လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
14 Feb 2025 10:40 am တွင် တင်ခဲ့သည်
752 ကြိမ် ကြည့်ရှု့ပြီး

ပြီးခဲ့သော ဇန်နဝါရီလအတွင်း တောမီးကြောင့် ပြာကျသွားခဲ့သည့် လော့စ်အိန်ဂျလိမှ နေအိမ်တစ်လုံး၏ မြေနေရာမှာ အိမ်ခြံမြေဈေးကွက်တွင် ဝယ်ယူလိုသူများစွာ အလုအယက် ရှိနေခဲ့သည်။

ဝယ်ယူရန် ကမ်းလှမ်းသူ ၆၀ ဦးကျော် ရှိခဲ့သည်ဟု ဆိုသည်။

 

ကန်ဒေါ်လာ ၉၉၉၀၀၀ ဈေးခေါ်ကာ အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်သော်လည်း ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်သွားသည်။

Pacific Palisades အရပ်တွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်း ရှိခဲ့သော နေအိမ်ဖြစ်ကာ မီးမလောင်မီက ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း တန်ကြေး ရှိခဲ့သည်။ ယခုအခါတွင်မူ မီးခိုးခေါင်းတိုင်ကြီးသာ ရှိသည့် မြေကွက်တစ်ခုအဖြစ်သာ ကျန်ရစ်တော့သည်။

သို့သော် အဆိုပါ နေရာတွင် နေအိမ် ပြန်လည် ဆောက်လုပ်လိုသည့် ရင်းနှီးမြှုပ်နှံလိုသူ များစွာ ရှိနေသည်။

 

(တချိန်က ကန်ဒေါ်လာ ၂ ဒသမ ၇ သန်း တန်ကြေးရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာ ၁ သန်းကျော်သာ ရရှိခဲ့သည်။ ဓာတ်ပုံ-Google Map)

(ရောင်းချသူမှာ အသက် ၇၀ နီးပါးရှိုမုဆိုးမ တစ်ဦး ဖြစ်သည်။ မီးဘေးအာမခံ ကန့်သတ်ချက်များနှင့် ဆောက်လုပ်ရေး စရိတ် မြင့်တက်လာမှုများကြောင့် အိမ်ပြန်ဆောက်မည့်အစား အရှုံးခံရောင်းချရန်သာ ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ-Bloomberg)

 

“သူက အိမ်ပြန်ဆောက်ဖို့၊ ဒီနေရာမှာ ပြန်နေဖို့ စိတ်မဝင်စားတော့ပါဘူး”ဟု ဈေးကွက်တင်ပေးသည့် အကျိုးဆောင် Richard Schulman က ပြောသည်။ အဆိုပါ ဒေသရှိ အိမ်ပိုင်ရှင်များစွာမှာ အလားတူ အခြေအနေမျိုး ရင်ဆိုင်နေရကြောင်းလည်း ၎င်းက ပြောသည်။

လော့စ်အိန်ဂျလိ တောမီးကြောင့် လူအများဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၂၀၀၀ ကျော် ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၆၄ ဘီလီယံခန့် ရှိခဲ့သည်။

 

(တောမီးကြောင့် နေအိမ်ပေါင်း ၁၂၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။ ဓာတ်ပုံ-Barbara Davidson)

 

(လော့စ်အိန်ဂျလိ တောမီးကြောင့် လူအများဆုံး ၂၉ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၂၀၀၀ ကျော် ပျက်စီးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကန်ဒေါ်လာ ၁၆၄ ဘီလီယံခန့် ရှိခဲ့သည်။ ဓာတ်ပုံ-Google Map)

 

(ဝယ်ယူရန် ကမ်းလှမ်းသူ ၆၀ ဦးကျော် ရှိခဲ့သည်ဟု ဆိုသည်။ ကန်ဒေါ်လာ ၉၉၉၀၀၀ ဈေးခေါ်ကာ အရောင်းဈေးကွက် တင်ခဲ့ခြင်းဖြစ်သော်လည်း ဒေါ်လာ ၁ သန်းကျော်ဖြင့် ရောင်းထွက်သွားသည်။ ဓာတ်ပုံ-Bloomberg)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An LA home reduced to rubble in the fires drew more than 60 offers and stands to sell for over $1M

Photo Credit- Bloomberg, Barbara Davidson, Google Maps

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service