ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြတ်သန်းခဲ့ရပုံ - Property Knowledge in Myanmar from iMyanmarHouse.com
2 Jan 2025 10:59 am တွင် တင်ခဲ့သည်
1109 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အချို့သော အကျော်အမော်တို့သည် အောင်မြင်မှု မရမီတွင် ဘဝကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်ကျော်ခဲ့ကြ ရသည်။

ဟောင်ကောင်သရုပ်ဆောင် ကန်နီဟို (Kenny Ho) သည် ဗြိတိန်တွင် တရားမဝင်အလုပ်သမားတစ်ဦးအဖြစ် နေထိုင်ခဲ့စဉ်အတွင်း လူသေအလောင်းများကို သယ်ယူသည့်အလုပ် လုပ်ကိုင်ခဲ့သည်ဟူသော သတင်းများရှိသည်။

ထိုအကြောင်းနှင့် စပ်လျဉ်းပြီး ကန်နီဟိုက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ပြန်ပြောင်းပြောပြခဲ့သည်။

အသက် ၆၀ ကျော်ပြီဖြစ်သော ကန်နီဟိုက ပြောပြသည်မှာ အထက်တန်းစာမေးပွဲအောင်မြင်ပြီးချိန်တွင် အဘွားဖြစ်သူ ဆုံးပါးသွားကြောင်း၊ အဘွားဆုံးပါးချိန်တွင် အလွန်စိတ်ထိခိုက် ကြေကွဲခဲ့ရကြောင်း၊ ထို့ကြောင့် ဗြိတိန်ရှိ ယောက်ဖဖြစ်လာမည့်သူ၏ အကူအညီဖြင့် ဟောင်ကောင်မှ ထွက်ခွာခဲ့ကြောင်း ပြောသည်။

“ဗြိတိန်မှာ ကျောင်းတက်တဲ့ကိစ္စအကြောင်း ပြောပြရမယ်ဆိုရင် ကျွန်တော့်မှာ ကျောင်းလခတောင် ပေးစရာ မရှိပါဘူး။ နေ့တိုင်း တရုတ်တန်းကိုသွားပြီး တရားမဝင် အချိန်ပိုင်းအလုပ်တွေ လုပ်ခဲ့ရပါတယ်” ဟု ကန်နီဟိုက ပြောသည်။

“ကျွန်တော် လူသေအလောင်းတွေ သယ်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ရှိနေပါတယ်။ အဲဒါက ဆေးရုံမှာ အလုပ်လုပ်ခဲ့ရတုန်းကပါ။ ဒါပေမယ့် တစ်နွေလုံးအလုပ်လုပ်လို့ရတဲ့ ဝင်ငွေကို တွက်ကြည့်တဲ့အခါ ကျောင်းတက်ဖို့ စရိတ်စက မရပါဘူး။ အဲဒါကြောင့် ကျွန်တော် အဲဒီအလုပ်ကနေ ထွက်ခဲ့ပါတယ်။ အဲဒီကနေ အလုပ်ထွက်ခဲ့တယ်ဆိုပေမယ့် ကျွန်တော့်အတွက် တခြားသွားစရာ အလုပ်နေရာလည်း မရှိခဲ့ပါဘူး” ဟု ကန်နီဟိုက လူသေအလောင်းများ သယ်ယူခဲ့ရပုံကို ဝန်ခံပြောဆိုသည်။

ငယ်စဉ်ကတည်းက မိဘနှစ်ပါး ကွာရှင်းပြတ်စဲခဲ့ကြရာ ကန်နီဟိုမှာ မိခင်၊ အဘွားဖြစ်သူတို့နှင့်အတူ နေထိုင်ကြီးပြင်းခဲ့ရသည်။

ကန်နီဟိုသည် ၁၉၉၃ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော ထိုင်ဝမ် ဇာတ်လမ်းတွဲဖြစ်သည့် ပြည်သူ့တရားရှင် ပေါင်ချိန်တွင် ကျန်ကျောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် လူသိများသည်။

ပြည်သူ့တရားရှင် ဇာတ်လမ်းတွဲသည် အပိုင်းပေါင်း ၂၃၆ ပိုင်းအထိရှိသော ဇာတ်လမ်းရှည်ကြီးတစ်ခုဖြစ်ကာ မြန်မာပရိသတ်များအကြားတွင်လည်း အလွန်လူကြိုက်များခဲ့သည်။ ကန်နီဟိုသည် သရုပ်ဆောင်နယ်မှ ပျောက်ကွယ်သွားခဲ့သည်မှာ ဆယ်စုနှစ်အတန်ကြာခဲ့ပြီဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် တရုတ်ပြည်၊ ကွမ်တုံပြည်နယ်၊ ဟွေ့ချန်ခရိုင်တွင် Jing Jia Zhuang Foods အမည်ရှိ ကျန်းမာရေး စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းတစ်ခု တည်ထောင်ခဲ့သည်။

