နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ

နှစ်သစ်မှာ ချမှတ်ရမယ့် အလုပ်သန္နိဋ္ဌာန်များ - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2024 11:11 am တွင် တင်ခဲ့သည်
329 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

နှစ်သစ်ရောက်ပြီဆိုတော့ အလုပ်မှာ လုပ်ဆောင်နိုင်ပြီး ဘဝတစ်ခုလုံးအတွက်လည်း အကျိုးရှိစေမယ့် သန္နိဋ္ဌာန်ချတွေချကာ အရင်နဲ့ မတူကွဲပြားတာတွေ စတင်ဖို့အချိန်ပါပဲ။ ဒါပေမဲ့ ဘယ်လို အလုပ်အကိုင်သန္နိဋ္ဌာန်ချတွေကို ချမှတ်ပြီး တစိုက်မတ်မတ်အကောင်အထည်ဖော်ရမှာပါလိမ့်။

အောက်မှာဖော်ပြထားတဲ့ သံန္နိဋ္ဌာန်တွေကတော့ သင့်နေ့စဉ်ဘဝထဲ အလွယ်တကူထည့်သွင်းပေါင်းစပ်နိုင်ပြီး သင့်ရဲ့  ၂၀၂၅ ခုနှစ်ကို ပိုမိုကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်စေမယ့် သန္နိဋ္ဌာန်တွေပဲ ဖြစ်ပါတယ်။

၁။ ဆိုရှယ်မီဒီယာတွေပေါ်က သင့်အပေါ် အများအမြင်တွေကို မိတ်ကပ်လိမ်းပေးပါ

အွန်လိုင်းပေါ်က သင့်အပေါ် အများရဲ့အမြင်တွေကို တစ်ချက်ကြည့်လိုက်ပါဦး၊ သင့်သက်မွေးမှု လုပ်ငန်းပိုင်းဆိုင်ရာ ပုံရိပ်နဲ့ တစ်ပြေးညီဖြစ်ပါရဲ့လား။ မဖြစ်ရင် သင့်ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကို မိတ်ကပ်လေးခြယ်သပေးလိုက်ပါဦး။ အထူးသဖြင့်တော့ လူမှုကွန်ရက်ပေါ်မှာ ပြုလုပ်မိတတ်တဲ့ အမှားတွေ (စာလုံးပေါင်းအမှား၊ ဆဲလ်ဖီပုံခဏခဏ တင်ခြင်း၊ ရှက်စရာကောင်းတဲ့ ဓာတ်ပုံများတင်ခြင်း၊ အမုန်းပွားစရာ မှတ်ချက်ပြုခြင်းများ စသဖြင့်) ကို ပြင်ရမှာဖြစ်ပါတယ်။

 

၂။ နေ့တိုင်း သင့်အတွက် တစ်စုံတစ်ခုပြုလုပ်ပါ

အခြားသူတွေအတွက် ဟိုဟိုဒီဒီလုပ်ဆောင်ပေးရင်း အချိန်တွေကုန်မိပြီး သင့်အတွက် သင်တစ်ခုခုပြုလုပ်ဖို့ မေ့လျော့နေတတ်တာဟာ လူ့သဘာဝပါပဲ။ ဒီနှစ်ကတော့ နေ့စဉ်နေ့တိုင်း သင့်အတွက် တစ်စုံတစ်ခု လုပ်ဆောင်ပြီး အပြောင်းအလဲလုပ်ဖို့ရာ သင့်ရဲ့နှစ်ပဲ ဖြစ်ပါတယ်။ နံနက်ခင်း/ညနေခင်းတိုင်း လမ်းလျှောက်ထွက်တာဖြစ်ဖြစ် ကော်ဖီဆိုင်ထိုင်တာဖြစ်ဖြစ် ဒါမှမဟုတ် တစ်နေ့တာကုန်ဆုံးချိန်မှာ အချိန်ငါးမိနစ်လောက်ယူပြီး သင့်စိတ်အာရုံတွေကို စုစည်းဖြေလျှော့ခြင်းဖြစ်ဖြစ်၊ သင့်နေ့တွေကို ပိုကောင်းစေမယ်လို့ သင်မျှော်လင့်ရတဲ့ တစ်စုံတစ်ခုပေါ့။

 

