ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ - Property News in Myanmar from iMyanmarHouse.com
3 Jan 2025 11:45 am တွင် တင်ခဲ့သည်
486 ကြိမ် ကြည့်ရှု့ပြီး

ရွှေမြို့တော်ဟု လူသိများခဲ့သော ဆန်ဖရန်စစ္စကို၏ ကိုယ်ရောင်ကိုယ်ဝါတို့ မှေးမှိန်လာနေသည်။

အမေရိကန်ပြည်တွင် တချိန်က ကယ်လီဖိုးနီးယားတခွင်၌ ရွှေတူးသည့်လုပ်ငန်း ခေတ်စားခဲ့ဖူး သောကြောင့် ရွှေမြို့တော်ဟု နာမည်တွင်ခဲ့ခြင်း ဖြစ်၏။

ယခုအခါတွင်မူ နည်းပညာလုပ်ငန်းနယ်ပယ်တွင် ဝန်ထမ်းလျှော့ချမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်နေမှုကြောင့် ဆန်ဖရန်စစ္စကို၏ အိမ်ခြံမြေဈေးနှုန်းမှာ ကိုဗစ်ကပ်ဘေးမတိုင်မီ အခြေအနေသို့ ထိုးကျသွားခဲ့ကြောင်း SFGATE သတင်းဌာနက ဖော်ပြသည်။

ဆန်ဖရန်စစ္စကိုသည် အမေရိကန်ပြည်ထောင်စုရှိ အိမ်ခြံမြေဈေးအကြီးဆုံး မြို့ပြဒေသများတွင် တစ်ခုအပါအဝင် ဖြစ်နေဆဲဖြစ်သည်။

သို့သော် ကွန်ဒိုခန်းများနှင့် စုပေါင်းပိုင် အဆောက်အအုံများ၏ ဈေးနှုန်းမှာ ၁၄ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်း သွားပြီး လက်ရှိအားဖြင့် ပျမ်းမျှပေါက်ဈေး ကန်ဒေါ်လာ ၉၈၆၀၀၀ သာရှိတော့သည်။

ဈေးပေါက်ဈေးမှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း မတွေ့ဖူးသည့် ဈေးနှုန်းဖြစ်ကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အချက်အလက်များကို Wolf Street ၏ လေ့လာချက်အရ သိရသည်။

 

(ဆန်ဖရန်စစ္စကိုတွင် ကွန်ဒိုခန်းများနှင့် စုပေါင်းပိုင် အဆောက်အအုံတို့၏ ဈေးနှုန်းမှာ ကိုဗစ်ကပ်ဘေးမတိုင်မီ ကာလပေါက်ဈေးသို့ ထိုးကျသွားသည်။ ဓာတ်ပုံ-gdvcom-stock.adobe.com)

 

(ဆန်ဖရန်စစ္စကိုတွင် လုံးချင်းအိမ်တို့၏ ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်က ဈေးနှုန်းသို့ ကျဆင်းသွားကြောင်း SFGATE နှင့် Wolf Street တို့က ဖော်ပြသည်။ ဓာတ်ပုံ-Aaron- stock.adobe.com)

လုံးချင်းအိမ် (SFH) တို့မှာ ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်း အထွတ်အထိပ်သို့ ရောက်ခဲ့ပြီး ယခုအခါ ဈေးနှုန်း ၁၅ ဒသမ ၄ ရာခိုင်နှုန်း ထိုးကျသွားကာ ပျမ်းမျှပေါက်ဈေး ကန်ဒေါ်လာ ၁ ဒသမ ၃၉ သန်းသာရှိကြောင်း SFGATE က ဖော်ပြသည်။

ကွန်ဒိုခန်း ဈေးနှုန်းမှာ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အကြား ၂ ဆခန့် ဈေးတက်ခဲ့သော်လည်း ပြီးခဲ့သော ၂ နှစ်တာ အတွင်း ၃၀ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်း ပြုတ်ကျခဲ့ကြောင်း SFGATE က ဖော်ပြသည်။

ဆန်ဖရန်စစ္စကို၏ စောင်းနေသော တာဝါဟု နာမည်ကြီးသည့် Millennium Tower တွင် အခန်းဈေးများမှာ ၄၄ ရာခိုင်နှုန်းအထိ ထိုးကျနေသည်။

SFGATE က ဖော်ပြချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆန်ဖရန်စစ္စကိုတွင် ကွန်ဒိုခန်းတစ်ခန်းမှာ ကန်ဒေါ်လာ ၆၁၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင် ၁၀ နှစ်ခန့်က အဆိုပါအခန်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည့်အခန်းဖြစ်ကြောင်း ဖော်ပြသည်။

(ယခုကဲ့သို့ အိမ်ခြံမြေဈေးများ ထိုးကျနေမှုမှာ ဆန်ဖရန်စစ္စကိုတွင် ဝန်ထမ်းလျှော့ချမှုများ ပေါ်ပေါက်နေသည့် ကာလနှင့် တချိန်တည်းဖြစ်ပွားနေခြင်းဖြစ်ကြောင်း SFGATE သတင်းဌာနက ဖော်ပြသည်။ ဓာတ်ပုံ-Sundry Photography-stock.adobe.com)

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကဏ္ဍ ဝန်ထမ်းအင်အားမှာ ယခင်ကအောက် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။

၂၀၂၃ ခုနှစ်အတွင်း ဆန်ဖရန်စစ္စကို၌ နည်းပညာနယ်ပယ် ဝန်ထမ်းလျှော့ချမှု ၁၀၂၀၀ ဦးရှိခဲ့ကြောင်း SFGATE က ဖော်ပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: San Francisco house prices plunge amid widespread tech layoffs Photo Credit- Sundry Photography-stock.adobe.com, Aaron- stock.adobe.com, gdvcom-stock.adobe.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service