အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2024 11:13 am တွင် တင်ခဲ့သည်
639 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မော်နီကာ ဘက်ဇင်စကီးသည် သူမဝယ်ယူထားသော အိမ်ငယ်တစ်လုံး ဆောက်လုပ်ထားသည့် မြေကွက်ရှိရာသို့ ပြီးခဲ့သော နိုဝင်ဘာလက ကားဖြင့် ရောက်ရှိသွားခဲ့သည်။

မြေကွက်သို့ ရောက်ရှိချိန်တွင် ဆောက်လုပ်ထားသော နေအိမ်ကို မတွေ့ရတော့ချေ။

သူခိုးများသည် မော်နီကာ၏ ခြံကို ချိုးဖျက်ဝင်ရောက်ကာ အိမ်တစ်လုံးလုံးကို ကားပေါ်သို့ ညတွင်းချင်း တင်ဆောင်ကာ ခိုးယူသွားကြခြင်း ဖြစ်သည်။

နေအိမ်တည်နေရာမှာ အမေရိကန်ပြည်၊ အိုကလာဟိုးမားပြည်နယ်၊ Sapulpa မြို့တွင် ဖြစ်သည်။

ကံကောင်းသည့်အချက်မှာ အိမ်အလုံးလိုက် ခိုးယူခံရချိန်တွင် မော်နီကာမှာ ထိုအိမ်၌ ရှိမနေခဲ့။

ထိုနေအိမ်တည်နေရာ၏ ဘေးကင်းလုံခြုံမှုအပေါ် စိုးရိမ်သောကြောင့် ယခုနှစ်အစောပိုင်းတွင် အဆိုပါ နေအိမ်မှ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

သူခိုးများ အိမ်အလုံးလိုက် ခိုးယူသွားပုံကို အိမ်နီးချင်းတစ်ဦးက ဗွီဒီယို ရိုက်ကူးထားခဲ့သည်။

“သူ့မှာ ကင်မရာရှိတယ်။ သူပြောတာက UTV off-road တစ်စီး၊ Pickup Truck တစ်စီးနဲ့ လူ ၄ ယောက်တွေ့တယ်လို့ ပြောပါတယ်”ဟု မော်နီကာက Fox 23 သတင်းဌာနသို့ ပြောသည်။

“ကျွန်မရဲ့ ခြံတံခါးပေါက်ကို ရောက်လာကြတယ်။ သူတို့မှာ လွှလိုမျိုး တစ်ခုခု ပါလာတယ်။ သော့ကို လွှနဲ့ ဖြတ်တယ်။ ကြိုးတွေကိုလည်း ဖြတ်တယ်။ ပြီးတော့ လျှပ်စစ် မီးလိုင်းတွေလည်း ဖြတ်ပစ်ပါတယ်။”

သူခိုးများနှင့် ပတ်သက်ပြီး သတင်းပေးနိုင်ပါက ဒေါ်လာ ၅၀၀ ပေးမည်ဖြစ်ကြောင်း မော်နီကာက ပြောဆိုထားသည်။

မကြာသေးမီလများအတွင်း နေအိမ်ငယ်လေးပေါင်း များပြားစွာ အလုံးလိုက် အခိုးခံခဲ့ရသည်။

ထိုအထဲတွင် မော်နီကာ၏ အိမ်လည်း အပါအဝင် ဖြစ်သည်။

(နေအိမ်ငယ်လေးများ အလုံးလိုက် အခိုးခံရမှု အလွန်များပြားနေသည်။ ဓာတ်ပုံ-Fox 23 news)

 

(မိသားစု ၅ ဦးရှိသော အိမ်ထောင်စုတစ်ခုကလည်း ၎င်းတို့၏ နေအိမ်ငယ်လေး အလုံးလိုက် အခိုးခံရသည့်အကြောင်း TikTok တွင် ပြောကြားခဲ့သည်။ ဓာတ်ပုံ-@thebennettgang/TikTok)

