ဂျပန်ကုမ္ပဏီတစ်ခုက လူတော်ဝန်ထမ်းသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် အလုပ်တွင် အခမဲ့ အရက်တိုက်မည့်အပြင် အရက်နာကျသောကြောင့် ခွင့်ယူခြင်းများကိုလည်း ခွင့်ပြုမည်ဖြစ်ကြောင်း ကြော်ငြာကာ ဝန်ထမ်းခေါ်ယူလျက်ရှိ

ဂျပန်ကုမ္ပဏီတစ်ခုက လူတော်ဝန်ထမ်းသစ်များကို ဆွဲဆောင်နိုင်ရန်အတွက် အလုပ်တွင် အခမဲ့ အရက်တိုက်မည့်အပြင် အရက်နာကျသောကြောင့် ခွင့်ယူခြင်းများကိုလည်း ခွင့်ပြုမည်ဖြစ်ကြောင်း ကြော်ငြာကာ ဝန်ထမ်းခေါ်ယူလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
10 Feb 2025 12:31 pm တွင် တင်ခဲ့သည်
945 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဂျပန်တွင် နည်းပညာကုမ္ပဏီတစ်ခုသည် မက်လောက်စရာ လစာမပေးနိုင်သောကြောင့် အလုပ်တွင် အခမဲ့ အရက်တိုက်ခြင်း၊ အရက်နာကျပါက ခွင့်ယူခွင့်ပေးခြင်းများကဲ့သို့ တမူဆန်းသစ်သော ခံစားခွင့်မျိုးပေးကာ ဝန်ထမ်းခေါ်ယူလျက်ရှိနေသည်။

၁၉၉၀ ပြည့်လွန် အစောပိုင်းကာလများတွင် စီးပွားရေးပူဖောင်းပေါက်ကွဲသွားခဲ့ပြီးနောက်ပိုင်း ဂျပန်စီးပွားရေးမှာ ဝန်ထမ်းလစာများနည်းတူ တိုးတက်မှုမရှိဘဲ တန့်နေခဲ့သည်။

အရည်အချင်းရှိသည့် ဝန်ထမ်းသစ်များ ဆွဲဆောင်နိုင်ရန်အတွက် ကော်ပိုရေးရှင်းအချို့က လစာများ တိုးမြှင့်ပေးရန် စီစဉ်လာကြသော်လည်း အသေးစားနှင့် အလတ်စား ကုမ္ပဏီများမှာမူ ထိုနည်းလမ်းကို မသုံးနိုင်ကြ။

၎င်းတို့၏ ဘတ်ဂျက် မတတ်နိုင်သောကြောင့် ဖြစ်သည်။

သို့အတွက် ဝန်ထမ်းဆွဲဆောင်နိုင်ရေးတွင် ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် သမားရိုးကျ ဘောင်တွင်းမှ ဖောက်ထွက်ကာ တွေးတောလာရသည်။

ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းတို့ကို သမားရိုးကျမဟုတ်သည့် ခံစားခွင့်များ ကမ်းလှမ်းလာကြသည်။

အိုဆာကာ အခြေစိုက် နည်းပညာကုမ္ပဏီငယ်တစ်ခုသည် ဝန်ထမ်းများကို အလုပ်ချိန်အတွင်း အခမဲ့ အရက်တိုက်ခြင်း၊ အရက်နာကျပါက ခွင့်ယူခွင့်ပေးခြင်းများပြုလုပ်ကာ အလုပ်ခေါ်ယူခဲ့မှုမှာ ဂျပန်လူမှုကွန်ရက်သုံးစွဲသူတို့အကြား နာမည်ကြီးနေသည်။

အလုပ်ချိန်တွင် အရက်သေစာ သောက်စားခြင်းမှာ အများလက်ခံသည့် စံနှုန်းတစ်ခု မဟုတ်ချေ။

သို့သော် အိုဆာကာမြို့၊ Midoribashi အရပ်တွင် အခြေစိုက်သော နည်းပညာကုမ္ပဏီငယ်တစ်ခုဖြစ်သည့် Trust Ring Co.,Ltd တွင်မူ သမားရိုးကျစံနှုန်းများကို ရိုက်ချိုးထားသည်။

ထိုကုမ္ပဏီတွင် အလုပ်ရှင်ကိုယ်တိုင် အလုပ်ခွင်သို့ အရက်များ ယူလာပြီး ဝန်ထမ်းများနှင့် ခွက်ချင်းတိုက်ကာ တပျော်တပါး သောက်စားကြလေ့ရှိသည်။

မိမိသောက်နိုင်သည့် အတိုင်းအတာထက် ကျော်သွားသူများအနေဖြင့် ကုမ္ပဏီမှ တရားဝင်ပေးအပ်ထားသော “အရက်နာ ခွင့်” မှ ခွင့်ရက်များကို ရယူသုံးစွဲနိုင်ပြီး အလုပ်သို့ နောက်ကျမှ လာရောက်ခွင့်ပေးထားကာ မည်သည့်မေးမြန်းမှုမှ ပြုလုပ်မည် မဟုတ်ချေ။

“အရက်နာ..ခွင့်…စနစ်ကို သုံးလိုက်တာကြောင့် ကျွန်မအနေနဲ့ အလုပ်ကို မွန်းတည့် ၁၂ နာရီလောက်မှ သွားလို့ ရပါတယ်” ဟု အဆိုပါကုမ္ပဏီမှ အမျိုးသမီးဝန်ထမ်းတစ်ဦးက Kansai TV သတင်းဌာနသို့ ပြောသည်။

“၂ နာရီ၊ ၃ နာရီလောက် အိပ်ချိန်ပိုရသွားတာကြောင့် အလုပ်ကို ခေါင်းကြည်ကြည်လင်လင်နဲ့ ပြန်လာနိုင်ပါတယ်။ အရင်ကထက် အလုပ်လုပ်ရတာ စွမ်းဆောင်ရည်ပိုကောင်းလာတယ်လို့ ခံစားရပါတယ်”

Trust Ring Co.,Ltd ၏ စီအီးအိုက ရှင်းပြသည်မှာ ဝန်ထမ်းများကို ယခုထက် လစာပိုမပေးနိုင်သောကြောင့် သမားရိုးကျမဟုတ်သော အကျိုးခံစားခွင့်များ ပေးရခြင်းဖြစ်ကြောင်း ပြောသည်။

လစာကိစ္စတွင် ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်ရခြင်းမှာ အနိုင်မရနိုင်သည့် တိုက်ပွဲတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် လူအများ ငွေထက်ပို၍ တန်ဖိုးထားသည့်အရာတို့ဖြင့် ကမ်းလှမ်းရခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ကျွန်တော်တို့ ကုမ္ပဏီမှာ အနိမ့်ဆုံးလစာ ယန်း ၂၂၂၀၀၀ ကနေ စပါတယ်။ အဲဒါက အချိန်ပို နာရီ ၂၀ စာ ပါအပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီလစာနှုန်းက အခြေခံလစာနှုန်းလောက်ပဲ ရှိပါတယ်။” ဟု ကုမ္ပဏီသူဌေးက ပြောသည်။

“အနိမ့်ဆုံးလစာကို ကျွန်တော်တို့ တိုးပေးနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အသေးစား၊ အလတ်စား လုပ်ငန်းတွေအနေနဲ့ အရည်အသွေးရှိတဲ့သူတွေကို ဒီလိုနည်းလမ်းတွေနဲ့ ဆွဲဆောင်ဖို့ အာရုံစိုက်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Japanese Company Offers Free Drinks and Hangover Leave to Attract New Talent

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service