၃။ ပို၍အကောင်းမြင်ပါ

အခြားသူတွေရဲ့ ဘဝအခြေအနေတွေက သင့်ရဲ့ဘဝအခြေအနေတွေထက် ပိုကောင်းတယ်လို့ ထင်တတ်သူတွေထဲ သင်ပါဝင်ပါသလား။ ပါဝင်တယ်ဆိုရင်တော့ သင့်ရဲ့ အဲဒီပုံစံကျနေတဲ့ အတွေးအမြင်ကို ပိုပြီးကောင်းအောင် ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ သင်ရရှိထားတဲ့အလုပ်နဲ့ သင်ရောက်နေတဲ့နေရာအတွက် ကျေဇူးတင်ပါ။ တစ်နေရာရာမှာ သင်ဒါကို တကယ့်ကို စိတ်ထက်သန်တက်ကြွခဲ့တာကြောင့် သင်အဲဒီမှာ ရောက်ရှိနေတာပါ၊ ဒါကြောင့် သင့်အတွင်းစိတ်ထဲက အဲဒီစိတ်အားထက်သန်မှုကို ရှာဖွေလိုက်ပါ၊ ပြီးတော့ သင့်ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ကောင်းတဲ့အချက်တွေကို စာရင်းပြုစုပါ။ အဲဒီအခါ ပြောင်းလဲရရှိလာမယ့်အတွေးအမြင်ကို သင်အံ့သြသွားရပါလိမ့်မယ်။

၄။ အသစ်တစ်ခုခု လေ့လာပါ

Microsoft Word ရဲ့ ဗားရှင်းအသစ်ကို သင်ကောင်းကောင်းမသုံးတတ်သေးဘူးလား။ Outlook မှာ လုပ်ဆောင်ချက်အကုန်ကို နားမလည်နိုင် ဖြစ်နေသေးပါသလား။ အသစ်တစ်ခုခုကို လေ့လာပြီး သင့်ရဲ့တတ်ကျွမ်းမှုတွေကို တိုးတက်စေဖို့ အချိန်ကျတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အဲဒါက သင့်လက်ရှိအလုပ်ကို ပိုကောင်းမွန်စေမယ့်အရာဆိုရင် အဲဒါအတွက် သင့်ကုမ္ပဏီက အကုန်အကျခံချင်စိတ်/ ငွေကြေးထောက်ပံ့ပေးချင်စိတ်တောင် ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်လည်း သင့်သုတပညာ ထွန်းကားစေနိုင်ဖို့ အခမဲ့ ဒါမှမဟုတ် ဈေးသက်သာတဲ့ အွန်လိုင်းသင်တန်းတွေ အများကြီးရှိပါတယ်။ သင့်ရဲ့ အထူးပြုပညာရပ်နယ်ပယ် ဒါမှမဟုတ် လေ့လာမှုအသစ်နဲ့ပတ်သက်တဲ့ ပညာရေး ဆောင်းပါးတစ်ပုဒ်ဖတ်ဖို့ တစ်နေ့တာရဲ့ အချိန် ၁၅ မိနစ်စာလောက် မြှုပ်နှံတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

 

၅။ အဆက်အသွယ်သစ်များ ပြုလုပ်ပါ

သင်က အလုပ်သစ်ရှာနေတာမဟုတ်ဘူးဆိုရင်တောင်မှ လုပ်ငန်းတူမိတ်ဆွေချင်း ချိတ်ဆက်ရေးဆိုတာဟာ သင့် အနေနဲ့ ဆက်လက် ကြိုးပမ်းအားထုတ်နေရဦးမယ့် အရာတစ်ခုဖြစ်ပါတယ်။ ချိတ်ဆက်ပွဲအခမ်းအနားများတက်ခြင်း၊ အချင်းချင်းအွန်လိုင်းမှ အဆက်အသွယ်ပြုလုပ်ခြင်းတွေဟာ သင့်အတွက် အဖိုးတန်ဆက်ဆံရေးတွေ ဖန်တီးပေးဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။ သင်ဟာ အသစ်အသစ်သောအရာတွေကို သင်ယူလေ့လာပြီး သင့်ရဲ့လူမှုရေးနဲ့ သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ တတ်ကျွမ်းမှုတွေကို တိုးတက်စေပါလိမ့်မယ်။

