မလေးရှားအမျိုးသားတစ်ဦးက မိမိကိုယ်ကို လူဆိုးအဖြစ် ဟန်ဆောင်ပေးမည့် ဝန်ဆောင်မှု ပေးလျက်ရှိ၊ အလုပ်အပ်သောအမျိုးသားတို့၏ ချစ်သူမိန်းကလေးများကို ဟန်ဆောင်နှောင့်ယှက်ပေးပြီး ချစ်သူ ယောက်ျားလေးက သူရဲကောင်းအဖြစ် ဝင်ရောက်ကာကွယ်ပေးနိုင်ရန် ဖြစ်

မလေးရှားအမျိုးသားတစ်ဦးက မိမိကိုယ်ကို လူဆိုးအဖြစ် ဟန်ဆောင်ပေးမည့် ဝန်ဆောင်မှု ပေးလျက်ရှိ၊ အလုပ်အပ်သောအမျိုးသားတို့၏ ချစ်သူမိန်းကလေးများကို ဟန်ဆောင်နှောင့်ယှက်ပေးပြီး ချစ်သူ ယောက်ျားလေးက သူရဲကောင်းအဖြစ် ဝင်ရောက်ကာကွယ်ပေးနိုင်ရန် ဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
5 Feb 2025 11:27 am တွင် တင်ခဲ့သည်
760 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မလေးရှားနိုင်ငံတွင် အမျိုးသားတစ်ဦးသည် ဗီလိန်ငှားရမ်းနိုင်သည့် ဝန်ဆောင်မှုတစ်ခု စတင်လုပ်ကိုင်လျက် ရှိသည်။

မိမိတို့၏ ချစ်သူ (သို့မဟုတ်) စိတ်ဝင်စားနေသော မိန်းကလေးများရှေ့တွင် သူရဲကောင်းတစ်ဦးအဖြစ် ရပ်တည်ပြနိုင်ရန် လူဆိုးအဖြစ် ဟန်ဆောင် ပေးခြင်းဖြစ်ပြီး လူမှုကွန်ရက်တွင် စိတ်ဝင်စားသူ များပြားလျက်ရှိသည်။

ဝန်ဆောင်မှုပေးသည့် အမျိုးသား၏ အမည်မှာ ရှာဇလီ ဆူလေမန်ဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်ဖြစ်ကာ မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်း Ipoh မြို့တွင် နေထိုင်သည်။ ဆူလေမန်က သူ၏ ဝန်ဆောင်မှုကို ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်က လူမှုကွန်ရက်တွင် ပြောပြခဲ့သည်။

ဆူလေမန်က ပြောသည်မှာ မိမိထံတွင် အလုပ်အပ်သည့် အမျိုးသားများကို မိမိတို့၏ ယောက်ျားပီသ ရဲရင့်မှုကို ပြသနိုင်ရန်နှင့် ချစ်သူမိန်းကလေးတို့ အထင်ကြီးစေရန် ကူညီပေးနိုင်ကြောင်း ပြောသည်။

“ချစ်သူက ကိုယ့်အပေါ် ပျော့ညံ့တယ်လို့ ထင်နေတာ စိတ်ပျက်နေပါသလား။ သင့်တင့်တဲ့ ဝန်ဆောင်ခပေးမယ်ဆိုရင် ခင်ဗျားတို့ချစ်သူတွေရဲ့ ထင်မြင်ချက် မှားတယ်ဆိုတာ ပြသနိုင်ဖို့ ကျွန်တော် အကူအညီ ပေးနိုင်ပါတယ်” ဟု ဆူလေမန်က လူမှုကွန်ရက်တွင်ရေးသားခဲ့သည်။

မိမိထံတွင် အလုပ်အပ်သော client များအနေဖြင့် အချိန်နှင့် နေရာသာ ပြောပြထားရန်လိုကြောင်း၊ ထိုအချိန် ထိုနေရာသို့ မိမိရောက်ရှိလာကာ client ၏ ချစ်သူကို နှောင့်ယှက်ပေးမည်ဖြစ်ကြောင်း၊ client မှ ချစ်သူ မိန်းကလေးများရှေ့တွင် မိမိကို ဟန့်တားနှိမ်နင်းခွင့် ပေးမည်ဖြစ်ကြောင်းလည်း ဆူလေမန်က ပြောသည်။

