အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်

အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
11 Jan 2025 11:23 am တွင် တင်ခဲ့သည်
718 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

"ဒီနှစ်ကိုတော့ တစ်ထပ်အိမ်လေးပဲ ဆောက်ထားဦးမယ်၊ နောက်နှစ်တွေမှ အထပ်မြှင့်တာပေါ့""ငွေမနိုင်သေးလို့ တစ်ထပ်ပဲ ဆောက်ထားဦးမယ်၊ နောက်မှ အထပ်မြှင့်မယ်လေ" ဆိုတဲ့ လူကြီးမင်းများအတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ဒီဆောင်းပါးလေးမှာ ဖော်ပြသွားပါမယ်။

အိမ်တစ်အိမ် ဆောက်ပြီဆိုရင် မြေအမျိုးအစား၊ ကွန်ကရစ်၊ အိမ်မှာနေထိုင်မယ့် လူအရေအတွက်၊ ပရိဘောဂပစ္စည်းတွေအတွက် ခံနိုင်ဝန်ကို အကြမ်းဖျင်းအားဖြင့် ခန့်မှန်းတွက်ချက်ပြီးမှ ဆောက်လုပ်ရပါတယ်။ "အခြေခံ အုတ်မြစ်သည်သာ အဓိက" ဆိုသလို အထပ် ထပ်မြှင့်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အောက်ခြေ အုတ်မြစ်ကို ၂ ထပ်စာ၊ ၃ ထပ်စာ ချထားရပါတယ်။ ဒါပေမဲ့ မြေအမျိုးအစားအလိုက် အုတ်မြစ် ဘယ် နှစ်ပေထိ ချမလဲ၊ ဘယ်ဆိုဒ်ချမလဲ ဆိုတာကို ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ တွက်ချက်ထားသင့်ပါတယ်။

ဒီလိုတွက်ချက်မှုတွေ မပါဘဲ ၂ ထပ်စာ ( ဒါမှမဟုတ် ) ၃ ထပ်စာကို နောက်ကန်ထရိုက်နဲ့ ဆောက်လိုက်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ မြေကျွံလာတာ၊ အိမ်စောင်းသွားတာ၊ နံရံ အက်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ ပထမဆောက်တဲ့ ကန်ထရိုက်နဲ့ ဒုတိယဆောက်တဲ့ ကန်ထရိုက်ကို တစ်မျိုးတည်းသာ သုံးသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အိမ်ရဲ့ အောက်ခြေအုတ်မြစ် ဘယ်နှစ်ပေရှိတယ်၊ ဘာမြေအမျိုးအစားဖြစ်တယ်၊သံဘယ်နှစ်ချောင်းပါတယ်၊ မြေတူးစဉ်က ရေထွက်ခဲ့သလား ဆိုတာတွေကို မူရင်းပထမဆုံး ဆောက်တဲ့ကန်ထရိုက်ကသာ အသိဆုံး ဖြစ်တာကြာင့်ပဲ ဖြစ်ပါတယ်။

💁‍♀️ ကဲ....ဒါဆိုရင် အထပ်မြှင့်ချင်တဲ့ အိမ်ရှင်တွေအတွက် ဘာတွေ သတိထားရမလဲ? အချက် ၄ ချက် ရှိပါတယ်။

( ၁ ) ခိုင်မာတဲ့ အောက်ခြေအုတ်မြစ်

အောက်ခြေအုတ်မြစ်ဖြစ်တဲ့ footing size မပြည့်ရင်လည်း အဆောက်အအုံ ကျွံဝင်သွားစေပါတယ်။ အုတ်မြစ်နဲ့ ပတ်သတ်ပြီး အများဆုံး ဖြစ်လေ့ ရှိတာကတော့ အဆောက်အဦးနံရံတွေမှာ အက်ကြောင်းကွဲကြီးတွေ လိုက်လာတာပါ။ ဒါဟာ အုတ်စီတာညံ့လို့ ဘိလပ်မြေခိုလို့ မဟုတ်ပါဘူး။ footing ကျွံနေလို့ နံရံတွေကွဲလိုက်တာတာလည်း ဖြစ်နိုင်ပါတယ်။

