Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း - Property Knowledge in Myanmar from iMyanmarHouse.com
8 Jan 2025 12:08 pm တွင် တင်ခဲ့သည်
523 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ကြက်သွန်နီများ ပျော့သွားပြီဆိုပါက လွှင့်ပစ်လိုက်ရန်သာ ရှိတော့သည်။

ကြက်သွန်နီကို နည်းမှန်လမ်းမှန် သိမ်းဆည်းထားမည်ဆိုပါက နှစ်ဝက်ခန့် လတ်လတ်ဆတ်ဆတ် ထားနိုင်ကြောင်း Jerry James Stone ဆိုသော YouTuber တစ်ဦးက ပြောပြလာသည်။

ဟင်းလျာများစွာတွင် ထည့်သွင်းအသုံးပြုကြသော ကြက်သွန်နီကို ရေခဲသေတ္တာအတွင်း သိမ်းဆည်း မထားသင့်။

ရေခဲသေတ္တာထဲတွင် ကြက်သွန်နီမှာ ပျော့လာကာ လျင်မြန်စွာ ပုပ်သွားနိုင်သည်။ လေဝင်လေထွက် မကောင်းသော ကြောင်အိမ်၊ စတိုခန်းများတွင် ကြက်သွန်နီကို မထားသင့်ကြောင်းလည်း James Stone က ပြောသည်။

ကြက်သွန်နီတို့သည် ခြောက်သွေ့၊ အေးမြကာ လေဝင်လေထွက်ကောင်းသောနေရာများကို နှစ်သက်ကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် လေဝင်လေထွက်နည်းသော အလုံပိတ် အံဆွဲများ၊ ဗီရိုများထဲတွင် ကြက်သွန်နီသည် လတ်ဆတ်စွာ ရှိမနေနိုင်။

ထို့အပြင် ကြက်သွန်နီကို အာလူးများနှင့် နီးနီးကပ်ကပ် မထားသင့်။

အဘယ်ကြောင့်ဆိုလျှင် ကြက်သွန်နီနှင့် နီးကပ်စွာထားပါက အာလူးများ အညှောက်ထွက်လာနိုင်သောကြောင့် ဖြစ်သည်။

ကြက်သွန်နီကို ကြက်သွန်ဖြူတို့နှင့် ကပ်လျက်ထားရှိခြင်းမှာ အကောင်းဆုံးဖြစ်ကြောင်း James Stone က အခိုင်အမာပြောသည်။

ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့သည် တူညီသောဝန်းကျင်ကို နှစ်သက်ရာ အေးမြ၊ ခြောက်သွေ့၊ လေဝင်လေထွက်ကောင်းသော နေရာကို နှစ်သက်ပုံချင်း တူညီကြသည်။ ကြက်သွန်နီတို့ကို ကြက်သွန်ဖြူနှင့် ကပ်လျက်ထားပါက ၆ လအထိ အထားခံကြောင်း မစ္စတာ Stone က ကတိပေးသည်။

James Stone ၏ YouTube ဗွီဒီယိုတွင် ကြက်သွန်နီထားသိုနည်း မျှဝေပေးသည့်အတွက် ကျေးဇူးတင်ကြောင်း မှတ်ချက်ပြုသူများစွာရှိသည်။

တစ်ဦးက “အိုး…ကျွန်မက ကြက်သွန်နီကို အမြဲတမ်း အာလူးတွေဘေးမှာထားတာ။ အာလူးတွေက အမြဲတမ်းလို အညှောက်ထွက်လာတယ်။ အာလူးကို သိပ်မစားဖြစ်ဘူးထင်တယ်လို့ ကိုယ့်ဟာကိုယ် တွေးနေမိတာ။ ကျေးဇူးပါ” ဟု မှတ်ချက်ပြုသည်။

(ကြက်သွန်နီကို ကြက်သွန်ဖြူနှင့် ကပ်လျက်ထားသင့်သည်။)

“ကျွန်မက အာလူးနဲ့ ကြက်သွန်နီကို အမြဲတမ်း အတူတူထားတာ။ အာလူးတွေ အညှောက်ပေါက်တာ ဘာလို့ အရမ်းမြန်နေတာလဲလို့ ကျွန်မ သိချင်နေတာ။ အခုလို ပြောပြပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအကြောင်းကို ကျွန်မရဲ့ သားမြေးမြစ်တွေအထိ လက်ဆင့်ကမ်းပေးသွားပါမယ်” ဟု အခြားတစ်ဦးက မှတ်ချက်ပေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Onions will stay fresh for 'six months' when stored in an unexpected area of your home

Photo Credit-Getty

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service