ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ - Property News in Myanmar from iMyanmarHouse.com
29 Jan 2025 2:28 pm တွင် တင်ခဲ့သည်
799 ကြိမ် ကြည့်ရှု့ပြီး

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ်၌ လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။

ဘရစ္စတိုးမြို့ရှိ အဆိုပါ နေအိမ်မှာ ကြည့်လိုက်ရုံနှင့်ပင် အလွန်ကျဉ်းမြောင်းကြောင်း ထင်ရှားနေရာ အလွန်လူကောင်သေးသူများသာ နေထိုင်နိုင်မည့် သဘောရှိသည်။

(ဘရစ္စတိုးမြို့ Fishponds အရပ် ၊ New Station လမ်းရှိ နေအိမ်မှာ မယုံနိုင်အောင် ကျဉ်းမြောင်းလှသည်။ ဓာတ်ပုံ-BPM)

(အကျဉ်းဆုံး နေရာတွင် ၃ ပေ သာ ရှိသည်။ ဓာတ်ပုံ-BPM)

(New Station လမ်း၊ အမှတ် ၂၈-၃၂ တွင် တည်ရှိသော နေအိမ်မှာ ဒေသခံများအတွက် အံ့အားသင့်ဖွယ် ဖြစ်နေသည်။ ဓာတ်ပုံ-BPM)

အုတ်နံရံ ၂ ဘက်ကြား ၃ ပေမျှသာ ကွာခြားကာ ပါးလျလွန်းသော နေအိမ်အဆောက်အအုံမှာ လူနေရန်ပင် မဖြစ်နိုင်ဟု မှတ်ထင်ရသည်။

ယခုအိမ်မှာ ဘရစ္စတိုး၏ အထူးဆန်းဆုံးနေအိမ်များတွင် တစ်ခုအပါအဝင် ဖြစ်နေသည်။ ပုံပန်းသွင်ပြင် ထူးဆန်းလှသော နေအိမ်မှာ အွန်လိုင်းတွင် ကျော်ကြားပျံ့နှံ့နေသည့်အပြင် ဒေသခံတို့အကြား ပြောစမှတ်တွင်နေသည်မှာလည်း နှစ်ပေါင်းအတန်ကြာခဲ့ပြီ ဖြစ်သည်။

နေအိမ်အဆောက်အအုံကို မတူညီသော ဒေါင့်အမျိုးမျိုးမှ ကြည့်မည်ဆိုလျှင် နေအိမ်မှာ အပြားပုံစံမဟုတ်ဘဲ သပ်ပုံသဏ္ဍာန် တြိဂံအသွင်ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။ အဆောက်အအုံ၏ အခြားတစ်ဘက်စွန်းမှာ ပိုမိုကျယ်ဝန်းရာ တစ်အိမ်လုံး ကျဉ်းမြောင်းသည်ကား မဟုတ်ချေ။

အိမ်၏ အကျဉ်းဆုံးနေရာမှာ ရေဆွဲအိမ်သာမှ ရေတိုင်ကီနေရာအကျယ်အဝန်းသာရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ Andy Bollan က ပြောသည်။

အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်မှာ ယခုအဆောက်အအုံနှင့် ပုံစံတူသည့် တစ်ခုတည်းသော အဆောက်အအုံမှာ နယူးယောက်မြို့ရှိ Flatiron အဆောက်အအုံဖြစ်ကြောင်း ပြောသည်။

“မျက်စိ စပါးမွှေးစူးစရာကောင်းတယ်လို့ မထင်ပါဘူး။ ဒီအဆောက်အအုံမှာ လူတွေဘယ်လိုနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ အရမ်းကျဉ်းလွန်းပါတယ်” ဟု ၎င်းက ပြောသည်။

(အဆောက်အအုံတစ်ခုလုံး ကျဉ်းမြောင်းသည်ကား မဟုတ်ချေ။ ဓာတ်ပုံ-Google Maps)

(အချို့ရှုထောင့်မှ ကြည့်လျှင်မူ မယုံနိုင်အောင် ကျဉ်းမြောင်းလှသည်။ ဓာတ်ပုံ-BPM)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside Britain’s ‘skinniest home’ measuring just 3 FEET wide that leaves neighbours baffled – but it’s hiding a secret Photo Credit-BPM, Google Maps

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service