အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းနေပြီလား

အိမ်ထဲမှာနေရင်း လေထုညစ်ညမ်းနေပြီလား - Property Knowledge in Myanmar from iMyanmarHouse.com
1 Feb 2025 12:04 pm တွင် တင်ခဲ့သည်
494 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

လေထုညစ်ညမ်းတာ (Air Pollution) ဟာ လူတွေကို ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေ အများအပြားပေးနိုင်တဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်ပါတယ်။

ခုနောက်ပိုင်းနှစ်တွေမှာဆိုရင် ရန်ကုန်မြို့ကြီးဟာ လေထုညစ်ညမ်းမှုမြင့်မားလာနေတယ်။ နေလို့၊ အသက်ရှူလို့ မကောင်းတော့ဘူး။ စိတ်ညစ်ညူးဖွယ်မြို့ကြီးဖြစ်လာနေပြီလို့ ဆိုနေကြတယ်မဟုတ်လား။

ဒီတင်လားဆိုတော့ မဟုတ်ပါဘူး။ အာဆီယံဒေသတွင်းတိုင်းပြည်တွေမှာဆိုရင်လည်း ဂျကာတာတို့၊ ဘန်ကောက်တို့ဟာ ဒီလိုပြဿနာမျိုးတွေ ရင်ဆိုင်နေရတဲ့ မြို့တော်ကြီးတွေပါ။

လေထုညစ်ညမ်းမှု မြင့်မားလာရင် ဖျားတာ၊ နာတာ၊ စိတ်ဖိစီးမှုများတာ၊ နှလုံး၊ အဆုတ်ရောဂါတွေနဲ့ ဆဲလ်ပျက်ဆီးမှုမျးတာလိုမျိုး ဝေဒနာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီပြဿနာက ရေရှည်ပြဿနာတစ်မျိုးဖြစ်ပါတယ်။

လူတိုင်းက လေထုညစ်ညမ်းမှုအကြောင်းနဲ့ ဘေးအန္တရာယ်တွေကို သတိထားမိပေမယ့် ကိုယ့်နေအိမ်အတွင်းက လေထုညစ်ညမ်းမှု (Indoor Air Pollution) အကြောင်းကိုတော့ မသိကြတာများပါတယ်။

နေအိမ်တွင်း လေထုညစ်ညမ်းမှုဆိုတာက ပြင်ပလေထုညစ်ညမ်းမှုနဲ့ တိုက်ရိုက် ဆက်စပ်မှုနည်းပါးပြီးတော့ မိမိရဲ့ အိမ်တွင်း အလေ့အထတွေနဲ့ သန့်ရှင်းမှုပြဿနာတွေကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုတစ်မျိုးဖြစ်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုဟာ ပုံမှန်လေထုညစ်ညမ်းမှုလိုပဲ အန္တရာယ်များပြားပြီး လူတွေကို အနီးကပ်ဒုက္ခပေးနိုင်ဆုံး ဘေးအန္တရာယ်တွေထဲက တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုအန္တရာယ်များပြားလှတဲ့ အိမ်တွင်း လေထုညစ်ညမ်းမှုကို တားဆီးနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးချင်ပါတယ်။

အိမ်တွင်းလေထုညစ်ညမ်းမှုကို တားဆီးနိုင်မယ့် နည်းလမ်းများ...

၁။ ပုံမှန်ချိန်တွေမှာ တံခါးတွေ ဖွင့်ထားပါ – ပြတင်းပေါက်တွေ၊ တံခါးတွေ ဖွင့်ထားတာက အိမ်တွင်း လေအဝင်အထွက်စနစ်ကို ကောင်းမွန်စေပြီး အိမ်ထဲက ညစ်ညမ်းနေတဲ့ လေထုကို သန့်စင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၂။ အိမ်ထဲမှာ ဆေးလိပ်သောက်တာကို တားမြစ်ပါ – ဆေးလိပ်ငွေ့ဟာ ကျန်းမာရေးကို ထိခိုက်စေသလို အိမ်တွင်းလေထု ညစ်ညမ်းမှုရဲ့ အဓိကပြဿနာတစ်ခုလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ် အဆုတ်ကင်ဆာ ဝေဒနာနဲ့ သေဆုံးနေသူတွေအများအပြားရှိနေပြီး သူတို့ထဲက ၃၀၀၀ လောက်ဟာ တဆင့်ခံ ဆေးလိပ်ငွေ့ကြောက် ဒီရောဂါကို ခံစားခဲ့ကြရတာဖြစ်ပါတယ်။

