ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင်

ဂျာမနီမှ အမျိုးသားတစ်ဦးက ရေအောက်အိမ်ငယ်လေးတွင် ရက်ပေါင်း ၁၂၀ နေထိုင်ကာ ကမ္ဘာ့စံချိန်တင် - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2025 2:10 pm တွင် တင်ခဲ့သည်
620 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဂျာမနီနိုင်ငံသား လေကြောင်းအင်ဂျင်နီယာတစ်ဦးသည် ပနားမားနိုင်ငံ၏ ကမ်းလွန်ပင်လယ်ရေအောက်တွင် Capsule အိမ်ငယ်ဖြင့် ရက်ပေါင်း ၁၂၀ နေထိုင်ခဲ့ရာ

depressurisation မရှိဘဲ ကမ္ဘာ့အချိန်အကြာဆုံး ရေအောက် နေထိုင်သူအဖြစ် စံချိန်တင်ခဲ့သည်။

၎င်း၏ အမည်မှာ ရူဒီဂါ ကို့ခ် (Rudiger Koch) ဖြစ်ပြီး အသက် ၅၉ နှစ် အရွယ် ဖြစ်သည်။

ရူဒီဂါသည် အကျယ်အဝန်း ၃၀ စတုရန်းမီတာ (စတုရန်းပေ ၃၂၀) ရှိ ရေအောက်အိမ်ဖြင့် ရေပေါ်သို့ ပြန်တက်လာချိန်တွင် ဂင်းနက်စ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့မှ အကဲဖြတ် အမျိုးသမီး ဆူဇန်နာ ရေးယက်စ် ရှိနေခဲ့သည်။

ရူဒီဂါသည် အမေရိကန်နိုင်ငံသား ယိုဆက် ဒီတူရီ၏ ယခင်စံချိန်ကို ဖြတ်ကျော်ခဲ့ကြောင်း ဆူဇန်နာက အတည်ပြုသည်။

ဒီတူရီသည် ဖလော်ရီဒါပြည်နယ်ရှိ ရေကန်ကြီးတစ်ခုတွင် ရေအောက်အိမ်တစ်ခု၌ ရက်ပေါင်း ၁၀၀ နေထိုင်ကာ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

“ကြီးမားတဲ့ စွန့်စားခန်းတစ်ခုပါပဲ။ ကျွန်တော် ရေအောက်မှာ ဖြတ်သန်းရတာ နှစ်သက်ပျော်ရွှင်ခဲ့ပါတယ်”ဟု ရူဒီဂါက ရေအောက်အိမ်မှ ထွက်လာပြီးနောက် AFP သတင်းဌာနသို့ ပြောသည်။

“အရာအားလုံး တိတ်ဆိတ်မှောင်မဲပြီး ပင်လယ်ပြင်က အရောင်တောက်နေတာဟာ သိပ်ကို လှပါတယ်”ဟု ရူဒီဂါက ရေအောက် Capsule အိမ်၏ ပြတင်းမှ ကြည့်ရင်း ပြောသည်။

“ရှင်းပြဖို့တော့ မလွယ်ဘူး။ ကိုယ်တိုင်ကြုံမှ သိမှာပါ။”

ရူဒီဂါသည် အောင်ပွဲခံသည့်အနေဖြင့် ရှန်ပိန်တစ်ချက် မော့လိုက်ကာ စီးကရက် ၁ လိပ် သောက်ပြီးနောက် ကာရစ်ဘီယံ ပင်လယ်ထဲသို့ ခုန်ချသွားသည်။

လှေတစ်စင်းက ၎င်းကို ခေါ်ဆောင်သွားပြီး ကမ်းကပ်ပြီးလျှင် အောင်ပွဲခံကြမည် ဖြစ်သည်။

ရူဒီဂါ၏ ရေအောက်အိမ်ငယ်တွင် အိပ်ရာ၊ အိမ်သာ ၊ ရုပ်မြင်သံကြားစက်၊ ကွန်ပြူတာ၊ အင်တာနက်နှင့် လေ့ကျင့်ခန်းလုပ်သည့် စက်ဘီးတစ်စီးလျှင်ပင် ပါဝင်သည်။

သူ၏ ရေအောက်အိမ်သည် ပနားမားနိုင်ငံ မြောက်ဘက် ကမ်းရိုးတန်းမှ လှေဖြင့်သွားလျှင် ၁၅ မိနစ်ခန့် သွားရသည့် နေရာတွင် တည်ရှိသည်။

ရေအောက် Capsule အိမ်ကို ရေပေါ်ရှိ အခန်းတစ်ခုနှင့် ပြွန်တစ်ခုဖြင့် ဆက်သွယ်ထားသည်။

ပြွန်ထဲတွင် ခရုပတ်လှေကားတစ်ခု တပ်ဆင်ထားပြီး ရူဒီဂါ၏ အိမ်ရှိရာသို့ ဆင်းသက်နိုင်ကာ အစားအသောက်များ ပို့ဆောင်ပေးသည်။

ဆရာဝန်ကလည်း ကျန်းမာရေး လာရောက်ကြည့်ရှုပေးသည်။

ရေပြင်ပေါ်ရှိ ဆိုလာပြားများမှ တဆင့် လျှပ်စစ်ဓာတ်အား ရယူသည်။

Backup Generator တစ်ခုလည်း ရှိသည်။

 

(ရူဒီဂါ၏ ရေအောက်အိမ် အပေါ်ဆီတွင် တည်ရှိသော Seapod Alpha Deep ဟု အမည်ပေးထားသည့် ရေပေါ်အိမ်။)

 

ရူဒီဂါ၏ ရေအောက်အိမ်ထဲတွင် ကင်မရာ ၄ လုံး တပ်ဆင်ထားပြီး သူ၏ နေ့စဉ်ဘဝ၊ စိတ်ကျန်းမာရေးတို့ကို စောင့်ကြည့်သည်။

ထို့အပြင် ထိုကင်မရာများမှာ ရူဒီဂါ ရေပေါ်သို့ လုံးဝ တက်မလာကြောင်း သက်သေ အထောက်အထားလည်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service