(မိမိ၏ ပုံပန်းသွင်ပြင်မှာ လူမိုက်တစ်ဦးနှင့်တူသည်ဟု ပြောဆိုသူများစွာရှိကြောင်း ဆူလေမန်က ပြောသည်။ ဓာတ်ပုံ-Facebook/ Pesakit Sifar Cacar Monyek)

ဆူလေမန်က မီးညှိမထားသည့် စီးကရက်တစ်လိပ်ခဲကာ ဆံပင်ဘုတ်သိိုက်နှင့် ဓာတ်ပုံကိုလည်း မျှဝေခဲ့ပြီး သူ၏ လူမိုက်ဆန်သော ပုံပန်းသွင်ပြင်ကိုလည်း ပြသခဲ့သည်။

ဆူလေမန်ကို လူဆိုးအဖြစ် ဟန်ဆောင်ရန်ငှားရမ်းမည်ဆိုလျှင် ဝန်ဆောင်ခမှာ ရုံးရက်များတွင် ရင်းဂစ် ၁၀၀ (၂၂ ဒေါ်လာ) ၊ ရုံးပိတ်ရက်များတွင် ရင်းဂစ် ၁၅၀ ဖြစ်သည်။

ဆူလေမန် နေထိုင်သော Ipoh မြို့တွင် မဟုတ်ဘဲ အခြားနေရာများတွင် ဝန်ဆောင်မှု ပေးရမည်ဆိုပါက ခရီးသွားလာစရိတ်လည်း ကျခံရမည် ဖြစ်သည်။

“ချစ်သူကောင်လေးက အိမ်သာဝင်နေတဲ့အချိန် ကျွန်တော်က သူ့ကောင်မလေးကို ဟန်ဆောင်နှောင့်ယှက် ခဲ့ပါတယ်။ သူပြန်လာတဲ့အချိန်မှာ သူက သူ့ကောင်မလေးရှေ့မှာ သူရဲကောင်းတစ်ယောက်လိုမျိုး ကျွန်တော့်ကို ရင်ဆိုင်ခဲ့ပါတယ်” ဟု ဆူလေမန်က Ipoh မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် မကြာသေးမီက ဝန်ဆောင်မှုပေးခဲ့ ပုံကို ပြန်ပြောင်းပြောပြသည်။

ဆူလေမန်၏ ထူးခြားသော ဝန်ဆောင်မှုမှာ မလေးရှားလူမှုကွန်ရက်သုံးစွဲသူများအကြား နာမည်ကြီး လူပြောများနေသည်။

သို့သော် သဘောထားထင်မြင်ချက် အမျိုးမျိုးအဖုံဖုံ ကွဲပြားနေသည်။

ဆူလေမန်ကို အားပေးထောက်ခံသူတို့က ဖောက်ထွက်တွေးခေါ်တတ်မှုအပေါ် ချီးကျူးကြသည်။

ဝေဖန်သူတို့ကမူ အခြားသူတို့ကို နှောင့်ယှက်ခြင်းမှာ ဥပဒေနှင့်ငြိစွန်းနေကြောင်း ပြောဆိုကြသည်။

ဆူလေမန်က ၎င်းအား ဝေဖန်သူတို့ကို ပြန်လည်ချေပသည်မှာ မိမိ၏ လုပ်ဆောင်မှုမှာ WWE ပွဲများကဲ့သို့ သရုပ်ပြဟန်ဆောင်မှုတစ်ခုသာဖြစ်ကြောင်း၊ မည်သူမှ ထိခိုက်နစ်နာမှုမရှိကြောင်း၊ မိမိသာလျှင် အရှုံးသမားအဖြစ် သရုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Malaysian man offers ‘villain for hire’ service for clients to play hero in front of partners Photo Credit- Facebook/ Pesakit Sifar Cacar Monyek Cacar Monyek

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service