ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး

ဆင်းရဲသား ရွာလေးတစ်ရွာ ချမ်းသာကြွယ်ဝသွားခဲ့ပုံ ၊ အိန္ဒိယတွင် ဆင်းရဲနွမ်းပါးသော ဒေသခံတိုင်းရင်းသား များ ကောင်းမွန်သည့် အနာဂတ်ပိုင်ဆိုင်ရေးအတွက် ဧက ၂၀၀၀ ရှိ ဝါးတောကြီးကို ပိုင်ဆိုင်လုပ်ကိုင်ခွင့်ပေး - Property Knowledge in Myanmar from iMyanmarHouse.com
1 Jan 2025 12:09 pm တွင် တင်ခဲ့သည်
444 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

နေအတော်မြင့်ပြီ။

ပုဆိန်ခုတ်သံတို့မှာ အိန္ဒိယနိုင်ငံအလယ်ပိုင်း မဟာရပ်ရှ်တရာပြည်နယ်၊ Pachgaon ကျေးရွာအနီးရှိ ဝါးတောတခွင် ပဲ့တင်ထပ်နေသည်။

ခရစ်ကက်ကွင်းထက် ပိုမိုကြီးမားသည့် ဂိုဒေါင်ကြီးမှာ ဝါးစည်းတို့ဖြင့် ပြည့်နှက်နေသည်။ အရွယ်အစားအလိုက် သေသေသပ်သပ် စီရရီထားရှိထားသည်။

အနီးတွင် သစ်တော၏ အရောင်အတိုင်း ဆေးသုတ်ထားသော ပြတင်းပေါက်မရှိသည့် ရုံးခန်းငယ်တစ်ခု ရှိသည်။

Pachgaon ရွာလေးမှ ဆင်းရဲနုံချာသော ရွာကလေးအဖြစ်မှ ဆယ်စုနှစ်တစ်ခုအတွင်း ချမ်းသာကြွယ်ဝသော ရွာကြီးအဖြစ်သို့ ပြောင်းလဲသွားပုံမှာ အံ့အားသင့်ဖွယ်ပင်။

ရွာအနီးရှိ ဝါးတောကို ယခင်က ဒေသခံမျိုးနွှယ်စုပိုင်ဆိုင်ခဲ့သော်လည်း ကိုလိုနီခေတ်နှင့် ယင်းနောက်ပိုင်းတွင် ပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့သည်။

မကြာသေးမီဆယ်စုနှစ်များကမူ ဒေသခံတို့ကို ပိုင်ဆိုင်ခွင့်ပေးသည့် ဥပဒေချမှတ်ခဲ့ပြီးနောက် Pachgaon ရွာလေးမှ ဆင်းရဲရာမှ ချမ်းသာလာခြင်းလည်း ဖြစ်သည်။

 

(Pachgaon ရွာလေးရှိ ဝါးသိုလှောင်ထားရှိရာနေရာမှာ သစ်တောက ရွာလေးအတွက် ဆောင်ကြဉ်းပေးလာသည့် ကြွယ်ဝမှုကို ပြသနေသည်။)

 

၂၀၀၆ ခုနှစ် သစ်တော အခွင့်အရေး ဥပဒေနှင့် ၁၉၉၆ ခုနှစ် Panchayar ဥပဒေတို့အရ မျိုးနွယ်စု ကျေးရွာ ကောင်စီတို့သည် သတ်မှတ်ထားသော သစ်တောနေရာ၏ အရင်းအမြစ်များ ပိုင်ဆိုင်ခွင့် လျှောက်ထားနိုင်ပြီး သစ်သီးဝလံထုတ်ယူမှု၊ မျိုးစေ့၊ ဘယဆေးများ ရယူခြင်းနှင့် သစ်ပင်ခုတ်လှဲခြင်းများ ပြုလုပ်ခွင့်ပေးထားသည်။

Pachgaon ရွာလေး၏ ဝါးလုပ်ငန်းမှာ ပြီးခဲ့သောနှစ်အတွင်း အမြတ်ငွေ ရူပီး ၃ ဒသမ ၇ သန်း (ကန်ဒေါ်လာ ၄၃၀၀၀) ရှိခဲ့ပြီး ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စုစုပေါင်း အမြတ်ငွေ ရူပီး ၃၄ သန်းရှိခဲ့သည်။

“အရင်က ဒီတောဟာ သစ်တောဌာနက ပိုင်တာပါ။ အခုတော့ ကျွန်တော်တို့ပိုင်တဲ့သစ်တောဖြစ်နေပါပြီ။ ဒီတောကို ဘယ်လိုတိုးချဲ့မယ်၊ ပျိုးထောင်မယ်၊ ကာကွယ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး စည်းကမ်းချက် ၁၁၅ ချက် ချမှတ်ထားပါတယ်” ဟု မျိုးနွယ်စုဝင်တစ်ဦးဖြစ်သူ ဆန်ဂျေး ဂါဂျာနန် ဂိုပန်ဝါက ပြောသည်။

Pachgaon ရွာလေးသည် လူဦးရေ ၃၀၀ ခန့်သာရှိသော ရွာငယ်လေးဖြစ်ပြီး အများစုမှာ အိန္ဒိယ၏ အကြီးမားဆုံး မျိုးနွယ်စုဖြစ်သော Gond မျိုးနွယ်စုဝင်များ ဖြစ်သည်။

“ဒီမှာနေတဲ့သူအများစုက မြေယာမဲ့တွေပါ။ စားဝတ်နေရေးအတွက် တောကို မှီခိုနေရတဲ့သူတွေပါ” ဟု ဂိုပန်ဝါက ပြောသည်။

 

(ရွာအဝင်ဝတွင် သစ်တောအခွင့်အရေးများ ရေးသားထားသည့် ဆိုင်းဘုတ်ကို ဂိုပန်ဝါက ပြသနေပုံ။)

 

(တောထဲသို့ ဝါးခုတ်ရန် သွားနေကြသော ရွာသားများ။ Pachgaon ၏ လုပ်ငန်းမှာ သာတူညီမျှဖြစ်ပြီး ဥက္ကဌ၊ အတွင်းရေးမှူးတို့ မရှိချေ)

 

မှတ်တမ်းများအရ Pachgaon ရွာသည် ဝါးထုတ်လုပ်မှုစတင်သည့် ၂၀၁၃ ခုနှစ်တွင် ဝါးအစည်း ၈၁၀၀ ထုတ်လုပ်ခဲ့ပြီး ရူပီး ၇၀၀,၀၀၀ ခန့် ဝင်ငွေရခဲ့သည်။

နောက်တစ်နှစ်တွင် ဝါးအစည်း ၁၇၀၀၀ ကျော် ထုတ်လုပ်ရောင်းချခဲ့ပြီး ရူပီး ၂ ဒသမ ၇ သန်း ဝင်ငွေရခဲ့သည်။

(ဗီနွတ် ရမ်ဆွာရွတ် တီကမ်နှင့် သူ၏ဇနီး ဆန်ဂီတာတို့နှစ်ဦး ဝါးတောထဲတွင် အလုပ်လုပ်နေကြပုံ။ ၎င်းတို့၏ ဝင်ငွေမှာ အခြားဒေသသို့သွားကာ အလုပ်လုပ်ကြသော အလုပ်သမားများထက် ၂ ဆကျော် ရှိသည်)

 

(ဝါးတောထဲမှ နတ်ကွန်းတစ်ခု)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: India Law Allows Villagers to Claim 2000 Acres of Bamboo Forest to Turn Poverty into Prosperity

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်န
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service