တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel - Property Knowledge in Myanmar from iMyanmarHouse.com
6 Jan 2025 10:25 am တွင် တင်ခဲ့သည်
596 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

● အမည်- Floating Hotel

● ဗိသုကာအဖွဲ့- More Architecture ● အကျယ်အဝန်း- စတုရန်းမီတာ ၈၀၀၀ ● စတင်ဆောက်လုပ်သည့်ကာလ- ၂၀၂၃ ခုနှစ် ● ဓာတ်ပုံမှတ်တမ်း- Kris Provoost ● ဆောက်လုပ်သည့် ကန်ထရိုက်တာ- Zhejiang Dadongwu ဆောက်လုပ်ရေးကုမ္ပဏီ တရုတ်ပြည်သည် စက်မှုနှင့် မြို့ပြအသွင်ပြောင်းလဲမှု ဆယ်စုနှစ်များစွာ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ရာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

ငွေရွှင်သော လူလတ်တန်းစားများ အလွန်တရာများပြားလာနေရာ ပြည်တွင်း ခရီးသွားလုပ်ငန်းမှာလည်း အလွန်ဖွံ့ဖြိုးလာသည်။

တရုတ်ပြည်တွင် မြို့ပြနေ ချမ်းသာကြွယ်ဝသူများစွာမှာ မြို့ပြ၏အပြင်ဘက် အတွေ့အကြုံသစ်များ ရှာဖွေရန် ကျေးလက်ဒေသများသို့ အပန်းဖြေခရီးသွားလာကြသည်။

သဘာဝတရားဆီသို့ ပြန်လာနေကြသူများအတွက် ကျေးလက်ဒေသများတွင် ခေတ်မီဆန်းပြားသော ဟိုတယ်များ ဆောက်လုပ်လာကြသည်။

ထိုသို့သော ဟိုတယ်များတွင် တရုတ်ပြည် အနောက်မြောက်ပိုင်း Zhejiang ပြည်နယ်၊ Huzhou မြို့၊ Anji အရပ် မှ ထူးဆန်းသောဟိုတယ်လည်း ပါဝင်သည်။

ရှန်ဟိုင်းမှ မော်တော်ကားဖြင့်သွားလျှင် ၃ နာရီခရီးအကွာတွင် ရှိသည်။

အဆိုပါဟိုတယ်ကို More Architecture ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး တောင်များ၏ အပေါ်ဆီတွင် မိုးပျံပူဖောင်းသဖွယ် လေထဲ၌ လွင့်တက်နေသည့်ဟန် မှတ်ထင်ရသည်။

ဟိုတယ်အဆောက်အအုံမှာ တောင်ပေါ်ဝါးတောအလယ်တွင် တည်ရှိပြီး သဘာဝတရားနှင့် သဟဇာတဖြစ်စွာ ပေါင်းစည်းနေသည်။

Anji ၏ တောင်ဘက် Dachangping တောင်ပေါ်ဒေသတွင် ပထမဆုံးအဆောက်အအုံလည်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် မြို့ပြအသွင်ပြောင်းလဲမှု အကြီးမားဆုံး လုပ်ဆောင်နေသည့်နေရာဖြစ်သော ယန်စီ မြစ်ဝကျွန်းပေါ်တခွင်တွင် ဤဝါးတောများ ပေါများသောဒေသမှာ စိမ်းလန်းစိုပြည်သည့် အိုအေစစ်တစ်ခု ဖြစ်နေသည်။

လှိုင်းတွန့်သဖွယ် ပုံဖော်ထားသော အမိုးအောက်တွင် ဗိသုကာပညာရှင်တို့က မှန်များဖြင့် ကာရံထားသော နေရာ ၄ ခု ထည့်သွင်းပေးထားရာ Lobby ၊ Yoga room ၊ စားသောက်ဆိုင်၊ မင်္ဂဆောင်နှင့် ပါတီပွဲများကျင်းပရာ ပွဲခန်းမနေရာတို့ဖြစ်ပြီး တောင်ကြား၏ အံ့မခန်းရှုမျှော်ခင်းများကို အပေါ်စီးမှ တွေ့မြင်ရသည်။

ဟိုတယ်၏ ပင်မ amenities များ အောက်ဘက်ဆီတွင် ဟိုတယ်ခန်း ၁၈ ခန်းရှိသည်။ တည်းခိုမည့် ဧည့်သည်တော်များအနေဖြင့် မိမိတို့အခန်းများရှိရာသို့ အပြင်ဘက်ရှိ လှေကားမှတဆင့် တက်ရမည် ဖြစ်သည်။

ဟိုတယ်ရှိ စင်္ကြန်များကို နံရံများဖြင့် ကာရံထားခြင်းမရှိရာ သဘာဝ ပတ်ဝန်းကျင်နှင့် အမြဲထိတွေ့ ကြည့်ရှုခွင့် ရရှိနေမည် ဖြစ်သည်။

အိပ်ယာနှင့် စားပွဲများ အပါအဝင် သစ်သား ပရိဘောဂများကိုလည်း More Architecture က ဒီဇိုင်းရေးဆွဲ ပေးခဲ့ခြင်း ဖြစ်သည်။

ခုံစောင်းများနှင့် အရက်ဘားတို့ကိုမူ တာရာဇိုကို အသုံးပြုကာ ပြုလုပ်ထားသည်။

သံမဏိကော်လံတိုင်များဖြင့် ဟိုတယ်အဆောက်အအုံကို တောင်၏အပေါ် ၈ မီတာခန့် ပင့်မြှောက်ပေးထားရာ အဆောက်အအုံအောက်ဘက်တွင် နေရာလွတ်များစွာ ရှိစေသည်။

ထိုနေရာတွင် ရေကူးကန်နှင့် အဝတ်လဲခန်းတို့ ထားရှိသည်။

အဆောက်အအုံကို အပေါ်သို့ တင်ထားပေးခြင်းကြောင့် အဆောက်အအုံအောက်တွင် သဘာဝနှင့် အတားအဆီးမရှိ ထိတွေ့ခွင့်ရစေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside the incredible floating hotel 'carved out of a mountain' (archdaily)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service