(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ

(ထူးထူးခြားခြား အိမ်ခြံမြေဒိုင်ယာရီ) အိန္ဒိယတွင် အိမ်ခြံမြေ Developer တစ်ဦးက ဆောက်လုပ်ရေးအတွက် မြေတူးစဉ် ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jan 2025 9:36 am တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ယဉ်ကျေးမှု သမိုင်းကြောင်း ရှည်လျားသည့် အိန္ဒိယတွင် မြို့ပြများ တိုးချဲ့လာသည်နှင့်အမျှ ရှေးဟောင်း ရတနာများ ရှာဖွေတွေ့ရှိမှုတို့ အခါအားလျော်စွာ ကြားရသည်။

အိန္ဒိယတောင်ပိုင်းရှိ ကျေးရွာလေးတစ်ခုတွင် အိမ်ခြံမြေ Developer တစ်ဦးက မြေကွက်တစ်ခုကို ဆောက်လုပ်ရေးအတွက် တူးဖော်စဉ် တန်ဖိုးကြီး ရွှေငွေနှင့် ရှေးဟောင်း လက်ဝတ်ရတနာများပါသော အိုးတစ်လုံး တူးဖော် တွေ့ရှိခဲ့သည်။

အဆိုပါဖြစ်ရပ်မှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက ဖြစ်သည်။

အိန္ဒိယနိုင်ငံ တီလန်းဂါနာပြည်နယ်၊ ပန်ဘာသီကျေးရွာတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဟိုက်ဒရာဘတ်မြို့အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် မီသူး နရဆင်ဟာ (Mettu narasinha) က ဆောက်လုပ်ရေးအတွက် မြေတူးဖော်စဉ် သတ္တုအိုးတစ်လုံး တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်သားများမှာ အလွန်အံ့အားသင့်သွားခဲ့ကြပြီး တဆင့်စကားဖြင့် တစ်ရွာလုံး ရောက်ရှိလာ ကာ အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။

ရွာသားတို့က ပြောကြသည်မှာ အဆိုပါ ရွှေငွေ ကျောက်သံပတ္တမြားတို့သည် ထိုမြေကွက်နေရာတွင် ယခင်က ရှိခဲ့ဖူးသော ဘုရားကျောင်းမှ နတ်သမီးတစ်ပါးအား ပူဇော်ခဲ့သည့်အရာများဖြစ်ကြောင်း ယုံကြည်ကြသည်။

ထို့ကြောင့် ရွာသားတို့က တူးဖော်တွေ့ရှိသော ရွှေအိုးကို ရှိခိုးပူဇော်ခြင်းများ ပြုလုပ်ကြပြီး အမွှေးတိုင်များ ထွန်းညှိခြင်း၊ ပန်းများကပ်လှူခြင်းတို့လည်း ပြုလုပ်ကြသည်။

လက်ဝတ်ရတနာများ ထည့်ထားသောအိုးမှာ ကြေးနီအိုးဖြစ်ပြီး ရွှေ ၁၈၉ ဒသမ ၈ ဂရမ်၊ ငွေဖြင့် ပြုလုပ်ထား သော လက်ဝတ်ရတနာ ၁ ဒသမ ၇၂ ကီလိုဂရမ်၊ အလေးချိန် ၆ ဒသမ ၅ ဂရမ်ရှိ ပတ္တမြားတစ်လုံး အပြင် အခြားရှေးဟောင်းလက်ဝတ်ရတနာ များစွာ ပါဝင်ကြောင်း The News Minute သတင်းဌာနက အာဏာပိုင် တို့၏ ပြောကြားချက်ကို ကိုးကားကာ ဖော်ပြသည်။

တီလန်းဂါနာပြည်နယ်၊ Jangaon ခရိုင်မှ ဒေသအာဏာပိုင်တို့က ရွှေအိုးတွေ့သည့် မြေနေရာနှင့် ရတနာများကို သိမ်းယူခဲ့ကြပြီး ရတနာများ ထပ်မံတွေ့ရှိရန် ထိုမြေနေရာတွင် ရှာဖွေမှုများ ဆက်လက်ပြုလုပ်ခဲ့ကြသည်။

