မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည်

မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဘက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားမည့် ဒူဘိုင်းက အံ့မခန်း ဆောက်လုပ်ရေး စီမံကိန်း ၊ အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည် - Property Knowledge in Myanmar from iMyanmarHouse.com
6 Feb 2025 11:57 am တွင် တင်ခဲ့သည်
716 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဒူဘိုင်းကဲ့သို့ မိုးမျှော်တိုက်များ အတိပြီးသော နေရာမျိုးတွင် ဗိသုကာပညာရှင်များအဖို့ တမူကွဲထွက်နေသော မိုးမျှော်တိုက်တစ်လုံး ဒီဇိုင်းဆွဲရန် မလွယ်လှ။

သို့သော် Foster+Partners ဗိသုကာအဖွဲ့ကမူ တမူထူးသော လက်ရာတစ်ခု ဖန်တီးနိုင်ခဲ့သည်။

Foster+Partners အဖွဲ့က မိုးမျှော်တိုက်ကြီး ၂ ခု၏ ထိပ်ဖျားနှစ်ဖက်ကို ကောင်းကင်ရေကူးကန်ဖြင့် ဆက်သွယ်ပေးထားသည့် Penthouse ခန်းတစ်ခု ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

Regent Residences Dubai,Sankari Place ဟု အမည်ပေးထားသည့် အမြွှာမိုးမျှော်တိုက် ၂ လုံးသည် ဒူဘိုင်းမှ Business Bay တွင် တည်ရှိမည် ဖြစ်သည်။

မိုးမျှော်တိုက် ၂ ခုလုံးမှာ အမြင့် ၁၈၀ မီတာ (ပေ ၅၉၀) ရှိမည်ဟု ဆိုသည်။

မိုးမျှော်တိုက် ၂ ခုမှတဆင့် ကြည့်မည်ဆိုလျှင် လက်ရှိကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံအဖြစ် ရပ်တည် နေသော Burj Khalifa အဆောက်အအုံကြီးကို လှမ်းမျှော်တွေ့မြင်ရမည် ဖြစ်သည်။

သို့သော် Burj Khalifa သည် ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံအဖြစ် ကာလကြာရှည် ရပ်တည်နိုင်တော့မည် မဟုတ်ချေ။

ဆော်ဒီအာရေးဘီးယားတွင် လက်ရှိဆောက်လုပ်နေသော JEC Tower မှာ Burj Khalifa ထက် ပိုမိုမြင့်မား မည်ဖြစ်ရာ ဆောက်လုပ်ပြီးစီးပါက JEC မှာ ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံ ဖြစ်လာမည် ဖြစ်သည်။

ယခုအဆောက်အအုံကြီးများတွင် ခမ်းနားမှုသည်ပင်လျှင် ဆောင်ပုဒ်ဖြစ်၏။

တစ်လွှာလျှင် တစ်ခန်းသာ ထားရှိမည်ဖြစ်ရာ အလွန်ကျယ်ကျယ်ဝန်းဝန်း၊ လင်းလင်းချင်းချင်း ရှိမည် ဖြစ်သည်။

အပေါ်ဆုံးထပ်ရှိ ultra penthouse မှာမူ အထူးခြားဆုံးဖြစ်သည်။

အဆိုပါ penthouse မှာ မိုးမျှော်တိုက် ၂ လုံးတွင် ဖြန့်ကျက်ပိုင်ဆိုင်ထားမည်ဖြစ်ပြီး ကောင်းကင်ရေကူးကန်ဖြင့် ချိတ်ဆက်ပေးထားမည် ဖြစ်သည်။

ရာသီဥတု ပြင်းထန်ကြမ်းတမ်းသော အရှေ့အလယ်ပိုင်းကဲ့သို့ ဒေသမျိုးတွင် ကောင်းကင်ရေကူးကန် ဆောက်လုပ်မည်ဖြစ်သောကြောင့် အရည်အသွေးအကောင်းဆုံး ထားရှိဖွယ်ရှိသည်။

ကောင်းကင်ရေကူးကန်၏ အလျားမှာ ၄၃ ပေရှိမည် ဖြစ်သည်။

(Dubai Water Canal ကို စီးမိုးတွေ့မြင်နေရမည့် ကပ်လျက်မိုးမျှော်တိုက်ကြီးများ၏ ဒီဇိုင်းပုံစံ။ ဓာတ်ပုံ-Yahoo)

 

Regent Residences Dubai,Sankari Place အမြွှာမိုးမျှော်တိုက်များကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ် ဆောက်လုပ်သွားရန် ရည်မှန်းထားသည်။

The Foster+ Partners က ဒီဇိုင်းရေးဆွဲသော မိုးမျှော်တိုက်ကြီး ၂ ခုတွင် luxury လူနေခန်း ၆၄ ခန်းသာ ဖွဲ့စည်းပါဝင်မည်ဖြစ်ကြောင်းနှင့် ဆောက်လုပ်စရိတ် ကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျဖွယ်ရှိကြောင်း CNN Report က ဖော်ပြသည်။

မိုးမျှော်တိုက် ၂ လုံး၏ ထိပ်ဆုံးတွင် အထူးဖွဲ့စည်းပါဝင်မည့် penthouse ခန်း၏ ဈေးနှုန်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း အောက်ဘက်အလွှာများရှိ luxury လူနေခန်းများ၏ ဈေးနှုန်းမှာ အနိမ့်ဆုံး ဒေါ်လာ ၁၀ သန်းမှစမည်ဟု သိရသည်။

ယခု စီမံကိန်းကို အိမ်ခြံမြေ developer ဖြစ်သော Sankari က IHG Hotels & Resorts နှင့် ပူးပေါင်း အကောင်အထည်ဖော်မည် ဖြစ်သည်။

အခန်းပိုင်ရှင်များအတွက် သီးသန့်ဓာတ်လှေကားရှိပြီး အခန်းတိုင်းတွင် အိပ်ခန်း ၆ ခန်း၊ ကိုယ်ပိုင် အားကစားလေ့ကျင့်ခန်းမတစ်ခုစီ၊ ရေကူးကန်တစ်ခုစီ ပါဝင်မည်ဟု ဆိုသည်။

(အခန်းတိုင်း၏ လသာဆောင်တွင် ကိုယ်ပိုင်ရေကူးကန်တစ်ခုစီ ပါဝင်မည် ဖြစ်သည်)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Pair of Dubai skyscrapers connected by spectacular sky pool Photo Credit-Yahoo

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service