TikTok လူမှုကွန်ရက်တွင် @thebennettgang အမည်ဖြင့် သုံးစွဲသော မိသားစုဝင် ၅ ဦးရှိ မိသားစုတစ်စုက အိမ်ငယ်လေးတစ်လုံးတွင် နေထိုင်ပုံအကြောင်းကို လူမှုကွန်ရက်တွင် မကြာခဏ ဗွီဒီယိုဖိုင်များ တင်လေ့ရှိသည်။

၎င်းတို့ မိသားစုသည် ဘီးတပ်ထားသော အိမ်ငယ်လေးနှင့်အတူ နိုင်ငံတဝန်း ခရီးထွက် သွားလာနေထိုင်ကြသည်။

ပြီးခဲ့သော နိုဝင်ဘာလတွင် အိုဟိုင်းအိုးပြည်နယ်မှ ယူတားပြည်နယ်သို့ ခရီးထွက်ခဲ့ကြသည်။

လမ်းခရီးတစ်နေရာတွင် ရပ်တန့်ကာ သားသမီးများအနက်တစ်ဦး၏ မွေးနေ့ပွဲကို ကျင်းပခဲ့ကြသည်။

ထိုအချိန်တွင် သူခိုးတစ်ဦးက ကားအိမ်ကို ကားမှဖြုတ်ကာ ခိုးယူသွားခဲ့သည်။

ထိုသို့ခိုးယူချိန်တွင် ထိုမိသားစု၏ ခွေးလေးမှာ အိမ်ထဲတွင် ရှိနေသည်။

ခွေးလည်ပတ်တွင် ထည့်သွင်းထားသော GPS မှတဆင့် ကားအိမ်ရှိသည့်နေရာကို ခြေရာခံခဲ့သည်။

ပြန်လည်တွေ့ရှိချိန်တွင် အိမ်ကလေးအတွင်း တန်ကြေး ဒေါ်လာ ထောင်ချီကာ ပျက်ဆီးမှုများ ဖြစ်နေသည်။

ယခုနှစ် သြဂုတ်လအတွင်း ဝါရှင်တန်ပြည်နယ်၊ Spokane မြို့တွင် နေထိုင်သူ Karin Potter အမည်ရှိ အမျိုးသမီးမှာ နေအိမ်ခိုးယူခံလိုက်ရသည်။

လုံခြုံရေးကင်မရာများ၏ မှတ်တမ်းအရ ရွှေရောင်ပစ်ကပ်ထရပ်ကားတစ်စင်းက သယ်ယူသွားသည်ကို တွေ့ရသည်။

နောင် ရက်အနည်းငယ်အကြာတွင် နေအိမ်ကို ပြန်တွေ့သည်။

(ဝါရှင်တန်ပြည်၊ Spokane မြို့တွင် နေထိုင်သော Karin Potter အမည်ရှိ အမျိုးသမီး၏ နေအိမ် ခိုးယူခံခဲ့ရသည်။ ဓာတ်ပုံ-kaly.com)

 

(Karin Potter ၏ နေအိမ်ကို ၁၈ မိုင်အကွာတွင်ရှိသော Spangle မြို့ရှိ လယ်သမားတစ်ဦး၏ လယ်ကွင်းထဲတွင် ပြီးခဲ့သော ကြာသပတေးနေ့ မနက်က ပြန်လည်တွေ့ရှိခဲ့သည်။ ဓာတ်ပုံ-kaly.com)

 

(အောက်တိုဘာလ ၂၁ နှင့် ၂၈ ရက်အကြား ဝါရှင်တန်ပြည်နယ်၊ Grapeview မြို့၊ East Centerline လမ်းရှိ နေအိမ်ငယ်တစ်လုံး ခိုးယူခံခဲ့ရရာ single mother တစ်ဦးနှင့် သားလေး ၂ ဦးမှာ နေစရာမရှိသည့်ဘဝသို့ ဆိုက်ရောက်ခဲ့ရသည်။ ဓာတ်ပုံ-@masoncosheriff/Instagram)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bold thieves are targeting tiny homes — by stealing the entire house (realtor) Photo Credit-@masoncosheriff/Instagram, kaly.com, @thebennettgang/TikTok, Fox23 News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service