ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2025 10:46 am တွင် တင်ခဲ့သည်
1137 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဂျပန်နိုင်ငံမှ သန်းကြွယ်သူဌေး အဘိုးတစ်ဦးဖြစ်သူ ဟိရို့တို ကီရိတနိသည် စတော့ရှယ်ယာဈေးကွက်မှ ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရနေသော်လည်း ဆင်းဆင်းရဲရဲ ဘဝဖြင့် နေထိုင်ရပ်တည်ပုံမှာ အင်တာနက်သတင်းများတွင် ပျံ့နှံ့နေသည်။

ပြောစမှတ်တွင်အောင် ချွေတာသော ကီရိတနိမှာ “ကုန်းဆင်း ဆရာကြီး”ဟုလည်း လူသိများသည်။

စတော့ဈေးကွက်မှ ဝင်ငွေကြီးမားစွာရရှိနေသော်လည်း ကီရိတနိသည် ကူပွန်များကိုသုံး၍သာ အခမဲ့ပေးဝေသော အရာများ အမြဲလိုက်လံယူဆောင်လေ့ရှိသည်။

(ကီရိတနိသည် ရှိုဂီဟုခေါ်သော ဂျပန်စစ်တုရင် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်တွင် စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စတင်လုပ်ဆောင်ခဲ့သည်။ ဓာတ်ပုံ-YouTube/ @hiroto)

ကီရိတနိသည် ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်တွင် ရှယ်ယာများပိုင်ဆိုင်ထားပြီး သူ၏ ရင်းနှီးမြှုပ်နှံထားမှုမှာ ယန်းငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၆၃၀,၀၀၀ ကျော်) ရှိသည်။

ကီရိတနိသည် ယခင်က ဂျပန်စစ်တုရင် ရှိုဂီ ကစားသမားဟောင်းတစ်ဦးဖြစ်သည်။

ဂျပန်စစ်တုရင် ကျွမ်းကျင်သူ ကီရိတနိကို စတော့ရှယ်ယာကုမ္ပဏီတစ်ခုက ဖိတ်ခေါ်ကာ သင်တန်းပို့ချစေခဲ့ ဖူးကြောင်း South China Morning Post (SCMP) သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါ စတော့ရှယ်ယာကုမ္ပဏီတွင် ရှိုဂီသင်တန်းပို့ချနေစဉ်ကာလအတွင်း ကီရိတနိသည် စတော့ရှယ်ယာ လောကကို ထဲထဲဝင်ဝင်လေ့လာခဲ့ပြီးနောက် ရှယ်ယာဝယ်ရောင်းအလုပ်ကို အလွန်ကျွမ်းကျင်လာခဲ့ကာ ယန်းငွေ သန်း ၁၀၀ ခန့် ရှယ်ယာများပိုင်ဆိုင်လာခဲ့သည်။

၂၀၂၄ နှစ်လယ်ပိုင်းတွင် ကီရိတနိ၏ ကြွယ်ဝမှုမှာ ယန်းငွေ သန်း ၆၀၀ နီးပါး (ကန်ဒေါ်လာ ၃ ဒသမ ၈ သန်း) ရှိလာသည်။

ယခုအခါ သူ၏ ကြွယ်ဝမှုမှာ အလွန်များပြားနေပြီး နေအိမ်ထဲတွင် ယခင်က ပြန့်ကျဲထားရှိခဲ့ပြီး မေ့လျော့နေခဲ့သော ငွေစက္ကူများစွာပင် ပြန်လည်ရှာဖွေတွေ့ရှိနေသည်ဟု ဆိုသည်။

((ခြိုးခြံချွေတာသော ဘဝနေထိုင်မှု))

ကီရိတနိသည် အလွန်ချမ်းသာကြွယ်ဝသော်လည်း စစ်စစ်ကုပ်ကုပ်ဖြင့်သာ ခြိုးခြံနေထိုင်သည်။

အဝတ်အစားအတွက်လည်း Luxury brand များ မဝတ်ဘဲ သာမန်သာ ဝတ်ဆင်သည်။ သွားလာရေးအတွက် စက်ဘီးကိုသာ သုံးသည်။

