Track 61 (သို့မဟုတ်) နယူးယောက်မြို့လယ် ကမ္ဘာကျော် ဟိုတယ်ကြီး တစ်ခုအောက်က စွန့်ပစ်ခံ လျှို့ဝှက် မြေအောက် ဘူတာရုံ၊ အမေရိကန်သမ္မတများ အသုံးပြုရန် ထားရှိသော လျှို့ဝှက် ဘူတာရုံဖြစ်

Track 61 (သို့မဟုတ်) နယူးယောက်မြို့လယ် ကမ္ဘာကျော် ဟိုတယ်ကြီး တစ်ခုအောက်က စွန့်ပစ်ခံ လျှို့ဝှက် မြေအောက် ဘူတာရုံ၊ အမေရိကန်သမ္မတများ အသုံးပြုရန် ထားရှိသော လျှို့ဝှက် ဘူတာရုံဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
30 Jan 2025 10:34 am တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အမေရိကန်ပြည်၊ နယူးယောက်မြို့လယ်ရှိ Waldorf-Astoria ဟိုတယ်ကြီးအောက်တွင် စွန့်ပစ်ခံ မြေအောက် ဘူတာရုံတစ်ခုရှိပြီး အမေရိကန် သမ္မတများ လျှို့ဝှက်စွာ အသုံးပြုခဲ့ကြသည်ဟု ဆိုသည်။

Track 61 အရှေ့ ၄၉ လမ်း၊ အမှတ် ၁၀၁ - ၁၂၁ နယူးယောက်၊ နယူးယောက်ပြည်နယ် ၊ 10017 အမေရိကန်ပြည်။

တည်နေရာ ကိုသြဒိနိတ်- 40.756337,-73.973509

နယူးယောက်မြို့တွင် စွန့်ပစ်ခံ ရထားဘူတာများ အများအပြား ရှိသည်။

အဆိုပါ ဘူတာများနှင့် Track 61 တို့ မတူသည့်အချက်မှာ Track 61 မှာ နယူးယောက်မြို့သို့ အမေရိကန် သမ္မတများ လာရောက်ရာတွင် လျှို့ဝှက်စွာ အသုံးပြုနေဆဲ ဖြစ်သည်ဟူသော သတင်းများ ရှိသည်။

Track 61 ကို လုံးလုံးလျားလျား စွန့်ပစ်ခဲ့ခြင်း မရှိချေ။

အဆိုပါ ဘူတာကို အဓိကရည်ရွယ် ဆောက်လုပ်ခဲ့သည်မှာ နယူးယောက်မြို့ရှိ ဗဟိုရထား ဌာနမှ အသုံးမပြုသော ရထားတွဲများ ထားရှိရန် နေရာအဖြစ် ရည်ရွယ်ခဲ့ခြင်းဖြစ်ပြီး အများပြည်သူတို့ အသုံးပြုသည့် ဘူတာရုံတစ်ခု မဟုတ်ချေ။

Track 61 သည် နယူးယောက်မြို့ မြေအောက်ရထားလိုင်း၏ အစိတ်အပိုင်းတစ်ခုမဟုတ်။

Track 61 မှာ များစွာ အသုံးပြုထိန်းသိမ်း စောင့်ရှောက်မှု မရှိသောကြောင့် ဖုန်ထူနေကာ ခေတ်ဟောင်းရထားတွဲကြီးတစ်ခု ယနေ့တိုင် ရပ်တန့်ထားသည်။

သို့သော် အဆိုပါ ဘူတာမှာ အမေရိကန် သမ္မတများအား သီးသန့် ပို့ဆောင်ပေးသည့်နေရာအဖြစ် နာမည်ကြီးနေသည်။

Track 61 အသုံးပြုမှုနှင့် စပ်လျဉ်းပြီး အစောဆုံး တွေ့ရှိရသည့် သတင်းမှာ အမေရိကန်သမ္မတ ဖရန်ကလင် ဒီ ရုစဗဲ့ လက်ထက်က သမ္မတ၏ ကားကို အဆိုပါ ဘူတာသို့ ပို့ဆောင်ခဲ့သည်ဟူသော သတင်းများ ရှိသည်။

ထို့နောက် သမ္မ၏ ကားကို Waldorf ဟိုတယ်ကြီး၏ ကားဂိုဒေါင်ရှိရာသို့ ပို့ဆောင်ထားရှိခဲ့သည်။

သမ္မတ ရူစဗဲ့သည် အသက် ၃၉ နှစ်အရွယ် ၁၉၂၁ ခုနှစ်တွင် ပိုလီယိုရောဂါ ခံစားခဲ့ကြရာ အခြေအနေ ဆိုးရွားမှုကို ဖုံးကွယ်ထားရန်အတွက် Track 61 မှတဆင့် အဝင်အထွက် ပြုလုပ်ခဲ့သည်ဟူသော ကောလာဟလများ ရှိသည်။

Track 61 သည် နှစ်ပေါင်းများစွာ ကာလအတွင်း အမေရိကန် သမ္မတ အချို့ လျှို့ဝှက် သွားလာခဲ့ဖူးသည်ဟု ယူဆရသည်။

အတည်ပြုနိုင်သည့်အချက်မှာ အမေရိကန် သမ္မတ ဂျော့ချ် ဒဗလျူ ဘုရှ်သည် Waldorf ဟိုတယ်ကြီးတွင် ပြုလုပ်သော အစည်းအဝေးသို့ လာရောက်ရာတွင် Track 61 ကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန် စစ်ဘက် ဗိုလ်ချုပ်ကြီးများမှသည် အကျော်အမော်များအထိ Track 61မှ တဆင့် လျှို့ဝှက် သွားလာခဲ့ကြသည့် သတင်းများ ရှိသော်လည်း အတည်ပြုနိုင်ရန် ခက်ခဲသည်။

သို့သော် Waldorf ဟိုတယ်ကြီး၏ Street Level တွင် ကြေးဝါတံခါးကြီးတစ်ခု ရှိသည်။ ထိုတံခါးမှတဆင့် Track 61 ဆီသို့ ပေါက်ရာ ယနေ့တိုင် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦး အသုံးပြုနေဆဲဖြစ်ကြောင်း သက်သေ ပြနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Track 61

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service