တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား

တရုတ်ပြည်မှာ တိမ်တွေပေါ်က ဖြတ်သန်းမောင်းနှင်ရတဲ့ အံ့မခန်းတံတားကြီး၊ ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံး တောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထား - Property Knowledge in Myanmar from iMyanmarHouse.com
31 Jan 2025 2:06 pm တွင် တင်ခဲ့သည်
645 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တရုတ်ပြည်၏ ဗိသုကာပညာအဆင့်အတန်းမှာ မြင့်သည်ထက်မြင့်လာသည်။

တရုတ်ပြည် တောင်တန်းထူထပ်သည့် ပြည်နယ်တစ်ခုဖြစ်သော ဟူနန်ပြည်နယ်တွင် အိုင်ကျိုင်း (矮寨) အမည်ရှိ သံမဏိကြိုးတံတားကြီးတစ်ခု ရှိသည်။

New China TV က ဖော်ပြသော ဗွီဒီယိုဖိုင်တစ်ခုတွင် ရင်သပ်ရှုမောဖွယ်ခမ်းနားလှသော တံတားကြီး၏ အလှကို တွေ့ရပြီး သတင်းမီဒီယာတို့က ကမ္ဘာပေါ်တွင်အလှပဆုံးတံတားဟု တင်စားကြသည်။

အိုင်ကျိုင်းတံတားကြီးသည် ကမ္ဘာ့အမြင့်မားဆုံးနှင့် အရှည်လျားဆုံးတောင်ကြားကြိုးတံတားအဖြစ် ဂင်းနက်စံချိန်တင်ထားသည်။

ဂင်းနက်စံချိန်မှတ်တမ်းတွင် ဖော်ပြထားသော အိုင်ကျိုင်း၏ အထင်ကြီးလောက်ဖွယ် အချက်အလက်များမှာ ပင်မတံတား၏အလျား ၁၁၇၆ မီတာ (၃၈၅၈ ပေ) နှင့် deck ၏ အမြင့် ၃၃၆ မီတာ (၁၁၀၂ ပေ) ရှိကြောင်း သိရသည်။

(တောင်စောင်း ၂ ခု၏ ဥမင်များအကြား ဆက်သွယ်ပေးထားခြင်းဖြစ်သည်)

 

(ဒယ်ဟန်ချောက်ကမ်းပါး德夯 အမည်ရှိ တောတောင်ထူထပ်သော တောင်ကြားတစ်ခုတွင် တည်ရှိသည်)

မီးခိုးရောင်၊ လိမ္မော်ရောင်တိို့ အသုံးပြုကာ ဆောက်လုပ်ထားသော သံမဏိကြိုးတံတားကြီးသည် ချာတုံးမြို့နှင့် ကျီးရှော်မြို့များကြား ဆက်သွယ်ပေးထားခြင်းဖြစ်သည်။

၄ လမ်းသွား တံတားကြီးဖြစ်ပြီး ယခင်က ၄ နာရီသွားရသည့် ခရီးကို တစ်နာရီအောက်ဖြင့် သွားနိုင်ပြီ ဖြစ်သည်။

ဂင်းနက်စံချိန်တင် အိုင်ကျိုင်းတံတားကြီးကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးခဲ့သည်။

တံတားပြီးစီးချိန် ၂၀၁၂ ခုနှစ် နှစ်ဆန်းကာလ နွေဦးပွဲတော်တွင် ခြေလျင်သွားလာသူများကို စတင်ဖြတ်သန်းခွင့်ပေးခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လတွင် ယာဉ်များဖြတ်သန်းရန် တရားဝင်ဖွင့်လှစ်ပေးခဲ့သည်။

နေ့စဉ်ဖြတ်သန်းသွားလာနေကြသော တရုတ်ပြည်သူတို့မှာ တိမ်တိုက်များအကြား သွားလာရသည့် အံ့မခန်း အတွေ့အကြုံကို ရစေသော ကမ္ဘာ့အမြင့်မားဆုံး တံတားကြီးလည်း ဖြစ်သည်။

အိုင်ကျိုင်းတံတားကြီးသည် တရုတ်ဗိသုကာ၏ အထင်ကရပြယုဂ်တစ်ခုဖြစ်သည့်အပြင် လျင်မြန်သည့်အဟုန်ဖြင့် တိုးတက်နေသည့် တရုတ်ပြည်၏ လားရာကို ပြသနေသည်။

 

(ကျီးရှော်-ချာတုံး အဝေးပြေးလမ်းပေါ်တွင်တည်ရှိပြီး မူလက ၄ နာရီသွားရသည့်ခရီးကို တစ်နာရီဖြင့် သွားနိုင်ပြီ ဖြစ်သည်)

 

(အိုင်ကျိုင်းတံတားကြီးတွင် မီးလုံးပေါင်း ၁၈၈၈ လုံးတပ်ဆင်ပေးထားပြီး ခြေလျင်သွားသူများအတွက်လည်း ကျယ်ဝန်းသော လူသွားလမ်းတစ်ခု ပါဝင်သည်)

ဆောက်လုပ်မှုကုန်ကျစရိတ်အဖြစ် ထိုခေတ်ငွေ ကန်ဒေါ်လာ သန်း ၂၁၀ ကုန်ကျခဲ့ပြီး ကျဉ်းမြောင်း၊ မတ်စောက်ကာ လေထန်လှသောနေရာတွင် ဆောက်လုပ်ထားခြင်းဖြစ်သောကြောင့် masterpiece တစ်ခုဟုလည်း ဆိုနိုင်သည်။

(အိုင်ကျိုးတံတားကြီး၏ အချက်အလက်များ))

● Deck ၏ အမြင့်- ဒယ်ဟန်ချောက်၏ အထက် ၃၃၆ မီတာ (၁၁၀၂ ပေ) ● Tower တစ်ခုနှင့်တစ်ခုကြား အလျား- ၁၁၇၆ မီတာ (၃၈၅၈ ပေ) ● စုစုပေါင်းအလျား- ၁၅၃၄ မီတာ (၅၀၃၃ ပေ) ● စတင်ဆောက်လုပ်သည့်ကာလ- ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ● ဆောက်လုပ်ပြီးစီးသည့်ကာလ- ၂၀၁၂ ခုနှစ်၊ မတ်လ

(ရင်းမြစ်-ဂင်းနက်စံချိန်မှတ်တမ်း)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Driving above the clouds: Spectacular footage shows China's £170 million record-breaking bridge built over a whopping 1,100ft drop

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service