သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ

သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2025 12:14 pm တွင် တင်ခဲ့သည်
551 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လယ်ယာမြေအား တရားဝင်လူနေထိုင်ခွင့်မြေအမျိုးအစားအဖြစ် ပြောင်းလဲလိုပါက မည်သို့မည်ပုံ ပြုလုပ်ရမည်နည်းဆိုတဲ့အကြောင်းအရာအပါအဝင် အိမ်ခြံမြေဥပဒေဆိုင်ရာနည်းလမ်းများကို ဒီတစ်ပတ် ဥပဒေကဏ္ဍမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

⚖️ မေးခွန်း(၁) - မြေကွက်ခွဲစိတ်ခြင်းများ ဆောင်ရွက်ခြင်းအတွက် လိုအပ်သည့်အချက်အလက်များ ပြောပြပေးစေလိုပါတယ်။

မြေကွက်ခွဲစိတ်ခြင်းများတွင် အတည်ပြုတိုင်းခွဲ၊ ပေါင်းခွဲဟူ၍ ရှိပါသည်။ မြို့နယ်နိနမိတ်အတွင်းရှိ မြေ ကွက်များမှာ မျက်နှာစာ အနည်းဆုံး ပေ - ၂၀ ရှိပါက မြေကွက်ခွဲစိတ်ခြင်းပြုနိုင်ပြီး ကျန်မြေကွက်၏ မျက်နှာစာ မှာလဲ ပေ - ၂၀ ရှိရန် လိုပါသည်။ မြေကွက်၏ စုစုပေါင်း အကျယ်အဝန်း ဧရိယာမှာ ၁၂၀၀ စတုရန်းပေ ရှိမှ မြေကွက်အား ခွဲစိတ်ခြင်း ခွင့်ပြုမည်ဖြစ်ပါသည်။ မြေကွက်ခွဲစိတ်မည့်မျဉ်းမှာ မြေပြင်တွင် အဆောက်အအုံနှင့် ကင်းလွတ်မှုရှိရမည်ဖြစ်ပါသည်။ ခွဲစိတ်မည့် မြေကွက်အတွင်းသို့ ဝင်ထွက်သွားလာရန် ကိုယ်ပိုင်လမ်း မရှိပါက အများပိုင်လမ်း (သို့) ကိုယ်ပိုင်လမ်းအဖြစ် အနည်းဆုံးလမ်းမြေ ပေ - (၁၀) ချန်လှပ်ထားရပါမည်။ အောက်ပါ မြေအမျိုးအစားများအား မြေကွက်ခွဲစိတ်ခြင်း ပြုနိုင်ပါသည်။

- မြေငှားစာချုပ်(ဂရန်မြေ)၊ - မြေပိုင်မြေ - ဂရန်ရှိမြေပိုင်မြေ - B မြေပိုင်မြေ - B လ/န ၃၉ မြေ - ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေပုဒ်မ - ၃(က) အရ ဝန်ခံချက် လက်မှတ်ရရှိပြီးသောမြေ - (၃(ခ)) ရရှိပြီးမြေ တို့ဖြစ်ပါသည်။

မြေကွက်အား တစ်ကွက်လုံး ဝယ်ယူခြင်းမဟုတ်ဘဲ အစိတ်အပိုင်းသာ မှတ်ပုံတင်စာချုပ်ဖြင့် ခွဲဝယ်ယူ ခြင်းဖြစ်ပါကလဲ တဖက်သတ်အတည်ပြုတိုင်းခွဲဖြင့် မြေကွက်ခွဲစိတ်လျှောက်ထားခြင်းပြုနိုင်ပါသည်။ အမည် ပေါက်မှာ တစ်ဦးထဲမှ မြေကွက်အား ခွဲစိတ်ခြင်းပြုနိုင်သလို အမည်ပေါက်များ၏ မြေကွက်များအားလဲ ပေါင်း စည်းကာ ခွဲစိတ်ခြင်းလဲပြုနိုင်ပါသည်။

