အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား

အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား - Property Knowledge in Myanmar from iMyanmarHouse.com
4 Jan 2025 12:14 pm တွင် တင်ခဲ့သည်
484 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အမြင်လှရုံသက်သက် အိမ်တစ်အိမ်ကို သန့်ရှင်းရေးလုပ်တာ မဟုတ်ဘူးဆိုတာတော့ အားလုံးသိပြီးသား ဖြစ်မှာပါနော်။ အမှန်တော့ ကျန်းမာရေးအတွက်သင့်လျော်ပြီး နေချင်စရာပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးဖို့အတွက်လည်း အိမ်ကို သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။ ပုံမှန်သန့်ရှင်း‌ရေးလုပ်ပေးခြင်းက တစ်ကိုယ်ရေအတွက်ရော ပတ်ဝန်းကျင်ကိုပါ သန့်ရှင်းစေတဲ့အပြင် ဖုန်တွေတက်ပြီး ခိုအောင်းနေတာကို တားဆီးပေးပြီး ပိုးမွှားတွေနဲ့ ကိုယ်ခန္ဓာ ယားယံတာမှုတွေကိုပါ ကာကွယ်ပေးနိုင်တာပေါ့။ ဒါကြောင့် လန်းဆန်းပြီး နေချင်စရာ ပတ်ဝန်းကျင်ကမ္ဘာလေးတစ်ခုကို ဖန်တီးတဲ့အခါ အလွန်အမင်း မပင်ပန်းစေရအောင် အလွယ်တကူ လိုက်နာစရာ အလေ့အကျင့်ကောင်းလေးတွေကို ဝေမျှပေးလိုက်ပါရစေ။

နေ့စဉ် သန့်ရှင်းရန်

နေ့တစ်နေ့ကို အမှန်ကန် ဆုံးဖြတ်သန်းဖို့ အိပ်ယာသိမ်းတာက စရမယ်ဆိုတာ သဘာ၀ကျတာပေါ့။ ဒါက ကိုယ့်တစ်နေ့တာကို ကောင်းမွန်တဲ့ သဘောဆောင်စေဖို့အတွက် အလွယ်ကူဆုံးလုပ်နိုင်တဲ့အရာလေးပဲ ဖြစ်ပါတယ်။ စားပြီးသောက်ပြီးတဲ့အခါ မီးဖိုချောင်ကို လှည်းကျင်းပြီး မီးဖိုခန်းကြမ်းပြင်ကို သန်ရှင်းနိုင်ပါတယ်။

 

အများကြီး ပုံမလာခင် အဝတ်တွေကို ကြုံရင်ကြုံသလိုလျှော်ဖွပ်တဲ့ အလေ့အကျင့်ကလည်း အထောက်အကူဖြစ်စေပါတယ်။ အမြဲထိတွေ့နေကျ မျက်နှာပြင်တွေဖြစ်တဲ့ ကော်ဖီစက်တွေ၊ ရေချိူးခန်းထဲက စင်တွေနဲ့ ရေဘုံဘိုင်တွေလို ပိုးမွှားစုနိုင်တဲ့ချောင်တွေကို နေ့စင်သုတ်သင် ရှင်းလင်းပေးဖို့ လိုအပ်ပါတယ်နော်။

 

အပတ်စဉ် သန့်ရှင်းရန်

တစ်ပတ်ပြည့်သွားပြီဆိုရင်တော့ အိမ်ဂေဟာလေးကို အချစ်တွေ ပိုရမယ့်အချိန်ကို ရောက်ရှိလို့လာပါပြီ။ မီးဖိုချောင်နဲ့ ရေချိုးခန်းကို ပြောင်လက်နေအောင် ကြမ်းတိုက်၊ မှန်တွေမှာထင်နေတဲ့ အစင်းရာတွေကို တိုက်ချွတ်ပစ်ချိန် ရောက်ပြီပေါ့။ ကြမ်းပြင်ပေါ်နဲ့ ပရိဘောဂပစ္စည်းတွေပေါ်က ဖုန်တွေအကုန် လှည်းကျင်းပြီး ဖုန်စုပ်ဖို့လည်း မမေ့ပါနဲ့နော်။

အိပ်ယာခင်းတွေ လဲသင့်ရင်လဲပြီး ရေခဲသေတ္တာထဲက အချိန်လင့်နေတဲ့ စားစရာတွေကိုလည်း ဖယ်ရှားသင့်တယ်လေ။ အသေးအမွှားလေးတွေက အစပြုလို့ နောက်ပိုင်းမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်တာပေါ့။ နောက်ပြီး မီးဖိုချောင်သုံး ရေမြှုပ်တွေကို ပိုးသတ်ဖို့လည်း မမေ့ပါနဲ့နော်။ သူတို့က တကယ့်ပိုးမွှားတွေ ပေါက်ပွားရာနေရာဖြစ်နေလို့ပါ။

 

