လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2025 10:48 am တွင် တင်ခဲ့သည်
1130 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဟောလိဝုဒ် ကြယ်ပွင့်တစ်ဦးနှင့် လက်ထပ်ခဲ့ပြီး ကျန်းမာရေးမဂ္ဂဇင်းများတွင် မျက်နှာဖုံးရှင်အဖြစ် မကြာခဏ တွေ့ခဲ့ရသူ လိုနီဝီလီဆင် Loni Willison ကို အပြင်ပန်းမှ ကြည့်လျှင် ပြီးပြည့်စုံသော ဘဝ ပိုင်ဆိုင်ထားသည်ဟု မှတ်ထင်ကြမည်ဖြစ်သည်။

သို့သော် လိုနီ၏ ဘဝမှာ အများထင်သကဲ့သို့ အဆင်ပြေ ချောမွေ့နေခြင်းမရှိ။

အသက် ၄၁ နှစ်အရွယ် မော်ဒယ်ဟောင်း လိုနီမှာ ယခုအခါ လော့စ်အိန်ဂျလိမြို့တွင် လမ်းပေါ်၌ နေထိုင်ရလျက် ရှိသည်။

Baywatch ဇာတ်လမ်းတွဲဖြင့် နာမည်ကြီးခဲ့သူ ဂျရမီ ဂျက်ဆင် (Jeremy Jackson) ၏ ဇနီးဟောင်းဖြစ်သူ လိုနီ ဝီလီဆင်သည် အသက်ရှင် ရပ်တည်ရေးအတွက် လမ်းများပေါ်ရှိ အမှိုက်ပုံးများတွင် လိုက်လံ မွှေနှောက်ရှာဖွေနေသည်ကို မကြာခဏ တွေ့ရလေ့ရှိသည်။

လိုနီသည် မူးယစ်ဆေး အလွန်အကျွံ အသုံးပြုခဲ့သူ တစ်ဦး ဖြစ်သည်။

RadarOnline သတင်းဌာနက နောက်ဆုံးရရှိခဲ့သော ဓာတ်ပုံများအရ ပြီးခဲ့သော နှစ်သစ်ကူးနေ့တွင် လိုနီသည် အမှိုက်ပုံတွင် လွှင့်ပစ်ထားသော ခရစ်စမတ် သစ်ပင်ကြီးတစ်ခုကို ကောက်ယူကာ သူ၏ တွန်းလှည်းပေါ်သို့ တင်ဆောင် သယ်ယူလာသည်ကို တွေ့ရသည်။

သူ၏ တွန်းလှည်းပေါ်တွင် စောင်များနှင့် တိုလီမိုလီ ပစ္စည်းပေါင်းစုံ အပြည့်ရှိနေသည်။

(ခရစ္စမတ် သစ်ပင်ကြီး အပါအဝင် ပစ္စည်းများ ပြွတ်သိပ်သယ်ဆောင်လာသော တွန်းလှည်းတစ်စင်းဖြင့် လိုနီကို လော့စ်အိန်ဂျလိလမ်းပေါ်တွင် တွေ့ရပုံ။ ဓာတ်ပုံ-MEGA)

ခင်ပွန်းဟောင်းဖြစ်သူ ဂျရမီက လိုနီ မူးယစ်ဆေးစွဲခဲ့သည့် ဖြစ်ရပ်အား ထုတ်ဖော်ပြောပြလာအပြီး ရက်သတ္တပတ် အနည်းငယ်မျှသာရှိသေးချိန်တွင် ယခုဓာတ်ပုံသစ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

နောက်ဆုံးတွေ့ရသော ဓာတ်ပုံများတွင် လိုနီသည် ခြေကျင်းဝတ်အထိ ကျနေသော ဂါဝန်ရှည်၊ ကျားသစ်ကွက် ဘွတ်ဖိနပ်၊ ခေါင်းတုံးရိတ်ထားဟန်ရသော ဦးခေါင်းတွင် အနက်ရောင် ဦးထုပ်တို့ဖြင့် တွေ့ရသည်။

လိုနီ၏ လက်ရှိအခြေအနေကို RadarOnline က Facebook လူမှုကွန်ရက်တွင် ဖော်ပြခဲ့ရာ လူမှုကွန်ရက် သုံးစွဲသူတို့အကြား အလွန်ပျံ့နှံ့ခဲ့ပြီး မှတ်ချက်ပြုသူ ၈၂၀၀ ကျော်ရှိကာ ပြန်လည်မျှဝေသူ ၂၁၀၀ ကျော် ရှိခဲ့သည်။

(ဖက်ရှင်မော်ဒယ်ဟောင်းတစ်ဦးဖြစ်သူ လိုနီသည် အမှိုက်ပုံတွင် စွန့်ပစ်ထားသော ခရစ္စမတ်ပင်ကြီးကို သူ၏ တွန်းလှည်းပေါ် တင်ဆောင်ပြီးနောက် အမှိုက်ပုံးအတွင်း လိုက်လံရှာဖွေနေပုံ။ ဓာတ်ပုံ-MEGA)

လိုနီသည် အမှိုက်ပုံများကို လိုက်ဖွ မွှေနှောက်ကာ စွန့်ပစ်ထားသော ပစ္စည်းများကို ရှာဖွေယူဆောင်ရာ သူ၏ လက်များမှာ ညစ်ပတ်ပေရေ နေပုံပေါ်နေသည်။

