တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖြစ်သူနှင့် ပြန်လည်ဆုံစည်း၊ ရုပ်ချင်းတူရုံမျှမက ဖျားနာလျှင်ပင် ဆန်းကြယ်စွာ တပြိုင်တည်းဖြစ်လေ့ရှိ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖြစ်သူနှင့် ပြန်လည်ဆုံစည်း၊ ရုပ်ချင်းတူရုံမျှမက ဖျားနာလျှင်ပင် ဆန်းကြယ်စွာ တပြိုင်တည်းဖြစ်လေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
7 Feb 2025 10:35 am တွင် တင်ခဲ့သည်
1916 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ခရီးသည်တစ်ဦးက မိတ်ဆွေရင်းချာတစ်ဦးသဖွယ် မှားယွင်းဆက်ဆံခဲ့ရာမှ အငှားယာဉ်မောင်းမှာ သူ၏ အမြွှာညီအစ်ကို၊ မိဘအရင်းများနှင့် ပြန်လည်ဆုံစည်းခဲ့သည့်ဖြစ်ရပ်မှာ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား ကျော်ကြား ပျံ့နှံ့နေသည်။

အမြွှာညီအစ်ကိုနှစ်ဦးသည် တရုတ်ပြည်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် တုန့်ဖန်းခရိုင်၊ ကွေ့ယမ်မြို့တွင် ဇန်နဝါရီလ ၄ ရက်က ပြန်လည် ဆုံစည်းခဲ့ကြခြင်း ဖြစ်သည်။

အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ ဖန်တင့်ယီသည် နှစ်ပေါင်း ၃၀ အကြာတွင် မိသားစုနှင့် ပြန်လည် ဆုံစည်းခဲ့ခြင်းဖြစ်ပြီး ၎င်း၏ အသက်အရွယ်ကိုမူ မသိရချေ။

ဖန်တင့်ယီသည် ၂၀၁၆ ခုနှစ်အတွင်း ကွေ့ယန်မြို့တွင် အငှားယာဉ်မောင်းနေစဉ် ခရီးသည်တစ်ဦးက ၎င်းအား မိတ်ဟောင်းဆွေဟောင်းများပမာ ဆက်ဆံပြောဆိုလာခဲ့သည်။

ဖန့်တင်ယီသည် ကနဦးတွင် ကြောင်စီစီဖြစ်သွားခဲ့သော်လည်း မိမိအား လူမှားကာ ပြောဆိုနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။

ထိုမှတဆင့် ကာလကြာရှည် ကွဲကွာနေသော အမြွှာညီအစ်ကိုနှင့် ပြန်လည်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

အမြွှာညီအစ်ကိုနှင့် ပထမဆုံး ပြန်လည်ဆုံစည်းခဲ့ပုံကို ဖန်တင့်ယီက ပြောပြသည်မှာ “မှန်ထဲကို ကြည့်နေရသလိုပါပဲ။ ဒီအင်အေ စစ်စရာတောင် မလိုပါဘူး။ ရုပ်ချင်းက ၉၀ ရာခိုင်နှုန်းလောက် တူနေပါတယ်” ဟု ဆိုသည်။

ဆန်းကြယ်သည်မှာ ၎င်းတို့နှစ်ဦးသည် ရုပ်ချင်းတူရုံမျှမက အလေ့အထများလည်း တူညီနေသည်။

တစ်ယောက်တစ်နေရာစီ နေထိုင်ကြသော်လည်း ဖျားနာလျှင် တစ်ပြိုင်တည်း နှစ်ဦးလုံး ဖြစ်ပွားလေ့ရှိသည်။

ထိုသို့ ညီအစ်ကိုရင်းနှစ်ယောက် ပြန်လည်ဆုံစည်းခဲ့ကြသော်လည်း မိဘရင်းများ မည်သည့်နေရာတွင် ရှိသည်ကို မသိကြ။

နှစ်ဦးလုံး၏ လက်ရှိမိဘများမှာ မွေးစားမိဘများ ဖြစ်ကြသည်။

 

 

(နှစ်ပေါင်း ၃၀ အကြာတွင် မိသားစု ပြန်လည်ပေါင်းစည်းခဲ့ကြသည်။ ဓာတ်ပုံ-Weibo)

အထက်ပါဖြစ်ရပ်များ မတိုင်မီ လွန်ခဲ့သော ဆယ်စုနှစ် ၃ ခုခန့်က ၎င်းတို့၏ မိခင်ကြီးသည် ဆေးရုံတစ်ခုတွင် ၎င်းတို့အမြွှာညီအစ်ကိုကို မွေးဖွားခဲ့ခြင်းဖြစ်သည်။

မွေးဖွားပြီးနောက် ဆေးရုံမှ တာဝန်ရှိသူတို့က မိခင်ဖြစ်သူကို ပြောသည်မှာ အမြွှာကလေး၂ ဦးလုံး သေဆုံးသွားပြီဖြစ်ကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ယင်းနောက်ပိုင်း အမြွှာညီအစ်ကို ၂ ဦးမှာ မွေးစားမိဘများထံ တစ်ဦးစီ ကွဲထွက်သွားခဲ့ကြသည်။