ကန်နီဟိုသည် ထိုအချိန်ကတည်းက တရုတ်ပြည်တွင် အခြေချ နေထိုင်ခဲ့သည်။ ယနေ့အခါတွင် အခါအားလျော်စွာ Live လွှင့်ကာ သူ၏ ကုမ္ပဏီမှ ထုတ်ကုန်များကို ကြော်ငြာလေ့ရှိသည်။

ပြီးခဲ့သောနှစ်အလည်ပိုင်းကမူ ကန်နီဟိုက သက်ကြီးရွယ်အိုများအတွက် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ် ၎င်းအတွက် အခမဲ့စီးနင်းခွင့် ရရှိခဲ့ခြင်းကို အလွန်ပျော်ရွှင်ကြောင်း ပြောဆိုထားသည့် ဗွီဒီယိုကို တင်ခဲ့ရာ ဝေဖန်မှု များစွာ ရှိခဲ့ကြသည်။

ချမ်းသာကြွယ်ဝသူတစ်ဦးအတွက် ထိုလက်မှတ် လိုအပ်သလားဟု မေးခွန်းထုတ်ကြသည်။

ကန်နီဟိုက တုန့်ပြန်သည်မှာ “ဒါက အစိုးရက ကျွန်တော်တို့ကို ပေးတာပဲ။ အရင်တုန်းက ကျွန်တော်တို့ အခွန်တွေ ဆောင်ထားခဲ့ပါတယ်။ ဒါကြောင့် ဒါကို ခံစားထိုက်ပါတယ်”ဟု တုန့်ပြန်သည်။

ကျန်ကျောင်းဟု လူသိများသူ ကန်နီဟိုသည် ၎င်း တည်ထောင်ထားသော ကုမ္ပဏီအတွက် အလုပ်ခေါ်သည့် ကြော်ငြာတစ်ခု တင်ခဲ့မှုမှာ လူမှုကွန်ရက်တွင် အခြေအတင် ဝေဖန်ပြောဆိုမှုများဖြင့် များစွာ ဂယက်ရိုက်ခဲ့သည်။

ကန်နီဟိုက သူ၏ ကျန်းမာရေး စားသောက်ကုန် ထုတ်လုပ်ရေး ကုမ္ပဏီကို ယွမ်ငွေ သန်း ၁၀၀ (စင်္ကာပူဒေါ်လာ ၂၁ သန်း) ဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

(Jin Jia Zhuang ကုမ္ပဏီက အလုပ်ခေါ်စာကို တွေ့ရပုံ။)

ကန်နီဟို၏ ကုမ္ပဏီက Quality Control- ရာထူးနေရာနှင့် သုတေသနနေရာများအတွက် အသက် ၁၈ နှစ်မှ ၅၀ ကြားရှိသူများကို ခေါ်ယူခဲ့သည်။

ကျားမမရွေး လျှောက်ထားနိုင်ပြီး ပညာအရည်အချင်း လိုအပ်ခြင်း မရှိကြောင်း ဖော်ပြထားသည်။

စိတ်နှလုံးကောင်းမွန်ပြီး အလုပ်ကြိုးစားကာ ခေါင်းဆောင်တို့၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်သူများ ဖြစ်ရမည်ဟု ဖော်ပြသည်။

လစာမှာ ယွမ် ၃၅၀၀ မှ ၅၅၀၀ ကြား (စင်္ကာပူဒေါ်လာ ၇၃၅ မှ ၁၁၅၀ ကြား) ဖြစ်သည်ဟု ဆိုသည်။

ထိုကြော်ငြာနှင့် စပ်လျဉ်းပြီး တရုတ်ပြည်တွင်း လူမှုကွန်ရက် သုံးစွဲသူတို့က လစာနည်းလွန်းကြောင်း၊ ကန်နီဟိုမှာ ကပ်စေးနှဲကြောင်း၊ လောဘကြီးကြောင်း ဝေဖန်ကြသည်။

အချို့ကမူ ကန်နီဟိုဘက်မှ ကာကွယ် ပြောဆိုကြသည်။

ထိုဒေသရှိ စက်ရုံအများစုတွင် လခ ယွမ် ၂၀၀၀ (စင်္ကာပူဒေါ်လာ ၄၂၀ ) သာ ပေးကြောင်း၊ ကန်နီဟို ပေးသော လစာမှာ ပိုမိုများပြားကြောင်း ရှင်းပြကြသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: 'It was when I worked in the hospital': Kenny Ho admits he carried corpses as illegal worker in UK before finding fame (asiaone)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
စိတ်ဝင်စားဖွယ် အိမ်ခြံမြေ အမေးအဖြေများ
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
18th Property and Car Expo
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service