လစဉ် သန့်ရှင်းရန်

လေဝင်လေထွက်ပေါက်တွေ၊ သစ်သားမျက်နှာပြင်နဲ့ ပစ္စည်းတွေကို ဖုန်သုတ်သန့်စင်သင့်တဲ့အချိန် ဖြစ်ပါတယ်။ နောက်တစ်ခါ မီးလုံးတွေ၊ မီးပလပ်တွေနဲ့ လိုက်ကာစတွေကိုလည်း ဖုန်ခါရင်း ပိုပြီး အတွင်းကျကျ သန့်စင်သင့်ပါတယ်။ ဒီလုပ်ငန်းဆောင်တာ အသေးလေးတွေကို ပုံမှန်လုပ်ဆောင်ပေးတဲ့အခါ သင့်နေအိမ်ကို ဘယ်လောက်ရှင်းလင်းသွားစေသလဲဆိုတာ လက်တွေ့မြင်နိုင်ရပြီး စိတ်ချမ်းသာရမှာ အသေအချာပဲပေါ့။ ဒီလိုအချိန်မှာပဲ ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်တွေကို ရှင်းလင်းပေးမယ် ဆိုရင်တော့ လစဉ်တာဝန်လေးတစ်ခုကို ချောချောမွေ့မွေ့ လက်စသတ်နိုင်ပြီပေါ့နော်။

 

၃-၆ လတစ်ခါ သန့်ရှင်းရန်

၃-၆ လတစ်ခါဆိုတော့ ပိုပြီး အတွင်းကျကျ ရှင်းလင်းဖို့အချိန် ရောက်ပြီပေါ့။ အပြင်ပန်း‌ကော အတွင်းက အနံ့အသက်ကိုပါ လန်းဆန်းအေးမြနေအောင် ရေခဲသေတ္တာအထဲကို သန့်စင်ပါ။

 

ပရိဘောဂတွေကို နေရာရွေ့ပြီး အောက်ခြေနဲ့ ရောက်ဖို့ခက်တဲ့နေရာတွေက အညစ်အကြေးတွေကို ရှင်းလင်းပစ်ပါ။ အိပ်ယာကိုလည်း သက်တောင့်သက်သာ ဖြစ်အောင် ခေါင်းဦး၊ ဖက်ခေါင်းဦးအစွပ်တွေကိုပါ လျှော်ဖွပ်ပါ။ အိမ်သန့်ရှင်းတာက ပင်ပန်းတယ်ထင်ရပေမဲ့ မိသားစုနဲ့ သူငယ်ချင်းတွေဆီက အကူအညီရတဲ့အခါ ပျော်စရာကောင်းမှာ ဖြစ်ပါတယ်နော်။

 

 

နှစ်စဉ် သန့်ရှင်းရန်

နှစ်စဉ်လုပ်သင့်တဲ့ထဲမှာ တစ်အိမ်လုံးကို နက်နက်ရှိုင်းရှိုင်း သန့်ရှင်းရေးလုပ်ပေးခြင်းလည်း ပါဝင်တာပေါ့။ ကောဇောတွေ၊ ပြတင်းပေါက်တွေကို ပရော်ဖက်ရှင်နယ် သန့်ရှင်းရေးသမားတွေကို ခေါပြီး အသစ်အတိုင်း ပြန်ဖြစ်သွားတဲ့အထိ ဝန်ဆောင်မှုရယူနိုင်သလို ကိုယ်တိုင်လည်း မိသားစုအကူအညီရယူပြီး သန့်စင်နိုင်ပါတယ်နော်။ ဒါ့အပြင် ရေစီးရေလာ ကောင်းမွန်ဖို့ ရေမြောင်းကိုရှင်းထုပ်ပေးပြီး ခန်းဆီးနဲ့လိုက်ကာတွေကို အသန့်ရှင်းဆုံးဖြစ်အောင် လျှော်ဖွတ်ပြီး အသစ်လဲသင့်လဲပါ၊

တကယ်တော့ အိမ်သန့်ရှင်းရေးအလုပ်ဆိုတာ ပြီးဆုံးသွားတယ်လို့ မရှိတဲ့ နိစ္စဓူ၀အလုပ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ရှည်ရှည်နဲ့ အစဉ်မပြတ် ပြုလုပ်နေဖို့က အဓိကဖြစ်ပါတယ်။ သန့်ရှင်းရေးလုပ်တာက ပင်ပန်းတယ်မြင်ရနိုင်ပေမဲ့ လုပ်နိုင်သလောက်လေး ခွဲခွဲပြီးလုပ်တာက ပိုမိုလွယ်စေပါတယ်။ ပုံမှန်လုပ်ရိုးလုပ်စဉ်ထားပြီး အမြဲလုပ်နေခြင်းက သင့်အိမ်ကို ပိုမိုနေချင်စဖွယ်ဖြစ်စေသလို သက်တောင့်သက်သာလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ခုရှိတာက မိမိတစ်ကိုယ်တည်းလုပ်ဖို့ အရမ်းဝန်ပိနေတဲ့အခါ မိသားစုကို အကူအညီတောင်းဖို့လည်း မမေ့ပါနဲ့နော်။ မိမိအိမ်သန့်ရှင်းရေးဟာ မိသားစုဝင်အားလုံးရဲ့ တာဝန်ဖြစ်သင့်တယ်မဟုတ်လား။ အတူတကွ ဆောင်ရွက်တဲ့အခါ သန့်ရှင်းရေးအလုပ်ဟာလည်း ပျော်စရာကောင်းလာမှာ သေချာပါတယ်။ အားလုံးခြုံပြောရရင်တော့ သန့်ရှင်းတဲ့ နေအိမ်ဆိုတာ သင်နဲ့သင့်မိသားစုအတွက် ရုပ်ထွက်ကောင်းဖို့တင်မဟုတ်ပဲ ပိုကျန်းမာသန့်ရှင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အိမ်ဂေဟာလေးတစ်ခုပဲဆိုတာကို နှလုံးသွင်းထားဖို့ ဖြစ်ပါတယ်နော်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  cityrewards

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service