အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ် - Property News in Myanmar from iMyanmarHouse.com
31 Dec 2024 1:10 pm တွင် တင်ခဲ့သည်
754 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်ထောင်စု၏ ဈေးအကြီးဆုံးအိမ်ခြံမြေများတွင် ပါဝင်သော အိမ်ခြံမြေတစ်ခု အရောင်းဈေးကွက် ဝင်နေရာ မိုင်အမ်မီ ကမ်းလွန်မှ Indian Creek ကျွန်းတွင်ရှိသည့် မြေကွက်တစ်ခုဖြစ်သည်။

အဆိုပါမြေကွက်ကို ဝယ်ယူနိုင်မည့် အလွန်တရာ ချမ်းသာသောသူသည် Jeff Bezos နှင့် အိမ်နီးချင်း ဖြစ်လာမည် ဖြစ်သည်။

ခေါ်ဈေးမှာ ကြောက်ခမန်းလိလိ များပြားလှရာ ဝယ်ယူလိုသူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည် ဖြစ်သည်။

ကမ်းစပ်တွင် တည်ရှိပြီး မည်သည့်အဆောက်အအုံမှ ဆောက်လုပ်ရခြင်းမရှိသေးသော မြေကွက်ဖြစ်ကာ မြေကွက်အကျယ်မှာ ၁ ဒသမ ၈၄ ဧကသာ ရှိသည်။ ကျယ်ဝန်းလှသော မြေနေရာမဟုတ်သော်လည်း ကန်ဒေါ်လာ သန်း ၂၀၀ အထိ ဈေးခေါ်ထားသည်။

သို့သော် အမေရိကတွင် ဈေးအကြီးဆုံး မဟုတ်သေး။

အမေရိကတွင် အရောင်းဈေးကွက်ဝင်နေသော ဈေးအကြီးဆုံး အိမ်ခြံမြေမှာ ၂၀၂၄ နှစ်စပိုင်းက Naples တွင် ရောင်းဈေးကွက်ဝင်ခဲ့သော မြေနေရာဖြစ်ပြီး ကန်ဒေါ်လာ ၂၉၅ သန်းအထိ ဈေးခေါ်ခဲ့သည်။

(ဂျက်ဘေးဇော့စ်။ ဓာတ်ပုံ-Getty Images fot the New York Times)

 

(မိုင်အမ်မီကမ်းလွန် Indian Creek ကျွန်းတွင် ဂျက်ဘေးဇော့စ်၏ ခြံဝန်းဘေး၌ တည်ရှိပြီး ခြံဝန်းအကျယ် ၁ ဒသမ ၈၄ ဧကရှိကာ ကန်ဒေါ်လာ သန်း ၂၀၀ ဈေးခေါ်ထားသည်။ ဓာတ်ပုံ-Romain Maurice/ MEGA)

Indian Creek Island လမ်း၊ အမှတ် ၉ တွင်တည်ရှိသော ယခုမြေကွက်ကို ဝယ်ယူသူအနေဖြင့် မိမိစိတ်ကြိုက် နေအိမ်ဆောက်လုပ်ခွင့်ရရှိမည်ဖြစ်ကာ Amazon တည်ထောင်သူ ဘီလျံနာ ဂျက်ဘေးဇော့စ်နှင့် အိမ်နီးချင်း ဖြစ်ခွင့်ရမည် ဖြစ်သည်။

ဂျက်ဘေးဇော့စ်သည် အဆိုပါကျွန်းပေါ်ရှိ Indian Creek Island လမ်းပေါ်ရှိ ခြံအမှတ် ၁၁ ၊ ၁၂ နှင့် ၂၈ တို့ကို ကန်ဒေါ်လာ ၂၃၇ သန်းပေးကာ ဝယ်ယူထားသည်။

ထိုကျွန်းပေါ်တွင် Indian Creek Country Club ၊ ဧက ၃၀၀ ကျယ်သော ၁၈ ကျင်း ဂေါက်ကွင်းတို့အပြင် လူနေအိမ် စုစုပေါင်း ၄၁ လုံးသာ ရှိသည်။

ယခုဈေးကွက်ဝင်လာသည့် မြေနေရာသည် Biscayne ပင်လယ်ကွေ့နှင့် ပေ ၂၀၀ ကမ်းခြေမျက်နှာစာ ပိုင်ဆိုင်ထားပြီး မိုင်အမ်မီမြို့လယ်၏ မြင်ကွင်းများကို လှမ်းမျှော်တွေ့မြင်ရသည်။

ဝယ်ယူမည့် ပိုင်ရှင်သစ်အနေဖြင့် အလျား ပေ ၁၈၀ ရှိ ရွက်လှေတစ်စင်းရပ်နားရန် ဆိပ်ခံ ဆောက်လုပ်နိုင်မည်ဖြစ်ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Reznik Group အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Llya Reznik က ပြောသည်။

 

(ဂျက်ဘေးဇော့စ်နှင့် စေ့စပ်ထားသူအမျိုးသမီး လော်ရန်ဆန်းချက်ဇ်တို့ကို တွေ့ရပုံ။ ဓာတ်ပုံ- EOUS/ SplashNews.com)

(Indian Creek ကျွန်း၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-MEGA)

 

(ဤကျွန်းတွင် ဂျက်ဘေးဇော့စ်က နေအိမ် ၃ လုံး ပိုင်ဆိုင်ထားသည်။ Bruce Glikas/ WireImage)

ကျွန်းပေါ်တွင် ကျိကျိတက်ချမ်းသာသူများစွာ နေထိုင်ကာ လုံခြုံရေးကိုလည်း အလွန်တင်းကြပ်ထားသည်။

ကျွန်းပေါ်တွင် ကိုယ်ပိုင်ရဲတပ်ဖွဲ့ရှိပြီး ရေကြောင်းမှ ကင်းလှည့်ပေးနေသည့်အဖွဲ့လည်း ရှိသည်။

လက်ရှိပိုင်ရှင်က ယခုမြေနေရာကို ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(ကျွန်းပေါ်တွင် နေထိုင်သည့် အထင်ကရပုဂ္ဂိုလ်များစွာအနက် ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့လည်း အပါအဝင် ဖြစ်သည်။ ဓာတ်ပုံ-The Hollywood Reporter via Getty Images)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: A land parcel on an ultra-exclusive Florida island has listed for $200M — offering the rare chance to live next to Jeff Bezos Photo Credit- Getty Images fot the New York Times, Romain Maurice/ MEGA, EOUS/ SplashNews.com, MEGA, Bruce Glikas/ WireImage, The Hollywood Reporter via Getty Images

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service