ဌာနမှ တရားရုံးတာဝရမ်း၊ ဘဏ်ကန့်ကွက်ချက်များ၊ အခြားကန့်ကွက်ချက်များ၊ ဂရန်စည်းကမ်းချက်ရှိ မရှိ စစ်ဆေးမှုပြုပြီး ကန့်ကွက်ချက်များရှိပါက မြေပုံနှင့် မြေကွက်ခွဲစိတ် အတည်ပြုပုံစံ-(၁)တို့အား မြေယာစီမံ ခန့်ခွဲမှုဌာနမှ ထုတ်ပေးမည်မဟုတ်ပါ။

မြေကွက်ခွဲစိတ်လျှောက်ထားသည့်အခါ လျှောက်ထားသူသည် အောက်ဖော်ပြပါ အထောက်အထားများ တင်ပြပေးရမည်ဖြစ်ပါသည်။

- မြေငှားစာချုပ်ဂရန်နှင့် မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ - မြေပိုင်ဆိုင်မှုနှင့် ပတ်သတ်၍ တရားရုံးမှ ချမှတ်ထားသည့် စီရင်ချက်အမိန့်နှင့် ဒီကရီ - နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား - မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း၊ ထောက်ခံချက် (သို့) နောက်ဆုံးပေးဆောင်ထားသော မြေငှားခ ပြေစာ - ခွင့်ပြုသည့်နေ့မှစ၍ တစ်နှစ်သက်တမ်းရှိသည့် မှန်ကန်ကြောင်းသက်သေခံသည့် မြေကွက်ခွဲစိတ်မြေပုံ၊ မြေရာ ဇဝင်မူရင်းနှင့် အတိုင်းအတာပါသည့် မြေတိုင်းမြေပုံမိတ္တူ (D-Map) - လိုင်စင်ရ အင်ဂျင်နီယာမှ ရေးဆွဲထားသည့် မြေကွက်ခွဲစိတ် အတည်ပြုပုံစံ (၃)စုံနှင့် အသေးစိတ် တွက်ချက်မှု ပုံစံ (၃)စုံတို့ဖြင့် မြေကွက်ခွဲစိတ်ခြင်းအား လျှောက်ထားရမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

⚖️ မေးခွန်း(၂) - မြေကွက်အား ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်းများ မပြုစေရန် ပိုင်ဆိုင်အကျိုးခံစားခွင့်ရှိသူ တစ်ဦးဦးမှ ကန့်ကွက်စာတင်ပြချင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ။

ရန်ကုန်မြို့တော်၊ စည်ပင်သာယာရေးကော်မတီ၊ မြေစီမံခန့်ခွဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း အခန်း- (၁၄)၊ ပုဒ်မ- ၅၈ ၊ ၅၉ နှင့်အညီ ဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေအမျိုးအစားများအား ရောင်းချခြင်း၊ လွှဲပြောင်း ခြင်း၊ ပေါင်နှံခြင်း မပြုလုပ်ရန် ကန့်ကွက်စာတင်နိုင်ပါသည်။ အစိုးရဌာန အဖွဲ့အစည်း၊ ပုဂ္ဂလိက၊ ပိုင်ဆိုင်ခွင့် ရှိသူ ကိုယ်တိုင်၊ မှတ်ပုံတင် ကိုယ်စားလှယ်လွှဲစာ ရရှိထားသူတို့မှ ၎င်းတို့နှင့် သက်ဆိုင်ကြောင်း မြေပိုင်ဆိုင်မှုအ ထောက်အထားများ၊ သက်ဆိုင်ရာဌာနမှ အထောက်အထား စာရွက်စာတမ်းများဖြင့် ကန့်ကွက်စာတင်ပြနိုင်ပါသည်။

