လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်ထာခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာရမည့်အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
28 Dec 2024 2:56 pm တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

လယ်ယာမြေနည်းဥပဒေပုဒ်မ-၂၃(က) အရ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ထားသည့်အခါ လယ်ယာမြေဥပဒေအခန်း(၂)နှင့် ကိုက်ညီသူဖြစ်ပါက ခွင့်ပြုချက် ပုံစံ-၇ ထုတ်ပေးပြီး ငြင်းပယ်ခြင်းခံရသူ ဖြစ်ပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပုံစံ-၈ ဖြင့် အကြောင်းကြားစာပေးပို့ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသူသည် လယ်ယာလုပ်ပိုင်ခွင့်ပြုလက်မှတ်အား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့်လျှောက်ထားရမည်ဖြစ်ပါသည်။လျှောက်လွှာအား မြို့ နယ်ဦးစီးဌာနမှစီစစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၏ သဘောထားမှတ်ချက်ဖြင့် ခွင့်ပြုပါက သတ်မှတ်မှတ်ပုံတင်ကြေး အားလဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

လယ်ယာမြေလုပ်ပိုင်ခွင့်အသိအမှတ်ပြုမှု လက်မှတ်လျှောက်ထားသူသည် အသက်-(၁၈)နှစ်ပြည့်ပြီးသူ နိုင်ငံသားဖြစ်ရမည်။ တောင်သူလယ်သမားမိသားစု (သို့) အိမ်ထောင်စုဝင်ဖြစ်ရမည် ဖြစ်ပါသည်။ လယ်ယာမြေအား တည်ဆဲမြေယာဥပဒေနှင့်အညီ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေဆဲ အိမ်ထောင်စုတွင် ပါဝင်သူမှသာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ-၇ လျှောက်ထားခြင်းပြုနိုင်ပါသည်။ သက်ဆိုင်ရာမှ သတ်မှတ်သည့် မြေခွန်နှင့် အခြားအခွန်အခများအားလဲ မပျက်မကွက်ပေးဆောင်နိုင်သူဖြစ်ရမည်။

အဖွဲ့အစည်းမှ လယ်ယာမြေ အသုံးပြုခွင့်လက်မှတ် လျှောက်ထားပါက လယ်ယာမြေအား အသုံးပြုခွင့်ရရှိထားသော အစိုးရအဖွဲ့အစည်း၊ ဌာန၊ကုမ္ပဏီ၊ အသင်းအဖွဲ့ဖြစ်ပြီး အမှန်တကယ် လယ်ယာမြေအား စိုက်ပျိုးလုပ်ကိုင်မှုရှိရမည်။

ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူခွင့်ပြုချက်ဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်ထုတ်ပေးမည်ခြင်းဖြစ်ကာ လျှောက်ထားသူမှ စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်နေဟုတ်မဟုတ်၊ လယ်ယာမြေတည်ရှိရာ ရပ်ကွက်၊ ကျေးရွာအတွင်း အခြေချနေထိုင်သူ ဟုတ်မဟုတ်လဲ စီစစ်မည်ဖြစ်ပါသည်။ လယ်ယာမြေအား ဝယ်ယူရာတွင်လည်းကောင်း၊ လဲလှယ်ရာတွင်လည်းကောင်း၊ အမွေဆက်ခံရာတွင်လည်းကောင်း မှတ်ပုံတင်ကြေး၊ တံဆိပ်ခေါင်းခွန် ထမ်းဆောင်၍ လယ်ယာမြေပုံစံ-(၇) အား အမည်ပြောင်း လျှောက်ထားရမည် ဖြစ်ပါသည်။

စိုက်ပျိုးလုပ်ကိုင်သည့် လယ်ယာမြေအတွက် ရင်းနှီးမြုပ်နှံမှု ငွေလိုအပ်လျှင် အစိုးရဘဏ်နှင့် အစိုးရအသိအမှတ်ပြုသော ဘဏ်တွင် ပုံစံ-၇ အား ပေါင်နှံခြင်းလဲပြုနိုင်သည်။ လယ်ယာမြေမှာ အငြင်းပွားမှုများ တစ်စုံတစ်ရာရှိပါက မှတ်ပုံတင်ထားခြင်းရှိမှသာ ဖြေရှင်းဆောင်ရွက်ခြင်းပြုနိုင်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service