 

၃။ အိမ်မွေးတိရစ္ဆာန်တွေကို ပုံမှန် ရေချိုးသန့်ပေးပါ – အိမ်မွေးတိရစ္ဆာန်တွေဟာလည်း အိမ်တွင်းမှာ မသန့်ရှင်းအောင် လေထုညစ်ညမ်းအောင် လုပ်နိုင်ပါတယ်။ အထူးသဖြင့် ပုံမှန် ရေမချိုးပေးရင် သူတို့ရဲ့ အနံ့အသက်တွေဟာ လူတွေကို အနှောင့်အယှက်ပြုနိုင်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေကို အိပ်ယာထဲ ခေါ်သိပ်တာမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

၄။ လေစုပ် ပန်ကာသုံးပါ – အိမ်သာ၊ ရေချိုးခန်းနဲ့ မီးဖိုချောင်တွေမှာ လေစုပ်ပန်ကာတပ်ဆင်တာက အိမ်တွင်း လေထုညစ်ညမ်းမှုကို ကောင်းကောင်း လျှော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် ပြတင်းပေါက် မပါဝင်တဲ့ တိုက်ခန်းမျိုးတွေမှာ နေထိုင်သူတွေအနေနဲ့ လေစုပ် ပန်ကာ မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။

၅။ ခြေသုတ်ခုံ ထားပါ – အိမ်အဝမှာ ခြေသုတ်ခုံထားတာဟာ ဖိနပ်နဲ့ ခြေထောက်က အညစ်အကြေးတွေနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ခြေထောက်မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေဟာ အိမ်တွင်းမှာ အညစ်ထေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ နောက်ပြီး ဖိနပ်ကို အိမ်ထဲအထိ စီးတာမျိုးကိုလည်း တားမြစ်သင့်ပါတယ်။

၆။ Air Filters တွေကို ပုံမှန်လဲလှယ်ပါ – တကယ်လို့ အိမ်မှာ အပူပေးစနစ် ဒါမှမဟုတ် အအေးပေးစနစ်တွေ ရှိတယ်ဆိုရင် Air Filters တွေ တပ်ဆင်ထားဖို့ လိုအပ်ပါတယ်။ Air Filters တွေဟာ မသန့်စင်တဲ့ လေထုနဲ့ ဆေးလိပ်ငွေ့တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၇။ မီးဖိုကနေ မီးတောက်ကြီးတွေ မထအောင် သတိထားပါ – မီးဖိုချောင်မှာ ချက်ပြုတ်ရာမှာ မီးတောက်မထစေတဲ့ နည်းလမ်းတွေကို သုံးစွဲသင့်ပါတယ်။ ထင်း၊ မီးသွေး၊ မီးဖိုတွေကနေ ထွက်ရှိတဲ့ မီးတောက်တွေဟာ လှပေမယ့် အန္တရာယ်လည်းများလှပါတယ်။ မီးဘေးအန္တရာယ်တင်မကပါဘူး၊ သူတို့ဆီကနေထွက်ရှိတဲ့ မီးခိုးငွေ့တွေဟာလည်း လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

၈။ အိမ်မှာ အမွှေးခဲ ထားတဲ့အကျင့်ကို ပြင်ပါ – မော်တော်ယာဉ်၊ အိမ်သာကနေစလို့ အိမ်တွင်းက နေရာအတော်များများမှာ အမွှေးခဲထားပေးတာဟာ ဒီကနေ့ခေတ်မှာ ခေတ်စားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။ တကယ်တမ်းမှာ ဒီနည်းလမ်းဟာ ကျန်းမာရေးအတွက် အထောက်အကူမပြုပါဘူး။ အထူးသဖြင့် ရင်ကျပ်ဝေဒနာသည်တွေကို ပိုမိုထိခိုက်စေနိုင်ပါတယ်။