ကန့်ကွက်ချက်တင်ပြရန်အတွက် လုံလောက်သော အထောက်အထား စာရွက်စာတမ်းများ တင်ပြနိုင် သည့်အခါ အဆိုပါစာရွက်စာတမ်းများမှာ မြို့မြေစာရင်း၊ အခွန်ခွဲဝေစည်းကြပ်မှု မှတ်တမ်းများ၊ မြေငှားဂရန်ပါ အချက်အလက်များနှင့် ကိုက်ညီမှုရှိမရှိ ဌာနမှ တိုက်ဆိုင်စစ်ဆေးမှုပြုပြီးမှ ကန့်ကွက်စာအား လက်ခံမည်ဖြစ် ပါသည်။ တရားရုံးတွင် အမွေဆက်ခံခွင့် အငြင်းပွှားသည့် အမှုများ၊ မြေအငြင်းပွှားမှုများတွင် အမှုအတော်အတွင်း မည်သည့်အခြေအနေတွင်မဆို တရားမကျင့်ထုံးဥပဒေ အမိန့် - ၃၉ ၊ သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ-၅၂၊ ၅၃ အရ ယာယီတားဝရမ်း ထုတ်ဆင့်ပေးရန် လျှောက်ထားနိုင်ပြီး မြေကွက်အား ကန့်ကွက်လျှောက်ထားသည့် အခါ အဆိုပါတားဝရမ်း၊ အမှုရင်ဆိုင်နေရသော အထောက်အထားများ၊ အယူခံ ဝင်ရောက်နေဆဲဖြစ်ပါက တရား ရုံး အမိန့်များအား ပူးတွဲတင်ပြပေးရပါမည်။ မြေယာစီမံခန့်ခွဲမှု ဌာနမှ ယာယီတားဝရမ်း၊ ထာဝစဉ်တားဝရမ်းဖြင့် ကန့်ကွက်စာတင်ပြသည်ကို လက်ခံပါက အဆိုပါမြေကွက်အား လွှဲပြောင်းရောင်းချ၊ ပေါင်နှံရန်အတွက် ယာယီဆိုင်းငံ့ထားခြင်း၊ ပိတ်သိမ်း ခြင်းတို့ အတည်ဖြစ်မည်ဖြစ်ပါသည်။ ဘဏ်တွင် အာမခံထား ငွေချေးခြင်းများရှိလျှင် ဘဏ်က ကန့်ကွက်စာ ပေးပို့ထားမည်ဖြစ်ကာ အဆိုပါကန့်ကွက်စာအား ဘဏ်မှ ပြန်လည်ရုတ်သိမ်းခြင်းမရှိဘဲ မြေကွက်ပိုင်ရှင်မှာ လွှဲပြောင်းရောင်းချခြင်း ဆောင်ရွက်ခွင့်မရှိပါ။ ဌာနမှ လက်ခံထားသော ကန့်ကွက်စာမှာ ပြန်လည်ရုတ်သိမ်းခြင်း ပြုလိုသည့်အခါ သက်ဆိုင်ရာအရာရှိရှေ့မှောက်တွင် လက်မှတ်ရေးထိုးမှုပြုပြီးမှ ပယ်ဖျက်ရမည်။ တရားရုံး အမိန့်ဖြင့် ကန့်ကွက်စာတင်ပြထားခြင်းဖြစ်ပါက တရားရုံးတွင် အမှုပိတ်သိမ်းပြီးဖြစ်ကြောင်း အထောက်အထား များ တင်ပြကာ ကန့်ကွက်စာအား ပယ်ဖျက်ရမည်ဖြစ်ကြောင်း ဖြေဆိုပေးလိုက်ပါသည်။

⚖️ မေးခွန်း(၃) - လယ်ယာမြေအား တရားဝင်လူနေထိုင်ခွင့် မြေအမျိုးအစားအဖြစ် ပြောင်းလဲလိုပါက ဆောင်ရွက်ရမည့် အချက်များကို ရှင်းပြပါ။