ထိုစက်ဘီးကိုပင်လျှင် ကူပွန်များဖြင့် ဝယ်ထားခြင်း ဖြစ်သည်။

သူ၏နေအိမ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိသော်လည်း high-end နေအိမ်တစ်လုံးနှင့်မတူဘဲ ရှုပ်ပွနေသော ဂိုဒေါင်တစ်လုံးနှင့်သာ တူနေသည်။

၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားပျက်ကပ်တွင် စတော့ဈေးကွက်လည်း ပြိုလဲခဲ့ရာ ကီရိတနိမှာ ယန်းငွေ သန်း ၂၀၀ ခန့် အထိနာသွားသည်။

ထိုနောက်ပိုင်းကတည်းက ခြိုးခြံစစ်ကုပ် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း SCMP က ဖော်ပြသည်။

ငွေမကုန်စေရန်အတွက် ကီရိတနိက ကူပွန်များကို ဝီရိယထားကာ စုဆောင်းခြင်း၊ စားသောက်ကုန်-အဝတ်အထည်မှသည် ဖျော်ဖြေရေးကဏ္ဍအထိ ၎င်းရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်က ပေးသည့် ရှယ်ယာရှင်အကျိုးခံစားခွင့်များ ရယူခြင်းတို့ ပြုလုပ်ခဲ့သည်။

သူ၏ နိစ္စဓူဝ လုပ်ဆောင်မှုမှာ ကူပွန်များ သက်တမ်းမကုန်မီ လိုက်လံသုံးစွဲရခြင်း ဖြစ်သည်။

မနက်အစောပိုင်းတွင် ကီရိတနိသည် ကူပွန်ဖြင့် ဝယ်ထားသော စက်ဘီးလေးကို စီးကာ တိုကျိုမြို့တခွင် ပြဲပြဲစင်အောင် လှည့်လည်သွားလာသည်။

စားသောက်ဆိုင်များတွင် အခမဲ့ပေးသော စားစရာများကို လိုက်လံစားသောက်၏။

၎င်းများစွာ စိတ်မဝင်စားသော အရာများတွင်ပါ အခမဲ့ရလျှင် လိုက်လံယူဆောင်သည်။

၎င်းရရှိထားသော gym အခမဲ့ မန်ဘာဝင်ခွင့်ရထားမှု၊ ရုပ်ရှင်လက်မှတ်များ၊ sauna ဝန်ဆောင်မှုများ၊ ကာရာအိုကေ ဆိုခွင့်များ၊ bungee ခုန်ခြင်းများ၊ ရိုလာကိုစတာစီးခြင်းများ လုပ်ဆောင်လေ့ရှိသည်။

ကီရိတနိသည် နှစ်စဉ် ရုပ်ရှင်လက်မှတ်ပေါင်း ၄၀၀ ခန့်ရလေ့ရှိပြီး ရုပ်ရှင်ဇာတ်ကား ၁၄၀ ခန့်အထိ ကြည့်ရှုသည်။

ထိုပမာဏမှာ ရုပ်ရှင်ဝေဖန်ရေးဆရာတို့ ကြည့်ရှုသည့် ဇာတ်ကားပမာဏထက်ပင် များပြားနေသည်။

သို့သော် ကီရိတနိက ဝန်ခံပြောကြားသည်မှာ ရုပ်ရှင်ဇာတ်လမ်းကို အာရုံစိုက်ခြင်းမဟုတ်ကြောင်း၊ ရုပ်ရှင်ရုံထဲတွင် သက်တောင့်သက်သာရှိသော ခုံများ၌ ထိုင်ကာ တရေးတမော အိပ်စက်ခြင်းဖြစ်ကြောင်း ပြောသည်။

ကီရိတနိ၏ ဒဿနမှ ရှင်းသည်။

“ကူပွန်တွေ မသုံးဖြစ်ဘဲ သက်တမ်းကျော်သွားတာ ရှက်ဖို့ကောင်းတယ်” ဟူ၏။

ကီရိတနိက သူ၏ခြိုးခြံချွေတာပုံ နည်းလမ်းများအကြောင်း စာအုပ်များ ရေးသားထုတ်ဝေထားသည့်အပြင် ရုပ်မြင်သံကြားအစီအစဉ်များတွင်လည်း မျှဝေပြောကြားမှုများ ပြုလုပ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: God of freebies’: 75-year-old millionaire rides bicycle, lives off coupons for 36 years YouTube/@Hiroto

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service