ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jan 2025 10:49 am တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

လော့စ်အိန်ဂျလိတောမီးကြီးကြောင့် မိမိ၏ နေအိမ်အပေါ် ရတက်မအေးဖြစ်နေရသူများတွင် ဟယ်ရီဆင်ဖို့ဒ်လည်း အပါအဝင် ဖြစ်သည်။

အသက် ၈၂ နှစ်ရှိပြီဖြစ်သူ ဟယ်ရီဆင်ဖို့ဒ်ကို လော့စ်အိန်ဂျလိမြို့၊ ဘရန့်ဝုဒ်အရပ်ရှိ သူ၏ ကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်းတန် စံအိမ်အနီးတွင် ရဲအရာရှိများနှင့် စကားပြောနေသည်ကို မကြာသေးမီက တွေ့ရသည်။

ဘရန့်ဝုဒ်အရပ်သည် လော့စ်အိန်ဂျလိတွင် ကမ္ဘာကျော် ကြယ်ပွင့်များစွာနေထိုင်သော လူကုံထံရပ်ကွက်တစ်ခု ဖြစ်ပြီး လက်ရှိအားဖြင့် တောမီးဦးတည်နေသည့်နေရာ ဖြစ်သည်။

ထိုဒေသရှိ နေထိုင်သူများကို အစိုးရက ရွှေ့ပြောင်းမိန့် ထုတ်ပြန်ထားပြီး Sunset Boulevard နှင့် Mandeville Canyon လမ်းဆုံတွင် ရဲအရာရှိများ စောင့်ကြပ်လျက်ရှိသည်။

ဟယ်ရီဆင်ဖို့ဒ်က အနက်ရောင် Tesla တစ်စင်းဖြင့် ရောက်ရှိလာကာ ရဲအရာရှိများနှင့် စကားပြောခဲ့ရခြင်း ဖြစ်သည်။

 

(ဟယ်ရီဆင်ဖို့ဒ်သည် မီးညွန့်ဦးတည်နေသော ဘရန့်ဝုဒ်မှ ပြောင်းရွှေ့ပြီးနောက် နေအိမ်ရှိရာသို့ ပြန်လာကြည့်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Flash/ BACKGRID)

 

(ဟယ်ရီဆင်ဖို့ဒ်သည် Mandeville Canyon လမ်းကို ပိတ်ဆို့ထားသော ရဲအရာရှိတို့နှင့် စကားပြောဆိုခဲ့ရသည်။ ဓာတ်ပုံ- Flash/ BACKGRID)

နယူးယောက်ပို့စ် သတင်းဌာနက ရရှိခဲ့သော ဓာတ်ပုံများအရ ဟယ်ရီဆင်ဖို့ဒ်သည် ကားထဲမှ ထွက်လာပြီး လော့စ်အိန်ဂျလိရဲတပ်ဖွဲ့ LAPD မှ အရာရှိများနှင့် စကားပြောနေခဲ့ပြီး ရဲအရာရှိများနှင့် စကားပြောစဉ် ပြုံးပြုံးရွှင်ရွှင်ရှိကြောင်း တွေ့ရသည်။

 

 

(မိမိတို့၏ နေအိမ်များအတွက် ရတက်မအေးဖြစ်နေရသူများအနက် ဟယ်ရီဆင်ဖို့ဒ်လည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

(မိမိ နေအိမ်၏ ကံကြမ္မာကို တွေးရင်း ဟယ်ရီဆင်ဖို့ဒ် စိတ်မချမ်းမသာ ဖြစ်သွားပုံကိုလည်း တွေ့ရသည်။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

(ဟယ်ရီဆင်ဖို့ဒ်သည် ကားပေါ်မှဆင်းလာကာ ရဲအရာရှိများနှင့် စကားပြောခဲ့သည်။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

(LAPD အရာရှိများနှင့် ဟယ်ရီဆင်ဖို့ဒ်တို့ ဆွေးနွေးနေပုံ။ ဓာတ်ပုံ-MACE/ BUZZIPPER/ BACKGRID)

 

 

(ရဲအရာရှိများနှင့် စကားပြောနေစဉ် ဟယ်ရီဆင်ဖို့ဒ်မှာ ပြုံးပြုံးရွှင်ရွှင်ရှိသည်ကို တွေ့ရသည်။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

(Pacific Palisades အရပ်တွင် တောမီးကြောင့် ဧကပေါင်း ၁၅၀၀၀ ကျော် ပြာကျသွားပြီ ဖြစ်သည်။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

(ဘရန့်ဝုဒ်အရပ်ရှိ Sunset Boulevard လမ်းကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပုံ။ ဓာတ်ပုံ- Flash/ BACKGRID)

 

 

 

(ဟယ်ရီဆင်ဖို့ဒ်ကို သူ၏နေအိမ် သွားရောက်ကြည့်ရှုနိုင်ရန် ရဲတပ်ဖွဲ့က လိုက်လံစောင့်ရှောက်ပေးခဲ့သည်ဟု ဆိုသည်။ ဓာတ်ပုံ-MACE/ BUZZIPPER/ BACKGRID)

 

 

(Pacific Palisades အရပ်တွင် အင်္ဂါနေ့ မနက်က စတင်မီးလောင်ခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ- ဓာတ်ပုံ-MACE/ BUZZIPPER/ BACKGRID)

 

 

(ဟယ်ရီဆင်ဖို့ဒ်သည် နေအိမ်မှ ပြောင်းရွှေ့ထွက်ခွာပြီးနောက် တဖန်ပြန်လည် လာရောက်ကြည့်ရှုခြင်း ဖြစ်သည်။ ဓာတ်ပုံ-MACE/ BUZZIPPER/ BACKGRID)

 

 

(မီးအန္တရာယ်ရှိနေသော ဒေသကို ဟယ်ရီဆင်ဖို့ဒ်က အနက်ရောင် Tesla တစ်စင်းနှင့် ရောက်လာခဲ့သည်။ ဓာတ်ပုံ-Flash/ BackGrid)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Harrison Ford talks to cops while trying to reach Brentwood home as Palisades Fire tears through Los Angeles Photo Credit-Flash/ BACKGRID, MACE/ BUZZIPPER/ BACKGRID / BUZZIPPER/ BACKGRID

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service