အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ

အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
27 Dec 2024 11:41 am တွင် တင်ခဲ့သည်
437 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်ဖရန်စစ္စကိုမြို့၏ မြောက်ဘက် Napa ခရိုင်သည် တောင်စောင်းစပျစ်ခြံများ ဖြန့်ကျက်တည်ရှိသော Napa Valley ဝိုင်ထုတ်လုပ်ရေးဒေသကြီးကြောင့် နာမည်ကြီးသည်။

Napa Valley တွင် Malbec, Merlot နှင့် အခြားစပျစ်မျိုးကွဲများ ဧက ၄၀ ခန့် စိုက်ပျိုးထားပြီး စုစုပေါင်း ခြံအကျယ် ဧက ၂၀၀၀ ရှိသော ခြံကြီးတစ်ခု ကန်ဒေါ်လာ သန်း ၁၀၀ ဈေးခေါ်ကာ အရောင်းဈေးကွက် ဝင်နေသည်။

Wall Street Journal ၏ ဖော်ပြချက်အရ Glendale Ranch အမည်ရှိ အဆိုပါခြံကြီးသည် ၁၉၃၈ ခုနှစ် ကတည်းက မိသားစုတစ်ခုတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

St.Helena မြို့အနီးတွင် တည်ရှိပြီး ခြံကြီးအတွင်း နေအိမ် ၄ လုံး၊ အလုပ်ရုံတစ်ခု၊ ဝိုင်ထုတ်လုပ်သည့်ရုံ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် အဆောက်အအုံနှင့် ရှည်လျားသော လမ်းကွန်ရက်များ ပါဝင်သည်။

(စုစုပေါင်း ခြံအကျယ် ဧက ၂၀၀၀ ရှိပြီး ဧက ၄၀ မှာ ဝိုင်ထုတ်လုပ်ရေးအတွက် အသုံးပြုထားသည်။ ဓာတ်ပုံ-Tim Carl)

(ဤဒေသတွင် ဤမျှကျယ်ဝန်းသော ခြံကြီး အရောင်းဈေးကွက်တွင် ဝယ်ယူရရှိနိုင်ခြင်းမှာ ရှားပါးသည်။ ဓာတ်ပုံ- Utkan Kokaturk)

လက်ရှိပိုင်ရှင် အမျိုးသမီး Lindsey Wiseman က ယခုခြံကြီးကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

၎င်းက Wall Street Journal သို့ ပြောသည်မှာ ဝယ်ယူမည့် ဝယ်လက်အနေဖြင့် ယခုခြံကြီးကို ခွဲခြမ်းစိတ်ဖြာခြင်း မပြုဘဲ လက်ရှိအနေအထားအတိုင်း ဆက်လက်လည်ပတ်သွားမည်ဟု မျှော်လင့်ကြောင်း ပြောသည်။

အသက် ၄၁ နှစ်အရွယ်ရှိ Lindsey သည် ခင်ပွန်းဖြစ်သူ အင်ဒရူး ဂရင်း၊ သားငယ် ၂ ဦးတို့နှင့်အတူ အပြောကျယ်လှသော ခြံဝန်းကြီးတွင် ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းခဲ့ကြသည်။

ခြံဝန်းကြီးအတွင်း ရေကူးကန်များ၊ ရေကန်များလည်းပါဝင်ကာ ပြင်ပကမ္ဘာမှ သီးခြားလွတ်မြောက်နေသည့် နေရာတစ်ခုသဖွယ်ဖြစ်ကာ ကလေးများအတွက် ဆော့ကစားရန် နေရာများစွာလည်း ရှိသည်။

သို့သော် Lindsey တို့မိသားစုသည် အင်္ဂလန်တွင် နေထိုင်လိုသောကြောင့် ယခုခြံကြီးကို ရောင်းချရန် စီစဉ်ရခြင်း ဖြစ်သည်။

ခင်ပွန်းဖြစ်သူ အင်ဒရူး ဂရင်းမှာ အင်္ဂလန်နိုင်ငံသား ဖြစ်သည်။

ဤခြံကြီးတွင် ၁၈၈၀ ပြည့်လွန်ကာလများမှစတင်ကာ ဝိုင်ထုတ်လုပ်ခဲ့သည်ဟု ယူဆရသည်။

အမေရိကန်ပြည်တွင် အရက်သေစာရောင်းချမှုများ ပိတ်ပင်ခဲ့သည့် ကာလအတွင်းတွင်မူ ဝိုင်ထုတ်လုပ်မှု ရပ်တန့်ခဲ့သည်။

၁၉၇၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင်မူ ဝိုင်ထုတ်လုပ်မှု ပြန်လည်စတင်ခဲ့သည်။ လက်ရှိကာလတွင် စပျစ်စိုက်ပျိုးသည့် ရာသီဆိုလျှင် ခြံကြီးအတွင်း အလုပ်လုပ်ကိုင်သည့် အလုပ်သမား ၅၀ ဦးခန့် ရှိသည်။

(ဝိုင်ထုတ်လုပ်ရာနေရာ။ ဓာတ်ပုံ-Lindsey Wiseman)

(ချစ်စဖွယ်ကောင်းသော ပင်မနေအိမ်။ ဓာတ်ပုံ-Sasha Moravec)

(နှစ်လိုဖွယ်ကောင်းသော ဆင်ဝင်နေရာ။ ဓာတ်ပုံ-Sasha Moravec)

(မီးလင်းဖိုပါသော ဧည့်ခန်း။ ဓာတ်ပုံ-Sasha Moravec)

(open plan ခင်းကျင်းထားသော ဧည့်ခန်းနှင့် ညစာစားခန်း။ ဓာတ်ပုံ-Tim Carl)

(တစ်ခုသော မီးဖိုဆောင်။ ဓာတ်ပုံ- Tim Carl)

(ရေကန်ငယ်၊ ရေကန်ကြီးများစွာ ပါဝင်သည်။ ဓာတ်ပုံ- Tim Carl)

(ကလေးများအတွက် စူးစမ်းလေ့လာရန် နေရာများစွာရှိသည်။ ဓာတ်ပုံ- Tim Carl)

Ref: Rare 2,000-acre ranch in Napa Valley with 40 acres of working vineyards lists for $100M (nypost) Photo Credit-Sasha Moravec, Tim Carl, Utkan Kokaturk

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...

လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...

ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service