Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မိသားစုပိုင်လျှို့ဝှက် ရတနာတွင်းကြီးကြောင့်ဖြစ်ကြောင်း Elon Musk ၏ ဖခင်က ပြော၊ Elon Musk ကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး သက်သေပြနိုင်သူကို ဆုချီးမြှင့်မည်ဟု စိန်ခေါ်ထား

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မိသားစုပိုင်လျှို့ဝှက် ရတနာတွင်းကြီးကြောင့်ဖြစ်ကြောင်း Elon Musk ၏ ဖခင်က ပြော၊ Elon Musk ကမူ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပြီး သက်သေပြနိုင်သူကို ဆုချီးမြှင့်မည်ဟု စိန်ခေါ်ထား - Property Knowledge in Myanmar from iMyanmarHouse.com
10 Feb 2025 11:22 am တွင် တင်ခဲ့သည်
1007 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

Elon Musk တို့ မိသားစုတွင် တချိန်က ရတနာတွင်းကြီး (မြတွင်း) တစ်ခု ပိုင်ဆိုင်ခဲ့ဖူးကြောင်း အင်တာနက် သတင်းများရှိနေပြီး ထိုသတင်းအပေါ်တွင် အမျိုးမျိုးအဖုံဖုံ ငြင်းခုံပြောဆိုမှုများလည်း ရှိနေသည်။

Elon Musk တို့ မိသားစုပိုင် မြတွင်းကြီးမှာ ဇမ်ဘီယာတွင်ရှိပြီး နိုင်ငံအာဏာပိုင်တို့နှင့် လက်ဆွဲနှုတ်ဆက်ကာ နှုတ်ကတိကဝတ်ဖြင့် လုပ်ငန်းလုပ်ကိုင်ခဲ့သည်ဟုဆိုခြင်း၊ အနာဂတ် ဘီလျံနာသူဌေးကြီးဖြစ်လာစေရန် ထို မြတွင်းမှရသော ရတနာတို့ဖြင့် အုတ်မြစ်အခြေခံခဲ့သည်ဟုဆိုခြင်း အစရှိသည့်အချက်တို့မှာ ဖြစ်နိုင်ချေ နည်းပါးသည်ဟု ယူဆရသော်လည်း Elon Musk တို့ သားအဖ နှစ်ဦးကြားတွင်ပင်လျှင် ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောဆိုမှုများ ကွဲလွဲနေခြင်းမှာ စိတ်ဝင်စားဖွယ် ဖြစ်နေသည်။

Elon Musk က ခါးခါးသီးသီးငြင်းထား၏။

သူ၏ဖခင် Errol Musk ကမူ မြတွင်းရှိခဲ့ကြောင်း ခိုင်ခိုင်မာမာ ပြောထား၏။

ဤတွင် မေးစရာပေါ်သည်။

မည်သူမှန်သနည်း ဟူသော မေးခွန်းပင်။

((မဟုတ်တန်းတရား ဇာတ်လမ်းသာဖြစ်ကြောင်း Elon Musk ပြော))

Elon Musk ကို မေးလျှင်မူ ၎င်းတို့မိသားစုတွင် မြတွင်းကြီးရှိခဲ့သည်ဆိုခြင်းမှာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုသာ ဖြစ်ကြောင်း ပြောလိမ့်မည် ဖြစ်သည်။

Elon Musk က ထိုအကြောင်းကို ခါးခါးသီးသီး ငြင်းထားသည်။

မြတွင်းရှိကြောင်း သက်သေပြနိုင်သည့် မည်သူ့ကိုမဆို Dogecoin (cryptocurrency) တစ်သန်းပေးမည်ဟု Elon Musk က စိန်ခေါ်ထားသည်။

(မှတ်ချက်။ Dogecoin ၏ လက်ရှိပေါက်ဈေးမှာ ၀ ဒသမ ၂ ဒေါ်လာဖြစ်ရာ Dogecoin တစ်သန်း၏ တန်ကြေးမှာ ကန်ဒေါ်လာ ၂၄၀,၀၀၀ ကျော် ဝန်းကျင်ဖြစ်သည်)

