ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jan 2025 11:38 am တွင် တင်ခဲ့သည်
547 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ပစ္စည်းလွှဲပြောင်းခြင်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်မှ သက်ရှိထင်ရှားရှိစဉ် အခြားသူတစ်ဦးတစ်ယောက် (သို့) တစ်ဦးထက်ပိုသူများကိုဖြစ်စေ ပစ္စည်းအား တချိန်တည်း လွှဲပြောင်း၍ဖြစ်စေ၊ နောင်တွင် ပစ္စည်းတစ်စုံတစ်ရာအား လွှဲပြောင်းရန် ရည်ရွယ်၍ဖြစ်စေ စာချုပ်ချုပ်ဆို၍ ပေးအပ်ခြင်းကို ဆိုလိုပါသည်။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၇ အရ ပဋိဉာဉ်ပြုလုပ်နိုင်ရန် အရည်အချင်းပြည့်မှီပါက ပစ္စည်းအား လုံးအားဖြစ်စေ၊ တချို့တစ်ဝက်အားဖြစ်စေ ၊ ပစ္စည်းလွှဲပြောင်းခြင်းအား တည်ဆဲဥပဒေပါ စည်းကမ်းချက် ခွင့်ပြု နည်းလမ်းများနှင့်အညီ ဆောင်ရွက်ခြင်းပြုနိုင်ပါသည်။

ရောင်းချခြင်းဆိုရာတွင်လဲ အဖိုးစားနားအား ကတိပြုပေးချေခြင်း (သို့) တချို့တစ်ဝက်ပေးချေခြင်းပြုကာ ပစ္စည်းတစ်စုံတစ်ရာအား လွှဲပြောင်းပေးအပ်ခြင်းပင်ဖြစ်ပြီး တန်ဖိုးငွေ ၁၀၀/- အထက်ရှိပါက အဆိုပါအရောင်း အဝယ်စာချုပ်အား မှတ်ပုံတင် စာချုပ်ချုပ်ဆိုရမည်ဖြစ်ပါသည်။

ပစ္စည်းပိုင်ရှင်မှ အဖိုးစားနားဖြင့် ပစ္စည်းတစ်စုံတစ်ရာအား လွှဲပြောင်းပေးပြီး ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ ပုဒ်မ - ၄၁ အရ လက်ခံသူမှ သဘောရိုးဖြင့် လက်ခံသောပစ္စည်းမှာ ပုဒ်မ-၉ အရ လွှဲပြောင်းခြင်း အတည်ဖြစ်ပြီး မပျက်ပြယ်ပါ။ မြေအား လွှဲပြောင်းခြင်းများတွင် မြေတွင်ပူးတွဲနေသောအရာများ ထာဝရသုံးစွဲရန် ရည်ရွယ်ထားသည့် အရာဝတ္ထုများ၊ မြေမှ ဖြစ်ပေါ်လာသော အခငွေနှင့် အမြတ်အစွန်းများလဲ ပါဝင်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား အဖိုးစားနား မပါဝင်ဘဲ လိမ်လည်ရန် အကြံဖြင့် လွှဲပြောင်းရယူ ပေးအပ်မှုများမှာလဲ ပျက်ပြယ်မည်ဖြစ်ပါသည်။ အရောင်းအဝယ်ဖြစ်ပါက ရောင်းချသူမှ ဝယ်ယူသူသို့ဖြစ်စေ၊ ဝယ်ယူသူမှ ညွှန်ပြသူသို့ဖြစ်စေ လက်ရောက် လွှဲပြောင်းပေးအပ်ခြင်း ပြုရမည်ဖြစ်ပါသည်။

ပူးတွဲပိုင်ဆိုင်မှုရှိသော ပစ္စည်းအား ဝယ်ယူရာတွင် လွှဲပြောင်းပေးသူပိုင်ဆိုင်သော ဝေစုသည်သာ အရောင်း အဝယ်အတည်ဖြစ်ပြီး မိသားစု အမွေခွဲဝေခြင်း မပြုရသေးသော ပစ္စည်းတစ်စုံတစ်ရာအား ဝယ်ယူခြင်းဖြစ်ပါက ယင်းပစ္စည်းကို ခွဲဝေလွှဲပြောင်းပေးရန် တောင်းဆိုခြင်းလဲ မပြုနိုင်သေးပါ။ တရားရုံးတွင် တရားမှုဖြစ်ပွှားနေသော အမှုအခင်း၏ ပစ္စည်းတစ်စုံအား တဖက်အမှုသည်ကို ထိခိုက်နစ်နာစေရန် အခြားသူတစ်ဦးအား လွှဲပြောင်းရောင်း ချ ခြင်း၊ အခြားစီမံခြင်းများ ဆောင်ရွက်မရပေ။

ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေပုဒ်မ-၉ အရ ပစ္စည်းလွှဲပြောင်းခြင်းအား စာဖြင့်ရေးသား၍ လွှဲပြောင်းခြင်း ပြုရန် အတိအလင်းဖော်ပြထားခြင်းမရှိသော ကိစ္စရပ်များတွင် နှုတ်ဖြင့် လွှဲပြောင်းခြင်းလဲ ဆောင်ရွက်နိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service