ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော် - Property News in Myanmar from iMyanmarHouse.com
21 Jan 2025 11:48 am တွင် တင်ခဲ့သည်
1679 ကြိမ် ကြည့်ရှု့ပြီး

ရုရှားသမ္မတကြီး ဗလာဒီမာပူတင်သည် စစ်မက်ရေးရာကိစ္စများမှ ခေတ္တအနားယူပြီး လျှိုဝှက်တောင်ပေါ်စံအိမ် တွင် သမင်ပျိုတစ်ကောင်၏ သွေးဖြင့် ရေစိမ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း ဗြိတိန် အခြေစိုက် Metro သတင်းဌာနက ဖော်ပြသည်။

အသက် ၇၂ အရွယ်ရှိ သမ္မတသည် အသက်ရှည်စေရန်နှင့် ခွန်အားဗလကောင်းစေရန် ရှေးဟောင်းကုထုံး များကို အသုံးပြုနေသည်ဟု ဆိုသည်။

နှစ်သစ်ကူးအကြိုနေ့က သမ္မတပူတင်သည် Doomsday plane (သို့မဟုတ်) Flying Kremlin ဟုခေါ်သော လေယာဉ်ကြီးဖြင့် ဆိုက်ဘေးရီးယားသို့ သွားရောက်ခဲ့သည်။

၂ ရက်အကြာတွင် အဆိုပါ လေယာဉ်ကြီးမှာ မော်စကိုသို့ ပြန်လည် ရောက်ရှိလာသည်။

တယ်လီဂရမ် ချန်နယ်တစ်ခုဖြစ်သော More Than Fact က ဖော်ပြသည်မှာ သမ္မတပူတင်သည် ဆိုက်ဘေးရီးယားမှ Altai တောင်ပေါ်ရှိ ကျယ်ပြောသော အပန်းဖြေစခန်းတွင် အနားယူခဲ့ဖွယ်ရှိကြောင်း ဖော်ပြသည်။

ဆိုက်ဘေးရီးယားမှ မွန်ဂိုလီးယားအထိ သွယ်တန်းတည်ရှိသော Altai တောင်ကြောကြီးပေါ်တွင် တည်ရှိသော စခန်းဖြစ်သည်။

ဆိုက်ဘေးရီးယားရှိ အိမ်တော်တွင် ကျယ်ပြောသော အဆင့်မြင့်နည်းပညာသုံး မြေအောက်ခန်းကြီးရှိပြီး ကိုယ်ပိုင်ဓာတ်အားပေးစခန်းလည်းရှိကာ အနုမြူစစ်ပွဲကြီး ဖြစ်ပွားမည်ဆိုလျှင် အဆိုပါနေရာတွင် နေထိုင်ကာ ကွပ်ကဲမှုပေးနိုင်မည် ဖြစ်သည်။

ပြီးခဲ့သောနှစ်အတွင်း ထွက်ပေါ်လာသော သတင်းများအရ လျှို့ဝှက်အိမ်တော်တွင် စားနပ်ရိက္ခာ များပြားစွာ သိုလှောင်ထားပြီး လူပေါင်း ၃၀၀ ကို နှစ်ပေါင်းများစွာ ကျွေးမွေးထားနိုင်သည့်ပမာဏရှိသည်ဟု ဆိုသည်။

(ဆိုက်ဘေးရီးယား အိမ်တော်တွင် အဆင့်မြင့်နည်းပညာသုံး မြေအောက်ခန်းကြီးရှိပြီး ကိုယ်ပိုင်ဓာတ်အားပေး စနစ် ရှိသည်။ ဓာတ်ပုံ-Malupasic)

 

သမင်မများ မွေးမြူထားသည့်ခြံတစ်ခုလည်းရှိပြီး သမ္မတပူတင်နှင့် အတွင်းစည်းမှ ပုဂ္ဂိုလ်များ တိရ စ္ဆာန်သွေးဖြင့် ရေချိုးရန် ဆိုက်ဘေးရီးယား ဒရယ်များကို အသုံးပြုလေ့ရှိသည်ဟု ယခင်က ထွက်ပေါ်ခဲ့ဖူးသော investigative သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါရှေးရိုးကုထုံးမှာ ယောက်ျားတို့၏ အားခွန်ဗလကို တိုးပွားစေသည့်အပြင် အိုမင်းမှုဖြစ်စဉ် နှေးကွေးစေခြင်းနှင့် အခြားသော ကျန်းမာရေးကောင်းကျိုးများစွာရှိသည်ဟု ယုံကြည်ကြသည်။

တယ်လီဂရမ်ချန်နယ် More Than Fact ၏ ဖော်ပြချက်အရ သမ္မတစီးသော လေယာဉ်ကြီးသည် မော်စကိုမြို့တော်တွင် ဇန်နဝါရီ ၁၃ မှ ၁၅ ရက်အထိ ၂ ရက်တာ မရှိခဲ့ကြောင်း ဖော်ပြသည်။

 

(သမ္မတပူတင်သည် Altai တောင်ပေါ်အိမ်တော်တွင် သွားရောက်အပန်းဖြေခြင်းဖြစ်နိုင်ကြောင်း More Than Fact အမည်ရှိ တယ်လီဂရမ် ချန်နယ်က ဖော်ပြသည်။ ဓာတ်ပုံ-social media/ e2w)

 

“အဲဒီမှာက သမ္မတ ပူတင်ရဲ့ ကျေးလက်အပန်းဖြေစခန်းရှိပါတယ်။ အဲဒီမှာသူဟာ ကျန်းမာရေးကောင်းစေဖို့၊ အသက်ရှည်ဖို့၊ ခွန်အားကြီးဖို့အတွက် သမင်ပျိုမရဲ့ သွေးနဲ့ ရေစိမ်ပါတယ်” ဟု More Than Fact က ဖော်ပြသည်။

သွေးဖြင့် ရေစိမ်ရသည့် ပုံမှန်ကာလမှာ နွေဦးပေါက်အကုန်၊ နွေရာသီအစောပိုင်းတွင် ဖြစ်သည်။

သမ္မတပူတင်နှင့် တွဲနေသော အိုလံပစ်အားကစားမယ် Alina Kayaeva သည် ဆိုက်ဘေးရီးယား အိမ်တော်တွင် သမ္မတပူတင်နှင့် အတူရှိခဲ့ခြင်း ရှိ၊ မရှိကိုမူ အဆိုပါချန်နယ်က ဖော်ပြထားခြင်း မရှိချေ။

Alina သည် သမ္မတပူတင်အောက် ဆယ်စုနှစ် ၃ ခုခန့် အသက်ပိုငယ်သည်။ Julian ပြက္ခဒိန်အရ ရုရှားနှစ်သစ်ကူးနေ့မှာ ဇန်နဝါရီ ၁၄ ရက်နေ့ ဖြစ်သည်။ သမ္မတပူတင်နှင့် Alina တို့တွင် သား ၂ ဦး ထွန်းကားထားပြီး အိုင်ဗန်နှင့် ဗလာဒီမာ ဂျူနီယာတို့ဖြစ်ကာ အသက် ၉ နှစ်နှင့် ၅ နှစ်အရွယ်များ ဖြစ်သည်။

 

(သမ္မတပူတင်သည် သူ၏လျှို့ဝှက်အိမ်တော်တွင် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်သည်ဟူသော သတင်းများ ရှိသည်။ ဓာတ်ပုံ-EPA)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Putin’s secret hideout where he ‘bathes in animal blood’ to prolong his life

Photo Credit-EPA, social media/ e2w, Malupasic

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service