မြတွင်းပိုင်သည်ဟူသောသတင်းမှာ လုပ်ကြံဇာတ်လမ်းသာဖြစ်ပြီး အဆိုပါသတင်းပျံ့နှံ့နေမှုအပေါ် အလွန်စိတ်ပျက်မိကြောင်း Elon Musk က ပြောသည်။

သို့သော် Elon Musk သည် တချိန်က မိသားစု အလွန်ချမ်းသာခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ဖူးသည်။

Forbes မဂ္ဂဇင်းကြီးနှင့် ၂၀၁၄ ခုနှစ်က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် Elon Musk က “ကျွန်တော်တို့မှာ ငွေတွေ အရမ်းပေါခဲ့တယ်။ (ငွေတွေများလို့) မီးခံသေတ္တာကိုတောင် ပိတ်လို့ မရခဲ့ဘူး” ဟု ပြောဖူးသည်။

ထိုအချက်အရဆိုလျှင် Elon Musk ၏ အောင်မြင်မှုသို့ သွားရာလမ်းမှာ ပန်းခင်းသောလမ်းဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

[ “မြတွင်းရှိတယ်လို့ သက်သေပြနိုင်ရင် ကျွန်တော် Dogecoin တစ်သန်းပေးပါမယ်။” - Elon Musk (၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၂ ရက်]

((မြတွင်း ပိုင်ခဲ့သည်မှာ တကယ်ဖြစ်ကြောင်း ဖခင်ဖြစ်သူ Errol Musk ၏ ပြောကြားမှု))

အခြားတစ်ဘက်တွင်မူ Elon Musk ၏ ဖခင်ဖြစ်သူ Errol Musk က မိမိတို့ မိသားစုတွင် တချိန်က မြတွင်းရှိခဲ့သည်မှာ တကယ်ဖြစ်ကြောင်း အခိုင်အမာပြောနေသည်။

Errol Musk ၏ ပြောကြားချက်အရ မြတွင်းမှာ အကြီးအကျယ်လုပ်ဆောင်သည့် ကြီးမားလှသော စီမံကိန်းကြီး မဟုတ်ကြောင်း၊ ဇမ်ဘီယာနိုင်ငံမှ သက်ဆိုင်ရာ အာဏာပိုင်တို့နှင့် အလွတ်သဘော သဘောတူလုပ်ဆောင်မှုဖြစ်ကြောင်း ပြောသည်။

ဒေသခံတို့ကို ငှားရမ်းကာ မြတူးဖော်နေသည့် အီတလီလုပ်ငန်းရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရာမှတဆင့် ထိုလုပ်ငန်းကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Errol Musk ၏ ပြောဆိုမှုအရ မြတွင်း တူးဖော်ရာတွင် တရားဝင် စာချုပ်စာတမ်း၊ တရားဝင် မှတ်တမ်းများ မရှိကြောင်း၊ လက်ဆွဲနှုတ်ဆက်ကာ နှုတ်ကတိမျှဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ပြောသည်။

ထိုသို့ တရားဝင် မှတ်တမ်းမှတ်ရာများ မရှိခဲ့ခြင်းကြောင့်လည်း မြတွင်းအကြောင်း အတည်ပြုနိုင်ရန် ခက်နေခြင်း ဖြစ်သည်။

Errol Musk က ပြောသည်မှာ မြတွင်းရသော ကျောက်များကို ရောင်းချကာ ရရှိလာသောငွေများဖြင့် Elon Musk အမေရိကသို့ သွားနိုင်ရေး၊ University of Pennsylvania တွင် ပညာဆည်းပူးနိုင်ရေးအတွက် အသုံးပြုခဲ့ကြောင်း၊ ထို့အပြင် သူ၏ အစောပိုင်း စီးပွားရေးလုပ်ငန်းများကို မြတွင်းမှ ရသောငွေဖြင့် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk’s Father Claims His Son’s Empire Was Built by Their Secret Emerald Mine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service