ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ

ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2024 12:43 pm တွင် တင်ခဲ့သည်
1028 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဂျပန်နိုင်ငံတွင် Kansai International Airport (KIX) ကို ၁၉၉၄ ခုနှစ်က ဆောက်လုပ်ပြီးစီးခဲ့ရာ ထိုခေတ် ထိုကာလက Civil Engineering ၏ အထင်ကရအောင်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။

အိုဆာကာ ပင်လယ်ကွေ့ရှိ လူလုပ်ကျွန်းတုပေါ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဆောက်လုပ်ခဲ့သော လေဆိပ်များအနက် အကြီးမားဆုံးသော စီမံကိန်းကြီးများတွင် တစ်ခုအပါအဝင်အဖြစ် ရပ်တည်နေသည်။

လူလုပ်ကျွန်းတု ၂ ခုပေါ်တွင် ဖြန့်ကျက်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ထိုသို့ဆောက်လုပ်သည့် ပထမဆုံးလေဆိပ်လည်း ဖြစ်သည်။ KIX လေဆိပ်နှင့် ကုန်းမကြီးရှိရာသို့ အလျား ၁ ဒသမ ၉ မိုင်ရှိသော တံတားဖြင့် ဆက်သွယ်ပေးထားသည်။

အဆိုပါလေဆိပ်ကြီးတွင် တစ်ကမ္ဘာလုံး၌ အရှည်လျားဆုံးသော Terminal အဆောက်အအုံကြီးရှိသည်။

Luggage movement မှာလည်း အမှားအယွင်းရှိသည့်မှတ်တမ်းမှတ်ရာ တစ်ခုတစ်လေမျှပင် မရှိခဲ့။

သို့သော် ကြီးကျယ်ခမ်းနားလှသော လေဆိပ်ကြီးမှာ ယခုအခါ စိန်ခေါ်မှုကြီးတစ်ရပ်နှင့် ရင်ဆိုင်ရလျက်ရှိသည်။

ထိုစိန်ခေါ်မှုကြီးကား ပင်လယ်အောက်သို့ နစ်မြုပ်လာလျက်ရှိခြင်း ဖြစ်သည်။ ကျွန်းတု၏ မြေ ၁၂ မီတာနီးပါး (၃၈ ပေခန့်) ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားပြီဟု ဆိုသည်။

သို့တိုင် All Nippon Airways, Japan Airlines နှင့် Nippon Cargo Airlines တို့၏ လေယာဉ်ကြီးများ ဆင်းသက်လျက်ရှိပြီး အာရှတလွှားသို့ ဖြန့်ကျက်ပျံသန်းလျက်ရှိသည်။

 

(KIX လေဆိပ်ကို တွေ့ရပုံ။ ဓာတ်ပုံ-Getty)

လေဆိပ်ကြီး တဖြည်းဖြည်းချင်း နစ်မြုပ်လာနေသည်ကို Kansai ၏ အင်ဂျင်နီယာများ သိပါသည်။

သို့သော် နှစ် ၅၀ အတွင်း ဖြေရှင်းနိုင်မည်ဟု ခန့်မှန်းထားသည်။

ကျွန်းကို ပင်လယ်တံတိုင်းဖြင့် ကာရံသွားရန် ၎င်းတို့က စီစဉ်နေသည်။

လေဆိပ်ကို ဆောက်လုပ်ထားသည်မှာ ရေစိုနေသော ရေမြှုပ်တုံးတစ်ခုပေါ်တွင် ဆောက်လုပ်ထားသကဲ့သို့ ဖြစ်သည်။

လေဆိပ်အဆောက်အအုံများနှင့် လေဆိပ်တို့၏ အလေးချိန်ကို ခံနိုင်ရည်ရှိစေရန်အတွက်ဆိုလျှင် အောက်ခံမြေမှာ ခြောက်သွေ့သိပ်သည်းသည့် ဖောင်ဒေးရှင်းဖြစ်ရန် လိုအပ်သည်။

ထိုသို့ သိပ်သည်းစေရန်အတွက် ဆောက်လုပ်ရေးလုပ်သားတို့က သဲထု တစ်မီတာခွဲခန့် ခင်းကျင်းခဲ့ကြသည်။

ထိုသို့ ခင်းကျင်းထားသောကြောင့် ဝန်းကျင်ရှိ အစိုဓာတ်များကို စုပ်ယူနိုင်စေရန် ဖြစ်သည်။

မြေသားများ သယ်ယူလာပြီး ယခုနေရာသို့ သယ်ယူလာကာ ဖိသိပ်ပေးခြင်းများလည်း ပြုလုပ်ကာ အောက်ခြေမြေသား ခိုင်မာစေရန် ပြုလုပ်ခဲ့ကြသည်။

ဆောက်လုပ်ရေးလုပ်သားတို့သည် passenger terminal အောက်ကို တူးဖော်ခဲ့ပြီး ဟိုက်ဒရောလစ်ဂျိုက်များအောက်တွင် အပြားများခံကာ ကော်လံတိုင်များကို မြှင့်တင်ခဲ့သည်။

ပင်လယ်တံတိုင်း ကာရံရေးအတွက် ကန်ဒေါ်လာ ၁၄၆ သန်းခန့် သုံးစွဲခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အချို့သော အင်ဂျင်နီယာတို့က ယူဆသည်မှာမူ ထိုငွေပမာဏသုံးစွဲမှုမှာ နည်းပါးလွန်းပြီး စီမံဆောင်ရွက်မှု နောက်ကျလွန်းကြောင်း ပြောဆိုကြသည်။

 

(၂၀၂၃ ခုနှစ်အတွင်း Kansai လေဆိပ်သို့ ခရီးသည် ၂၅ ဒသမ ၉ သန်း ဝင်ရောက်ခဲ့သည်။ ဓာတ်ပုံ-Getty Images)

၂၀၁၈ ခုနှစ်တွင် အိုဆာကာ ပင်လယ်ကွေ့သို့ Jebi တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်ခဲ့ရာ ပင်လယ်တံတိုင်းများကို ရေလှိုင်းတို့ ဖြတ်ကျော်ခဲ့ပြီး လေယာဉ်ပြေးလမ်းများကို ရေလွှမ်းမိုးသွားခဲ့သည်။

အဆိုပါဖြစ်ရပ်ကြောင့် အကာအရံများကို ပိုမိုအဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ရာ ရေကြီးရေလျှံမှုများကို ကာကွယ်ရန် ပင်လယ်တံတိုင်းကို ၂ ဒသမ ၇ မီတာ ထပ်မံမြှင့်တင်ခြင်းလည်း အပါအဝင် ဖြစ်သည်။

အချို့က ခန့်မှန်းထားသည်မှာ ၂၀၅၆ ခုနှစ်သို့ ရောက်လျှင် ကျွန်း၏ အချို့နေရာများတွင် ၁၃ ပေ ခန့် နစ်မြုပ်သွားနိုင်ကြောင်း ခန့်မှန်းကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The incredible £15bn airport built in the middle of nowhere that's sinking into the sea (express)

Photo Credit-getty

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service