအဝယ် ငွေပေးချေထားသည့် ဒေါ်လာ ၄၅၀၀၀ ရှိနေသော ဘဏ်စာရင်းကို အာဏာပိုင်တို့က ထိန်းချုပ်နိုင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Woman reveals how property was stolen in identity theft real estate scam with ties to international crime ring (realtor)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service