တချိန်က ပုရိသတို့ စွဲမက်ဖွယ် မော်ဒယ်တစ်ဦးဖြစ်ခဲ့သူ လိုနီသည် ၂၀၁၈ ခုနှစ်အတွင်း လော့စ်အိန်ဂျလိခရိုင်၊ Venice Beach အရပ်ရှိ လမ်းများပေါ်တွင် အမှိုက်ပုံးများကို လိုက်လံမွှေနှောက်ရှာဖွေနေသည့် ဓာတ်ပုံများ စတင် ထွက်ပေါ်လာရာ ခင်ပွန်းဟောင်း ဂျရမီအပါအဝင် လူတိုင်း မယုံနိုင်အောင် ဖြစ်ခဲ့ရသည်။

(ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီဖြစ်သူ လိုနီ၏ ရုပ်သွင်မှာ ရွှေအိုရောင်တောက်ပခဲ့သော နေ့ရက်များနှင့်ယှဉ်လျှင် မမှတ်မိနိုင်အောင် ပြောင်းလဲသွားသည်။ ဓာတ်ပုံ-Splash News)

 

 

Photo: BackGrid

 

 

Photo: BackGrid

 

အသက် ၄၄ နှစ်အရွယ် ခင်ပွန်းဟောင်း ဂျရမီက ပြောသည်မှာ ဇနီးဟောင်း လိုနီကို မတွေ့မိသည်မှာ ၄ နှစ်ခန့် ရှိပြီဖြစ်ကြောင်း ပြောသည်။

(လမ်းပေါ်တွင် နေထိုင်ရခြင်းဖြစ်သောကြောင့် မတော်မတရား ပြုကျင့်မှု မခံရစေရန်အတွက် မိမိကိုယ်ကို ညစ်ညစ်ပတ်ပတ်ဖြစ်အောင် နေထိုင်ကြောင်း လိုနီပြောဖူးသည်။ ဓာတ်ပုံ-BackGrid)

ဇနီးဟောင်း လိုနီကို ဆုံးရှုံးရခြင်းမှာ မိမိ၏ မိသားစုဝင်တစ်ဦး သေဆုံးသွားသကဲ့သို့ ခံစားရကြောင်း ဂျရမီက ပြောသည်။

မူးယစ်ဆေးစွဲကာ စိတ်ဝေဒနာ ခံစားနေရသော လိုနီအတွက် များစွာကြိုးစားပေးခဲ့သော်လည်း အရာမထင် ဖြစ်ခဲ့ရပုံကို ဂျရမီက ပြောပြသည်။

“တချိန်က ကျွန်တော်ချစ်ခဲ့တဲ့ အမျိုးသမီး မရှိတော့ပါဘူး။ အခုအမျိုးသမီးက စိတ်ပိုင်းအခြေအနေ ဘယ်လိုရှိသည်ဖြစ်ပါစေ ကျွန်တော်သိတဲ့အမျိုးသမီး မဟုတ်ပါဘူး”

 

(ဓာတ်ပုံ-BackGrid)

“ကျွန်တော့်ဘဝရဲ့ အချစ်ကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျွန်တော် ချစ်ရေးဆိုဖူးတဲ့၊ လက်ထပ်ချင်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးကို ကျွန်တော် ဆုံးရှုံးခဲ့တယ်။ ကျွန်တော့်အသက် အခု ၄၄ နှစ်ရှိပါပြီ။ ဘယ်သူ့ကိုမှ ထပ်ပြီးချစ်ရေးမဆိုထားသလို လက်ထပ်ချင်စိတ်လည်း မရှိပါဘူး”

“သူက ကျွန်တော့်ရဲ့ ရွေးချယ်မှုပါ။ ကျွန်တော် တစ်ကြိမ်တည်းပဲ လုပ်ဆောင်ဖူးတဲ့ ရွေးချယ်မှုပါ။ အဲဒါကို ကျွန်တော် ဆုံးရှုံးခဲ့ပါတယ်”

ဂျရမီနှင့် လိုနီတို့ လက်တွဲခဲ့သော အိမ်ထောင်ရေးကာလ၏ နောက်ဆုံးနှစ်တွင် လိုနီ၏ စိတ်ကျန်းမာရေး အခြေအနေမှာ အလွန်ဆိုးရွားနေခဲ့သည်။

အခြားသူက ရန်ပြုမည်ကို အလွန်စိုးရိမ်ကြောက်ရွံ့စိတ်ပေါ်ပေါက်ခြင်း၊ စိတ်ခြောက်ခြားကာ ထင်ယောင်ထင်မှား ဖြစ်ခြင်းများ ဆိုးရွားစွာ ခံစားခဲ့ရပြီး ခင်ပွန်းဖြစ်သူ ဂျရမီကို မိမိ၏ ရန်သူဖြစ်သည်ဟု မှတ်ထင်နေခဲ့သည်။ 

 

(ဓာတ်ပုံ-Getty Images)

(ဓာတ်ပုံ-Facebook)

(ဓာတ်ပုံ-Splash News)

(ဓာတ်ပုံ-BackGrid)

(ဓာတ်ပုံ-Splash News)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeremy Jackson's Homeless Ex Loni Willison Spotted Going Through Trash After The 'Baywatch' Star's Heartbreaking Confession About 'Losing The Love of His Life' Photo Credit- Splash News, BackGrid, Facebook, Getty, GlamFit, MEGA

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service