၆။ လုပ်ဆောင်ရန်စာရင်းကို ပိုမိုကောင်းမွန်စေပါ

သင့်ရဲ့လုပ်ဆောင်ရန်စာရင်းဆိုတာ မှတ်စုစာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်လုပ်ထားပြီး နောက်ဆုံးကျ အမြဲတမ်း ပျောက်ဆုံးပျက်စီးသွားတတ်ပါသလား။ အခုက သင့်ရဲ့စာရင်းကို တိုးမြှင့်ပြီး သင့်အချိန်ကို ပိုကောင်းစွာ စီမံရမယ့်အချိန်ရောက်နေပါပြီ။ သင့်အတွက် အလုပ်အဖြစ်ဆုံးနည်းလမ်းနဲ့ သင်ပြီးဆုံးအောင် ဆောင်ရွက်မယ့် တစ်စုံတစ်ခုကို ရှာဖွေဖို့ လိုပါတယ်။

သင့်ရဲ့လုပ်ဆောင်ရန်စာရင်းကို အွန်လိုင်းပေါ် ရွှေ့လိုက်ပါလား။ သင့်ဖုန်းထဲမှာ လုပ်ဆောင်ရန်စာရင်း အပလီကေးရှင်း (to-do list app) တစ်ခုဒေါင်းလုတ်ဆွဲနိုင်သလို စမတ်ဖုန်းတိုင်းမှာပါဝင်တဲ့ Calendar (ပြက္ခဒိန် အပလီကေးရှင်း) အပလီကေးရှင်းမှာ alert (သတိပေးချက်) တွေနဲ့ note (မှတ်စု) လေးတွေ ဖြည့်သွင်းလို့ရပါတယ်။ သင်က အွန်လိုင်းသမား မဟုတ်ဘူးဆိုရင်တော့ သမားရိုးကျနည်းလမ်းအတိုင်းပဲ ဒိုင်ယာရီစာအုပ်လေးဝယ်ပြီး တစ်နေ့တာကုန်ဆုံးတိုင်း နောက်တစ်နေ့တာအတွက် လုပ်ဆောင်ရန် စာရင်းကို ဖန်တီးကာ နံနက်ခင်းတိုင်းကို သစ်လွင်လန်းဆန်းစွာစတင်ဖို့ အသင့်ရှိလိုက်ပါနော်။

 

၇။ သင့်သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ ပန်းတိုင်များအား ပြန်စဉ်းစားပါ

ရှေ့ဆက်ဆောင်ရွက်ဖို့ သက်မွေးမှုလုပ်ငန်းပိုင်းဆိုင်ရာ ပန်းတိုင်တွေ ထားရှိခြင်းက သင့်အလုပ်အကိုင် ပိုမိုကောင်း မွန်တိုးတက်စေဖို့အတွက် သင့်ကို တကယ်ကိုပဲ အကူအညီပေးပါတယ်။ သင့်အလုပ်အကိုင် ဖွံ့ဖြိုးတိုးတက်ပြီး ရာထူးတိုးချင်ပါသလား။ ဒါမှမဟုတ် အလုပ်အကိုင် လမ်းကြောင်းသစ်တစ်ခုကို လျှောက်လှမ်းချင်ပါသလား။ နှစ်သစ်မှာ သင်ဘာလုပ်ချင်တယ်ဆိုတာကို စဉ်းစားပြီး သင့်ရည်မှန်းချက်ဆီ ရှေးရှုတဲ့ ပန်းတိုင်တချို့သင်ကိုယ်တိုင် သတ်မှတ်ပါ။ တကယ်လို့ သင်က အလုပ်အကိုင်သစ်တစ်ခုကို စတင်ချင်တယ်ဆိုရင် အဲဒီနယ်ပယ်ဆီ ထိုးဖောက် ဝင်ရောက်လို့ရဖို့ သင်ယူလေ့လာရမယ့် ပညာရေးကို အရယူပါ။

 

၈။ သင့်တစ်ကိုယ်ရည်အမှတ်တံဆိပ် တည်ဆောက်ပါ

သင့်ရဲ့တစ်ကိုယ်ရည်အမှတ်တံဆိပ်ဆိုတာ သင်ကိုယ်တိုင်၊ သင့်အတွေ့အကြုံနဲ့ သင်ပိုင်ဆိုင်တဲ့ အသိပညာတွေရဲ့ ရောင်ပြန်ထင်ဟပ်မှုတစ်ခုပါ။ သင့်မှာအမှတ်တံဆိပ်တစ်ခု မရှိဘူးဆိုရင် အမှတ်တံဆိပ်တစ်ခု စတင်တည်ဆောက်ဖို့ရာ အချိန်ရောက်ပါပြီ။ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို သင့်ရဲ့အနေအထားအကောင်းဆုံးမှ အသုံးချကာ သင့်လုပ်ငန်းအတွက် ခြေခြေမြစ်မြစ်ရှိပြီး အသုံးဝင်တဲ့ အဆက်အသွယ်တစ်ခု ဖန်တီးပါ။