၉။ မကြာခန ဖုန်စုပ်ပေးပါ – အိမ်မှာ အိမ်မွေးတိရစ္ဆာန်တစ်မျိုးမျိုးမွေးမြူထားမယ်ဆိုရင် ဖုန်စုပ်စက်လည်း ဆောင်ထားသင့်ပါတယ်။ တိရိစ္ဆာန်အမွှေးအမြင်တွေဟာ အိမ်ထဲမှာ ပျံ့နှံ့နေနိုင်ပြီး ကျန်းမာရေးနဲ့ လေထုသန့်စင်မှု အရည်အသွေးကို ကျဆင်းစေတာကြောင့်ဖြစ်ပါတယ်။

 

၁၀။ Microfiber သား အဝတ်စကို သုံးစွဲပါ – Microfiber သား ဖုန်သုတ်စ၊ အဝတ်စတွေဟာ မိုဘိုင်းဖုန်းမျက်နှာပြင်တွေကို သုတ်သင် သန့်စင်ပေးရုံတင်မကပါဘူး။ ပိုမိုအရွယ်အစားကြီးမားတဲ့ အစတွေဟာ နေအိမ်ကို ဖုန်ကင်းစင်အောင် သန့်ရှင်းရာမှာ အတော်လေး အထောက်အကူပြုပါတယ်။

၁၁။ ကောဇောသုံးတာ လျှော့ပါ – ကောဇောတွေဟာ လှပခန့်ညားမှုနဲ့ ကြွယ်ဝမှုရဲ့ သရုပ်သကန်ဖြစ်ပါတယ်။ ကောဇောက တန်ကြေးကြီးလေလေ ဒီသဘောသဘာဝကို ပိုမိုဖော်ပြနိုင်လေလေပါပဲ။ ဒါပေမယ့် တစ်ဖက်မှာလည်း ကော်ဇောတွေဟာ ဖုန်တွေ၊ တိရစ္ဆာန် အညစ်အကြေးတွေ၊ အမှိုက်အစအနတွေကို အများဆုံး စုဆောင်းထားနိုင်တဲ့ အရာဖြစ်နေပြန်ပါတယ်။ မိမိရဲ့ နေအိမ်မှာ ကောဇောတွေ အသုံးပြုနေမယ်ဆိုရင် အသုံးပြုမှုနှုန်းကို လျှော့ချဖို့ လိုအပ်ပါတယ်။ ကော်ဇောအသုံးပြုမယ့်အစား မာကြောတဲ့ ကြမ်းပြင်မျိုးကိုသာ အဓိကထား သုံးစွဲသင့်ပါတယ်။

၁၂။ နေအိမ်ကို ခြောက်သွေ့သန့်ရှင်းအောင် ထားပါ – ဘယ်နေရာမှာမဆို စိုစွတ်နေတာဟာ မသန့်ရှင်းမှုတွေ ရှိနေဖို့ ရာခိုင်နှုန်းပိုများပါတယ်။ ဘက်တီးရီးယားတွေလို၊ မှိုတွေလို လူကို ဒုက္ခပေးနိုင်တဲ့ အရာတွေ တွယ်ငြိဖို့ ပိုဖြစ်နိုင်ချေများပါလိမ့်မယ်။ နေအိမ်ကို သန့်သန့်ရှင်းရှင်း ခြောက်ခြောက်သွေ့သွေ့ထားတာက သန့်ရှင်းတဲ့ လေထုကို ပိုင်ဆိုင်နိုင်ဖို့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

၁၃။ ဓာတုဗေဒပစ္စည်းတွေရှိရင် သီးခြား ခွဲခြားသိမ်းဆည်းထားပါ – နေအိမ်မှာ ဓာတုဗေဒပစ္စည်းတွေ ရှိနေမယ်ဆိုရင် သေချာစနစ်တကျ ထုပ်ပိုးသိမ်းဆည်းထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ အထူးသဖြင့် လူနေများတဲ့ နေရာတွေနဲ့ ကင်းဝေးတဲ့နေရာမျိုးမှာ သီးခြားထားတာက အကောင်းဆုံးပါပဲ။ အဆိုပါ ပစ္စည်းတွေကို သန့်စင်မယ်ဆိုရင်လဲ ဗီနီဂါအဖြူနဲ့ ရေကို ရောစပ်ပြီး အသုံးပြု သန့်စင်ပေးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service