တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ်

တရုတ်ပြည်တွင် လေပေါ် ပေ ၅၀၀၀ အမြင့်တွင် ရှိနေသည့် ကျောချမ်းဖွယ် ကောင်းကင်လှေကား စတင်ဖွင့်လှစ် - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2025 11:30 am တွင် တင်ခဲ့သည်
656 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

 

တရုတ်ပြည်တွင် အံ့မခန်း tourist attraction တစ်ခုရှိနေပြီး ကမ္ဘာတဝန်းမှ ပရိသတ်များအနေဖြင့် အပြောကျယ်သော တောတောင်ရှုခင်းများကို ကောင်းကင်မှ တွေ့မြင်ခွင့်ရမည့်နေရာ ဖြစ်သည်။

တရုတ်ဘာသာအားဖြင့် ထျန်းတီဟုခေါ်ပြီး ကောင်းကင်ဘုံသို့လှေကားဟု အဓိပ္ပာယ်ရသည်။

ထျန်းတီ တည်ရှိသည့်နေရာမှာ တရုတ်ပြည် အနောက်တောင်ပိုင်း ဟူနန်ပြည်နယ်၊ ကျောင်းကျားကျယ် (Zhangjiajie) သဘာဝဥယျာဉ်ရှိ ရှီးရှင်း (Qixing) တောင်တွင် ဖြစ်သည်။

တရုတ်အစိုးရ၏ နိုင်ငံပိုင်သတင်းမီဒီယာတွင် ဖော်ပြချက်အရ ထျန်းတီ ကောင်းကင်လှေကား၏ အလျားမှာ ၅၅၁ ပေရှိပြီး တောင်နံရံ ချောက်ကမ်းပါး ၂ ခုကြား ဆက်သွယ်ပေးထားကာ မြေပြင်အထက် အမြင့်ပေ ၅၀၀၀ တွင်တည်ရှိသည်ဟု ဆိုသည်။

သံမဏိလက်ရန်းများ၊ ခြေနင်းပြားများနှင့် ဆိုင်းကြိုးများ အသုံးပြုထားပြီး အသည်းကောင်းသူများအနေဖြင့် ကောင်းကင်လှေကားမှတက်ကာ ကောင်းကင်ဆီသို့ အရောက်လှမ်းနိုင်မည် ဖြစ်သည်။

သြစထရီးယားနိုင်ငံတွင်လည်း Via Ferrata အမည်ရှိ ကောင်းကင်လှေကားရှိသည်။ Via Ferrata နှင့် စပ်လျဉ်းပြီး iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။

ထျန်းတီကို ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကနဦးတွင် သတင်းမီဒီယာများနှင့် social influencer များကိုသာ ဝင်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင်မူ အများပြည်သူတို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။

ဝင်ခွင့်လက်မှတ်မှာ ဒေါ်လာ ၁၀၀ ဝန်းကျင်ရှိပြီး ထျန်းတီမှ ဝန်ထမ်းတစ်ဦးထံတွင် ဝယ်ယူနိုင်ကြောင်း နယူးယောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ကောင်းကင်လှေကားသို့ အရပ်အမြင့် အနည်းဆုံး ၄ ပေရှိသူများသာ တက်နိုင်မည်ဖြစ်ပြီး သွေးတိုးနှင့် နှလုံးရောဂါရှိသူများကို တက်ခွင့်မပြုချေ။

ထျန်းတီ ကောင်းကင်လှေကားကို တရုတ်စူးစမ်းလေ့လာရေးအသင်းက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(ထျန်းတီ ကောင်းကင်လှေကားကို တက်ရန် အနည်းဆုံး အရပ်အမြင့် ၄ ပေရှိမှ တက်နိုင်မည် ဖြစ်သည်။ ဓာတ်ပုံ-NX)

 

(မြေပြင်မှ ပေ ၅၀၀၀ အထိ မြင့်မားသည်။ ဓာတ်ပုံ-NX)

 

(ကောင်းကင်လှေကား၏ အလျားမှာ ၅၅၁ ပေရှိသည်။ ဓာတ်ပုံ-NX)

ရင်သိမ့်တုန် ကျောချမ်းဖွယ် ကောင်းကင်လှေကားသို့ နေ့စဉ် လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသွား ၁၂၀၀ ခန့်ရှိကြောင်း နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြသည်။

ဖွင့်လှစ်သည်မှာ မကြာသေးသော်လည်း စွန့်စားသွားလာလိုသူတို့အကြား အလွန်နာမည်ကြီးလာနေပြီး တခါတရံတွင် လူသူပြည့်သိပ်နေလေ့ရှိကြောင်း CCTV သတင်းက ဖော်ပြသည်။

ကောင်းကင်လှေကားသည် လူတိုင်းနှင့်မူ မသင့်တော်ချေ။ သည်းထိတ်ရင်ဖို အတွေ့အကြုံ နှစ်သက်သူ အချို့ပင် အခက်ကြုံရသည့်အခါမျိုးရှိသည်။

(ဆက်စပ်သတင်း)

ဒေါ်လာသန်းချီ ငွေပုံပေးလျှင်ပင် မသွားပါဟု ကမ္ဘာလှည့်ခရီးသွားများ ပြောကြသော ဥရောပမှ ခြောက်ခြားဖွယ်နေရာ

https://www.imyanmarhouse.com/news/read/1102911

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China's incredible 'sky ladder' which reaches a staggering 5,000ft high Photo Credit-NX

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service