လယ်ယာမြေဆိုတာ အဓိက သီးနှံအမျိုးအစားဖြစ်ပြီး ဆန်စပါးဖူလုံမှုရရှိရန်မှာ အရေးကြီးပါသည်။ လယ်ယာမြေအား အခြားသောသီးနှံပြောင်းလဲ စိုက်ပျိုးလိုလျှင်ပင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ လယ်ယာ မြေ ဥပဒေပုဒ်မ-၂၈ အရ ခွင့်ပြုချက်ရယူရမည်ဖြစ်ပါသည်။

လယ်ယာမြေအား အခြားသော အကျိုးဖြစ်ထွန်းသော စာသင်ကျောင်းအတွက်ဖြစ်စေ၊ ကျန်မာရေး ဆေး ပေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ လမ်း၊ တံတား၊ အခြားသောကိစ္စရပ်အတွက် ပြောင်းလဲအသုံးပြုလိုပါက ပုံစံ - ၁၄ ဖြင့် လျှောက်ထားရမည်ဖြစ်ကာ လယ်ယာမြေဖြစ်ပါက သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုချက် လိုပါသည်။ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စီစစ်ထောက်ခံချက်ဖြင့် အခြားနည်းအသုံးပြုခွင့် ပုံစံ-၁၅ ဖြင့် ခွင့်ပြုချက် ထုတ်ပေးနိုင်ပါသည်။

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ အခြားနည်းသုံးစွဲခွင့် လျှောက်ထားသည့်အခါ သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ လျှောက်ထားသည့် မြေအခြေအနေ၊ ပိုင်ဆိုင်မှုအခြေအနေ၊ စိုက်ပျိုးလုပ်ကိုင်မှု အခြေအနေ၊ ဆောက်လုပ်မည့် အဆောက်အအုံ တည်နေရာပြ မြေပုံ၊ လျှောက်ထားသည့်မြေ ကို မည်သည့်နေ့ရက်မှ စ၍ လျှောက်ထားသည့် နည်းလမ်းအတိုင်း အသုံးပြုလိုကြောင်း တင်ပြချက်၊ ကျေးရွာ၊ ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှု၏ သဘောထားမှတ်ချက်၊ ဦးစီးဌာန၊ လုပ်ငန်းဌာနများ၏ ခွင့်ပြုချက်များ၊ အနီးအနားရှိ မြေများအသုံးပြုမှု အခြေအနေ၊ တို့အား စီစစ်မည်ဖြစ်ပါသည်။

အထက်ဖော်ပြပါအတိုင်း သက်ဆိုင်ရာဌာနမှ ပုဒ်မ - ၃၀ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ချထား ပေးပါက (၆)လအတွင်း သတ်မှတ်လုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ကြောင်း ပုံစံ - ၁၆ မှတ်တမ်း ဓာတ်ပုံများနှင့်အတူ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြပေးရမည်။ ခွင့်ပြုပေးထားသော လုပ်ငန်းများ သတ်မှတ်ကာလအတွင်း မပြီးစီးပါက ခွင့်ပြုလယ်ယာမြေအား ပြန်လည်သိမ်းယူသည်အထိ အရေးယူခြင်း ခံရနိုင်ပါသည်။ ခွင့်ပြုလုပ်ငန်းများ အကောင်အထည်ဖော်ပြီး နောက်ပိုင်းတွင် လူနေထိုင်ခွင့် မြေအမျိုးအစား ပြောင်းလဲ လျှောက်ထားလိုပါက မြေယာစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြ လျှောက်ထားမှုပြုရမည်ဖြစ်ကြောင်းဖြေဆို ရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
အိန္ဒိယတွင် ဆရာဝန်များ ဆေးစာရေးရာ၌ ဖတ်ရှု၍ ရစေရန် အကြီးစာလုံးဖြင့်သာ ရေးရမည်ဟု အမိန့်ထုတ်
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service