( ၂ ) အောက်ခြေကွန်ကရစ် မာကြောမှု အပြည့်ရှိရဲ့လား

တစ်ချို့ဟာ မြေကျင်းကျကျနန တူးထားတာနဲ့ formwork မရိုက်ဘဲ လောင်းတတ်ကျပါတယ် အဲ့ဒီ့အခါ ကွန်ကရစ်ထဲပါတဲ့ရေကို မြေကြီးက တိုက်ရိုက်စုပ်နိုင်တဲ့အတွက် ကွန်ကရစ်မာကျောမှုကျသွားစေနိုင်ပါတယ်။ ပလတ်စတစ်စ ကာလောင်းရင်လည်း ရပါပေမဲ့ နောက်ထပ် ဆိုးကျိုးတွေရှိသေးတဲ့အတွက် formworkကာပြီး လောင်းတာဟာ ကွန်ကရစ်အုတ်မြစ်ကို ကောင်းမွန်စွာ မာကြောကျစ်လျစ်စေပါတယ်။ လောင်းမဲ့ ကွန်ကရစ်ကို ရေအများကြီးနဲ့ ပျော့ပျော့ကြီးလောင်းရင်လည်း ကွန်ကရစ်မာကျောမှုကို ကျစေတာကြောင့် သတိထားသင့်ပါတယ်။

( ၃ ) မြေကြီးခံနိုင်အား

မြေကြီးခံနိုင်အားကိုတော့ အများစုက အတွေ့အကြုံနဲ့ကြည့်ပီး ဆုံးဖြတ်ကြပါတယ်။ ဒီနည်းလမ်းဟာ အမှားအယွင်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သေချာအောင် soil test စစ်ရပါမယ်။ သာမန်အထပ်နိမ့်ပီး လူနေနည်းတဲ့ အဆောက်အဦးအတွက်ကတော့ အသင့်အတင့် မြေကောင်းရုံနဲ့ ဆောက်လုပ်လို့ရပြီး အဆင်ပြေပေမယ့် အထပ်မြင့် တိုက်ခန်းတွဲလို အိမ်ရာတိုက်ခန်းတွေ အတွက်ကတော့ မြေရဲ့အခြေအနေ မကောင်းဘူးဆိုရင် မြေကြီးထဲ တစ်ဖြေးဖြေး ကျွံဝင်လာတာ၊ အက်ကွဲကြောင်းတွေ ထလာတာ၊ ပြိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တကယ့် အဆောက်အဦးကြီးတွေ ဆောက်မယ်ဆိုရင် အထက်မှာ ပြောခဲ့သလို Soil test စစ်ထားတာ အကောင်းဆုံးပါပဲ။

( ၄ ) တစ်ခါတည်း ဆုံးဖြတ်ချက်ချပါ

အိမ်ကို ကိုယ်လိုချင်တဲ့ အထပ်အမြင့်အတိုင်း တစ်ခါတည်းနဲ့ အပြီးဆောက်လိုက်ခြင်းဟာ စားရိတ်စကလည်း ပိုသက်သာနိုင်ပြီး ခိုင်မာမှုလည်း ရှိစေပါတယ်။ မဟုတ်ရင်တော့ အိမ်ဆောက်ဖို့ စုရတဲ့ ငွေကြေးဟာလည်း မနည်းလှတာကြောင့် အချော်အချွတ် ရှိခဲ့ရင်တောင် အိမ်ရှင်အတွက် ဆုံးရူံးနစ်နာမှု ကြီးလှပါတယ်။ သေချာတာကတော့ ကျွမ်းကျင်တဲ့ အင်ဂျင်နီယာဆီ structure design အပ်လိုက်ပြီး သူတွက်ချက်ပေးတဲ့အတိုင်း ကန်ထရိုက်နဲ့ဆောက်လုပ်ခြင်းပါပဲ။ Design အပ်ထားပြီးတာနဲ့ လိုတိုးပိုလျော့ တစ်ခါတည်း ပေးလိုက်ပြီးသားဖြစ်တာမို့ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာသက်သက်သာသာနဲ့ safe ဖြစ်စေပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service