ဖန်တင့်ယီကို ပထမဆုံး မွေးစားခဲ့သူမှာ ဆရာဝန်တစ်ဦး ဖြစ်၏။

သို့သော် ဖန်တင့်ယီမှာ တချိန်လုံး ငိုနေသောကြောင့် ဆရာဝန်မှာ စိတ်ပျက်ကာ စုံတွဲတစ်တွဲထံ မွေးစားရန် ပေးခဲ့သည်။

အဆိုပါ စုံတွဲမှာ ဖန်တင့်ယီ၏ လက်ရှိမွေးစားမိဘများပင် ဖြစ်သည်။

၎င်းတို့တွင် သားသမီးမထွန်းကားရာ ဖန်တင့်ယီမှာ တစ်ဦးတည်းသောသားလည်း ဖြစ်သည်။

ဖန်တင့်ယီမှာ မွေးစားသားဖြစ်ကြောင်းကို အသက် ၁၈ နှစ်အရွယ်သို့ ရောက်မှသာ ဆွေမျိုးတစ်ဦးထံမှ သိခဲ့ရသည်။

ဖန်တင့်ယီသည် မိဘရင်းကို လူပျောက်ကြော်ငြာဝက်ဘ်ဆိုက်များမှတဆင့် အကြိမ်ကြိမ် လိုက်လံရှာဖွေခဲ့ သော်လည်း အကြောင်းမထူးခဲ့။

အမြွှာညီအစ်ကိုနှင့် ပြန်လည်ဆုံစည်းချိန်တွင်မူ မိဘရင်းကို ပိုမိုအင်တိုက်အားတိုက်ရှာဖွေရန် ဖန်တင့်ယီ ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလတွင် ဖန်တင့်ယီသည် ၎င်း၏ အချက်အလက်များကို တရုတ်ပြည်ရှိ လူပျောက်ရှာသည့် ဝက်ဘ်ဆိုက်ဖြစ်သော Baby Come Home (တရုတ်ဘာသာအားဖြင့် ပေါင်ပေဟွေ့ကျား) တွင် ဖြည့်သွင်းကာ မိဘရင်းကို ပြန်လည်ရှာဖွေခဲ့ရာ ယခုတစ်ကြိမ်တွင်မူ မိဘရင်းအပြင် အစ်မ ၂ ဦးနှင့်ပါ ပြန်လည်ဆုံစည်းနိုင် ခဲ့သည်။

ဖန်တင့်ယီ၏ အမြွှာညီအစ်ကိုကမူ မိဘရင်းနှင့် ပြန်လည်တွေ့ဆုံရန် ငြင်းပယ်ခဲ့သည်။

ပြီးခဲ့သော ဇန်နဝါရီလ ၄ ရက်တွင် ဖန်တင့်ယီသည် မိသားစုနှင့် ပြန်လည်ဆုံစည်းခဲ့သည်။

ထိုသို့ ပြန်လည်ဆုံစည်းချိန်တွင် ဘေးပတ်လည်၌ လူအုပ်ကြီးရှိနေပြီး ဗွီဒီယိုမှတ်တမ်း တင်ထားခဲ့သည်။

တေးဂီတတီးမှုတ် ဖျော်ဖြေပေးသူများ၊ အထိမ်းအမှတ် စာတန်း ကိုင်ဆွဲပေးသူများဖြင့် ဝန်းရံလျက် ရှိသည်။

“နှစ်ပေါင်း ၃၀ အကြာမှာ ကျွန်မတို့ရဲ့ကလေး အိမ်ကို ပြန်ရောက်လာခဲ့ပါပြီ။ ကျွန်မတို့ သိပ်ဝမ်းသာတာပဲ” ဟု ဖန်တင့်ယီ၏ ဒေါ်လေးက မျက်ရည်လည်ရွှဲဖြင့် ပြောသည်။

 

 

(မိဘရင်းများနှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့သော ဖန်တင့်ယီကို ပန်းများနှင့် တွေ့ရပုံ။ ဓာတ်ပုံ-Weibo)

မိသားစုနှင့် ပြန်လည်ဆုံစည်းရပုံအကြောင်း ဖန်တင့်ယီက Qilu Evening News သတင်းဌာနသို့ ပြောပြသည်မှာ “ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ကျွန်တော်အိပ်လို့တောင် မပျော်ဘူး” ဟု ဆိုသည်။

ဖန်တင့်ယီက ပြောသည်မှာ မွေးစားမိဘများအနေဖြင့် မိမိက မိဘရင်းများအား ရှာဖွေနေသည်ကို အမြဲအားပေးခဲ့ကြောင်း ပြောသည်။

“မွေးစားမိဘတွေက ကျွန်တော့်အပေါ် တော်တော်ကောင်းရှာပါတယ်။ မိဘရင်းတွေ တွေ့သွားပြီဆိုပေမယ့် မွေးစားမိဘတွေနဲ့ ကြားက သံယောဇဉ်ကို ကျွန်တော်ဘယ်တော့မှ ဖြတ်ပစ်မှာ မဟုတ်ပါဘူး။ ဒီမိသားစု ၂ ခုလုံးက ကျွန်တော့်မိသားစုတွေပါ။ နှစ်ဘက်လုံးဆီကို အမြဲတမ်း အလည်အပတ်သွားပါမယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: China cabby mistaken for friend by passenger leads to reunion with twin brother, parents Photo Credit-Weibo

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service