ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ

ဗီယက်နမ်မှာ ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံဆောက်လုပ်ထားတဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စာသင်ကျောင်းကြီး ဘာကြောင့် အပြီးသတ်မဆောက်ဘဲ ကြေကွဲဖွယ် စွန့်ပစ်ခံထားရတာလဲ - Property Knowledge in Myanmar from iMyanmarHouse.com
31 Dec 2024 11:41 am တွင် တင်ခဲ့သည်
271 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ဗီယက်နမ်နိုင်ငံ ၊ Nghe An ပြည်နယ်တွင် ဒေါင်ငွေ ၄၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်း) အကုန်အကျခံပြီး ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်ထားသော အထက်တန်းကျောင်းကြီးတစ်ခု ရှိနေသည်။

သို့သော် ဆောက်လက်စတန်းလန်းဖြစ်ပြီး အပြီးမသတ်ဘဲ စွန့်ပစ်ခံထားရသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ကာ ပျက်စီးယိုယွင်းစပြုလာနေပြီ ဖြစ်သည်။

Phan Boi Chau အမည်ရှိ အထက်တန်းကျောင်းသည် ၁၉၇၄ ခုနှစ်က စတင်တည်ထောင်ခဲ့သော ကျောင်းဖြစ်သည်။

ပညာရေးဘက်တွင် ထူးချွန်သူများစွာ ထွက်ပေါ်ခဲ့ပြီး ပညာရေးဆိုင်ရာ နိုင်ငံအဆင့် ပြိုင်ပွဲများတွင် ဤကျောင်းမှ ကျောင်းသူများစွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် မှတ်တမ်းရှိသည်။

၂၀၁၈ ခုနှစ်တွင် ပြည်နယ် အာဏာပိုင်တို့က ဤကျောင်းကို Hung Binh အရပ်မှ Nghi An အရပ်ရှိ အဆောက်အအုံသစ်သို့ ရွှေ့ပြောင်းရန် စီမံကိန်းကို အတည်ပြု ခွင့်ပြုပေးခဲ့သည်။

ကျောင်းကို အဆင့် ၃ ဆင့်ဖြင့် ဆောက်လုပ်ရန် ရည်ရွယ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည်။

ဒေသတွင်း ရန်ပုံငွေအပြင် အာရှဖွံ့ဖြိုးရေးဘဏ်၏ အထက်တန်းဆင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးရေး အစီအစဉ်မှ ထောက်ပံ့ငွေတို့ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အဆင့် ၁ ကို ပြည်နယ်ပညာရေးနှင့် လေ့ကျင့်ရေးဌာနမှ ကွပ်ကဲခဲ့ပြီး တစ်နှစ်အတွင်း အပြီးသတ်ရန် ရည်မှန်းခဲ့သည်။

အနောက်ပိုင်းအဆင့်များကို Civil Construction ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများဆိုင်ရာ စီမံခန့်ခွဲရေး ဘုတ်အဖွဲ့က ကွပ်ကဲရန် စီစဉ်ထားခဲ့သည်။

ကျောင်း၏ အကျယ်အဝန်းမှာ စတုရန်းမီတာ ၈၅၀၀၀ ကျော်ရှိပြီး စာသင်ခန်းများ၊ စာကြည့်တိုက်၊ အိပ်ဆောင်များ၊ ကန်တင်း၊ Functional room များ၊ မီးဘေးကာကွယ်ရေးစနစ်များ၊ မြေအောက်ရေကန်တို့ အပါအဝင်အဖြစ် ဒီဇိုင်းရေးဆွဲထားသည်။

၂၀၂၂ ခုနှစ်တွင် ပထမအဆင့် ပြီးစီးခဲ့သော်လည်း Operational standard များနှင့် ကိုက်ညီခြင်း မရှိခဲ့။

ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရပ်ဆိုင်းထားခဲ့သည်မှာ၂ နှစ်နီးပါး ရှိပြီ ဖြစ်သည်။

(ပထမအဆင့် ဆောက်လုပ်မှုမှာ ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ခဲ့သော်လည်း ဘဏ္ဍာရေးပြဿနာကြောင့် စီမံကိန်း ရပ်ဆိုင်းထားခဲ့သည်။ စီမံကိန်းကို စွန့်ပစ်ထားခဲ့သည်မှာ ၂ နှစ်ခန့် ရှိခဲ့ပြီးနောက် ယိုယွင်းပျက်စီးနေသည့် လက္ခဏာများ တွေ့လာရသည်။ ဓာတ်ပုံ-Doan Hoa)

 

အဆောက်အအုံဝန်းအတွင်း မြက်များ၊ ခြုံတောများ အပြိုင်းအရိုင်း ပေါက်နေသည်။ နံရံများမှာ အက်ကွဲနေပြီး လက်ရန်းများတွင် ဖုန်တသောသော ဖြစ်နေကာ မျက်နှာကြက်များမှာလည်း ကွာကျ၊ အက်ကွဲမှုများ ရှိနေကာ ရေဝင်ပြီး ပျက်စီးနေသည်ကိုလည်း တွေ့ရသည်။

ကျောင်းဝန်းတွင် ဆောက်လုပ်ရေးလုပ်သားများ လုံခြုံရေးများ မတွေ့ရချေ။

စီမံကိန်း၊ စီမံခန့်ခွဲရေးအဖွဲ့က ခန့်မှန်းသည်မှာ အပြီးသတ်ဆောက်လုပ်ရန်အတွက် ဒေါင်ငွေ ၃၀၀ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၇ သန်း) လိုအပ်ကြောင်း ခန့်မှန်းသည်။

 

(မျက်နှာကြက်များ ကွာကျနေသည်။ ဓာတ်ပုံ-Doan Hoa)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: In Vietnam, multimillion-dollar school unfinished, abandoned, deteriorating (tuoitrenews) Photo Credit-Doan Hoa

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service