TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
27 Jan 2025 11:29 am တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အိမ်ရှာသူတို့မှာ ပြီးပြည့်စုံသောအိမ်တစ်လုံးကိုသာ အမြဲရှာဖွေကြသည်။

တခါတရံတွင် အချို့အချက်များမှာ အိမ်ရှင်တို့ မပြောပြဘဲ ချန်ထားခဲ့သည်များ ရှိသည်။

သို့သော် တစ်ခုသော အိမ်အရောင်းကြော်ငြာမှာမူ တမျိုးတဖုံ ဆန်းပြားနေသည်။

TikTok လူမှုကွန်ရက်တွင် @housinghorrors အမည်ရှိအကောင့်က တင်ခဲ့သည့် ကြော်ငြာဗွီဒီယိုဖိုင်မှာ ကြည့်ရှုရသူတိုင်းကို အူတက်မတတ် ရယ်မောစေခဲ့ပြီး လူမှုကွန်ရက်သုံးစွဲသူတို့အကြား အလွန်ပျံ့နှံ့ ဂယက်ရိုက်ခဲ့သည်။

ပေါင် ၃၂၈၀၀၀ ဈေးခေါ်ထားသော အိပ်ခန်း ၅ ခန်းပါ နေအိမ်ဖြစ်ပြီး TikTok အကောင့်ရှင်က ကျယ်ပြောသော မီးဖိုဆောင်ကို စတင်ပြသသည်။

မီးဖိုဆောင် တစ်နေရာတွင် fridge ၅ ခုရှိနေသည်ကို တွေ့ရသည်။

ထို့နောက် ဆက်လက်ပြသသည်မှာ ရှုပ်ပွနေသော အိပ်ခန်းများအနက်တစ်ခုတွင် အမျိုးသားတစ်ဦး အိပ်စက်နေသည်ကို တွေ့ရသည်။

TikTok အကောင့်ရှင်က ပြောသည်မှာ “ဒီဘဲကတော့ ညဘက် night out ထွက်ပြီး အရက်နာ ကျနေတာ (ဒါမှမဟုတ်) ညဘက်အလုပ်ဆင်းထားတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

အိမ်ခြံမြေကြော်ငြာတစ်ခုတွင် အိပ်ပျော်နေသူကိုပါ ထည့်သွင်းပြသခြင်းမှာ ရယ်ဖွယ်လိလိ ဖြစ်နေသည်။

“အိမ်ရောင်းတဲ့ ဘယ်သူမဆို နောက်ဆုံးလိုချင်တဲ့ ဆန္ဒတစ်ခုက ကိုယ့်ကိုဓာတ်ပုံရိုက်ပေးမယ့် အိမ်ခြံမြေ အကျိုးဆောင်တစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါက Privacy ချိုးဖောက်တာ ဖြစ်နိုင်ပါတယ်။ ဒါမျိုးကို ဘယ်လိုများ ခွင့်ပြုခဲ့တာလဲ။ ဒီဘဲရဲ့ မျက်နှာက ကျွန်တော့်ကို ရယ်ချင်စိတ်တွေ ပေါ်လာစေပါတယ်။ တကယ်ကို မယုံနိုင်အောင်ပါပဲ”

အဆိုပါဗွီဒီယိုကြည့်ရှုရသော လူမှုကွန်ရက် သုံးစွဲသူတို့က အမျိုးမျိုး အဖုံဖုံ မှတ်ချက်ပေးကြရာ တစ်ဦးက “အခုလို ဟက်ဟက်ပက်ပက် မရယ်ရတာ အတော်ကြာပြီ” ဟု ဆိုသည်။

အချို့ကမူ မိမိတို့၏ ကိုယ်တွေ့ဖြစ်ရပ်များကို ရင်ဖွင့် ပြောပြမှတ်ချက်ပြုကြသည်။ “ကျွန်တော့် အိမ်ရှင်ဟောင်းတစ်ယောက်ဆို ကျွန်တော့်ကို အသိပေးမထားဘဲ အိမ်ပြဖို့ လူတွေ ခေါ်ခေါ်လာတယ်။ တခါတလေဆိုရင် ကျွန်တော်အိပ်ယာထဲမှာအိပ်နေတုန်း သူတို့ ရောက်လာကြတယ်” ဟု တစ်ဦးက မှတ်ချက်ပြုကြသည်။

အခြားတစ်ဦးက မှတ်ချက်ပြုသည်မှာ “ကျွန်တော်နဲ့ အတူနေ အိမ်ရှင်ဟာ ကျွန်တော့်အခန်းကို ငှားမယ့်သူတွေပြဖို့ဆိုပြီး ည ၁၁ နာရီမှာ ခေါ်လာပါတယ်။ ကျွန်တော့်ကို ဘာမှ ကြိုမပြောခဲ့ပါဘူး” ဟု ဆိုသည်။

အချို့ကမူ ယခုဖြစ်ရပ်မှာ နားလည်မှုလွဲခြင်းဖြစ်နိုင်ကြောင်း၊ အိပ်နေသော အမျိုးသားမှာ အိမ်ရောင်းရာတွင် ပါဝင်သည့်ပစ္စည်းတစ်ခုဖြစ်နိုင်ကြောင်း အရွှန်းဖောက်ကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: House hunters in hysterics over bizarre detail in viral listing cs over bizarre detail in viral listing

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service