စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
4 Jan 2025 3:45 pm တွင် တင်ခဲ့သည်
859 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စွန့်လွှတ်ခြင်းစာချုပ် မချုပ်ဆိုခင် မြေပုံ/မြေရာဇဝင်ကူးယူရမည်ဖြစ်ရာ အဆိုပါမြေပုံမှာ ပူးတွဲပိုင်ဆိုင် သူ၊ မှတ်ပုံတင်စာချုပ် အဆက်အစပ်ဖြင့် ပိုင်ဆိုင်သူတို့မှ များသာ လျှောက်ထားနိုင်သော မြေပုံတစ်ရပ်ပင်ဖြစ် ပါသည်။ မြေအမျိုးအစားများရှိသည့်အနက် မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ၊ မြေငှားစာချုပ် (ဂရန်မြေ)နှင့် လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ၃-(ခ) (သို့) ၃(က) ရရှိပြီး မြေများကို စွန့်လွှတ်စာချုပ်ချုပ်ဆိုရန်အတွက် မြေပုံ/မြေရာဇဝင် ကူးယူ လျှောက်ထားခြင်းပြုနိုင်ပါသည်။

စွန့်လွှတ်ခြင်းအတွက် မြေပုံလျှောက်ထားရာတွင် သတ်မှတ်ခွင့်ပြု လျှောက်လွှာပုံစံအတိုင်း ဖြည့်စွက်ကာ လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူ၏မှတ်ပုံတင်၊ ဂရန်မြေဖြစ်ပါက မြေငှားချကြွေး ကျန်ကင်းရှင်း ကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာ၊ ဂရန်မြေဖြစ်ပါက မြေငှားစာ ချုပ်၊ မြေပိုင်မြေ၊ ဘိုးဘွားမြေနှင့် ဂရန် မြေဖြစ်ပါက မှတ်ပုံတင်ထားသော စာချုပ်စာတမ်းနှင့် ပိုင်ဆိုင်မှုနှင့် ပတ်သတ်သည့် တရားရုံးအမိန့်တစ်ရပ်ရှိလျှင် ပူးတွဲ၍ တင်ပြပေးရန်လိုအပ်ပါသည်။

ဌာနမှ လျှောက်ထားမြေမှာ ဂရန်သက်တမ်းကျန်ရှိခြင်းရှိမရှိ၊ မြေသိမ်း မှတ်ချက်ရှိမရှိ၊ မြေစာရင်းတွင် အစိုးရတားမြစ်ချက်၊ တားဝရမ်း ဘဏ်ကန့်ကွက်ရှိမရှိ စစ်ဆေးမည်ဖြစ်ပါသည်။ ထို့အပြင် စွန့်လွှတ်စာချုပ်ချုပ် ဆိုမည့်သူများမှ တရားရုံးဒီကရီ တစ်ရပ်ရပ်ရရှိထားသူဖြစ်ပါက ကန့်ကွက်ရှိမရှိ သတင်းစာကြေငြာခြင်းနှင့် မြေ ပြင် ကွင်းဆင်းစစ်ဆေးခြင်းတို့လဲ ဌာနမှပြုမည်ဖြစ်ပါသည်။

မြေပုံထွက်ရှိသောအခါ စွန့်လွှတ်စာချုပ်ကို မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ စွန့်လွှတ်ခြင်း မြောက် မမြောက်မှာ စွန့်လွှတ်ပစ္စည်းအား အမှန်တကယ်လွှဲပြောင်းကာ မှတ်ပုံတင်စာချုပ် ချုပ်ဆိုသည့်အခါမှသာ စွန့် လွှတ်ခြင်း အထမြောက်မည် ဖြစ်ပါသည်။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရှိထားခြင်းမရှိသော စွန့်လွှတ်ခြင်းစာချုပ်မှာ မှတ်ပုံတင် ဥပဒေပုဒ်မ - ၁၇ (၁) (ခ)အရ စွန့်လွှတ်မှု အထမမြောက်မည်မဟုတ်ပါ။

အမွေဆိုင်များနှင့် ဂရန်မြေအမည်ပေါက် ပူးတွဲပိုင်ဆိုင်ကြသူများမှာ စွန့်လွှတ်စာချုပ်ချုပ်ဆိုခြင်းပြုနိုင် ပါသည်။ ပစ္စည်းတစ်စုံအား ပေးကမ်းခြင်းပြုလိုလျှင် မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းစာချုပ်လဲချုပ်ဆိုခြင်းပြုနိုင် ပြီး မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းမှာ ပူးတွဲပိုင်ဆိုင်သူမဟုတ်သူကိုသာ ပေးကမ်းမှုပြုနိုင်ပါသည်။ ပစ္စည်းပိုင်ဆိုင်မှုမှာ ပူးတွဲသက်ဆိုင်ခွင့်ရှိသည့်အခါ တစ်ဦးမှာ စွန့်လွှတ်စာချုပ်ချုပ်ဆို မှတ်ပုံတင်ထားပြီး အမှန်တကယ်လွှဲပြောင်းပေးအပ်လျှင် ကျန်တစ်ဦးမှာ ပစ္စည်းအား အလုံးစုံအလိုအလျောက် ပိုင်ဆိုင်ခွင့်ရှိသွားမည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service