မြေနေရာပိုင်ရှင်ဖြစ်သူ မီသူးမှာ သူ၏ မြေနေရာသို့ ရောက်ရှိလာပြီးနောက် ရွှေအိုးကို ထိတွေ့ကိုင်တွယ် ကြည့်ကာ သွေးရူးသွေးတန်း ဖြစ်ခဲ့ပုံများကို Sudhakar Udumula အမည်ရှိ အကောင့်က X လူမှုကွန်ရက်တွင် တင်ခဲ့သော ဗွီဒီယိုဖိုင်တွင် တွေ့ရသည်။

သွေးရူးသွေးတန်းဖြစ်နေသော မီသူးကို ရွာသားတို့က ဝိုင်းဝန်းထိန်းသိမ်း ဖျောင်းဖြကြသည်။

“ရွှေအိုးတွေ့ရှိတဲ့အကြောင်း ကျွန်တော်တို့ဆီ အကြောင်းကြားလာကြတာကြောင့် ရတနာပစ္စည်းတွေကို ကော်လိတ်တော်အရာရှိထံ ပို့ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ် ညွှန်ကြားချက် မရမချင်း ဒီမြေနေရာမှာ ဘာတူးဖော်မှုတွေမှ မလုပ်ဖို့ မြေပိုင်ရှင်ကို ညွှန်ကြားထားခဲ့ပါတယ်”ဟု Jangaon ခရိုင်အုပ်ချုပ်ရေးအရာရှိ ရာဂျန်ဒရာ ပရာဆက်က ပြောသည်။

(ရွှေငွေလက်ဝတ်ရတနာများကို တီလန်းဂါနာပြည်နယ်၊ Jangoan ခရိုင်၊ ပန်ဘာသီကျေးရွာ အဝေးပြေး လမ်းမကြီးအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် တွေ့ရှိခဲ့သည်ဟု Sudhakar Udumular အမည်ရှိ အကောင့်က X လူမှုကွန်ရက်တွင် ဖော်ပြခဲ့ပုံ)

ကြေးနီအိုးအတွင်း တွေ့ရှိသော လက်ဝတ်ရတနာများတွင် ရွှေနားကပ် ၂ ဒါဇင်ခန့်၊ ရွှေပုတီးစေ့ ၅၁ လုံး၊ ရွှေဆွဲကြိုး ၁၁ ကုံးနှင့် အခြားတန်ဖိုးရှိ လက်ဝတ်ရတနာများ ပါဝင်သည်။

အိန္ဒိယအစိုးရ၏ ပြည်ထောင်စု ရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့ (ASI) သည်လည်း ရွှေအိုးတွေ့ရှိသည့် နေရာသို့ လာရောက်ခဲ့ကြသည်။

သို့သော် အဆိုပါရွှေအိုးကို ပြည်နယ်အစိုးရထံတွင်သာ ထားရှိရန် ဆုံးဖြတ်ခဲ့ကြသည်။

ရွာသားများနှင့် ဒေသကောင်စီဝင်တို့က ရွှေအိုးတွေ့သော မြေနေရာတွင် ဘုရားကျောင်းဆောင် တစ်ခု ဆောက်ရန် တောင်းဆိုနေကြသည်။

“ဒီနေရာမှာ ရှေးယခင်က ဘုရားကျောင်းတစ်ခုရှိခဲ့တယ်လို့ ပြောဆိုမှုတွေရှိခဲ့ပေမယ့် လူအတော်များများက မယုံကြဘူး။ ဒါပေမယ့် အခု ဒီရွှေအိုးတွေ့လိုက်တဲ့အချိန်မှာ ဒါက သေချာသွားပါပြီ” ဟု ဒေသတွင်း ကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Anjaneyulu Goud က The Indian Express သတင်းဌာနသို့ ပြောသည်။

လက်ဝတ်ရတနာများ၏ ဇာစ်မြစ်နှင့် ခေတ်ကာလတို့ကိုမူ မသိရသေး။

ခရိုင်အရာရှိတို့က ပြောသည်မှာ “ဒါတွေရဲ့ သက်တမ်းက နှစ် ၁၀၀ အထက်ဆိုရင် အစိုးရက ပိုင်ပါတယ်” ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian man finds gold ornaments and antiques while digging plot of land for housing development (independent)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service