 

၉။ မကျေမနပ်ပြောခြင်းအား တာ့တာဘိုင်းဘိုင်လုပ်လိုက်ပါ

အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး အမြဲတမ်း မကျေမနပ်ပြောနေတတ်သူဆိုရင် အဲဒီမကျေမနပ်ပြောခြင်းကို ဖြတ်ပစ်ဖို့ရာ အချိန်ရောက်ပါပြီ။ သင့်ကို လူတွေက ရောဂန္တရကပ်တစ်ခုလိုမျိုး ရှောင်ရှားနေကြတာကို သတိပြုမိပြီဆိုရင် အခုချိန်က ဒါဟာဘာကြောင့်လဲဆိုတာကို အလေးအနက်စဉ်းစားပြီး အသိတရားရရမယ့်အချိန်ပဲ ဖြစ်ပါတယ်။

၁၀။ ရုံးတွင်းခြေရှုပ်မှုများနှင့် ဝေးဝေးနေပါ

ရုံးတွင်းအတင်းအဖျင်းစကားပြောခြင်းဟာ သင့်ကိုအကျိုးအမြတ်မဖြစ်စေရုံသာမက ပြဿနာပါ တက်စေနိုင် ပါတယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက်တစ်ဦးဦးက အတင်းအဖျင်းစကားဝိုင်းထဲ သင့်ကို ပါဝင်စေဖို့ ကြိုးပမ်းလာပြီ၊ ဒါမှမဟုတ် အတင်းအဖျင်းပြောကြဖို့ စကားစလာပြီဆိုရင် အခုကစပြီး သင်က အဲဒီအတင်းအဖျင်း အကြောင်းအရာနဲ့ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာ ပြန်မပြုမိစေဘဲ အာမေဋိတ်သံသာပြုကာ သင်တကယ်ကိုပဲ အလုပ်များနေကြောင်း၊ နောက်မှနားထောင်မယ့်အကြောင်း စသဖြင့် တုံ့ပြန်ကာ ရှောင်ထွက်/ရှောင်တိမ်းပါ။

 

၁၁။ လုပ်ငန်းခွင်၌လည်း ကျန်းမာရေးနှင့်လျော်ညီစွာ စားသုံးပါ

သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က သူ့မွေးနေ့အတွက် ချောကလက်ချိစ်ကိတ် ယူလာလို့ဖြစ်စေ အမှုသည်က ကျေးဇူးတင်တဲ့အနေနဲ့ ဒိုးနတ်တွေ ပို့လိုက်လို့ဖြစ်စေ ကျွန်မတို့တွေဟာ အာဟာရမမြောက်တဲ့ အလွယ်ပြင် အစားအစာတွေကို လုပ်ငန်းခွင်မှာ အလွန်အကျွံအရသာတွေ့ကြပါတယ်။ ဒီအတွက် ကျွန်မတို့တွေ စိတ်မသိုးမသန့်ဖြစ်ကြရပါတယ်။ ဒီ ၂၀၂၄ ခုနှစ်ကတော့ အဲဒီဖြားယောင်းဆွဲဆောင်တဲ့အရာတွေကို ခုခံတွန်းလှန်ပြီး သင့်ရဲ့ အလုပ်ခွင်တစ်နေ့တာလုံး သင့်ကို စိတ်ကျေနပ်နေစေမယ့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေ အစားအသောက်တွေကို ပြောင်းလဲရွေးချယ်ဖို့ လေ့လာအကောင်အထည်ဖော်လိုက်ပါတော့။

 

၁၂။ သင့်အလုပ်နှင့်ဘဝအား ပို၍ဟန်ချက်ညီစေပါ

နေ့တိုင်းရုံးဆင်းနောက်ကျလို့ ညစာမချက်နိုင်တော့ဘဲ အိမ်ကို အပြင်စာတွေဝယ်လာရတာကြောင့် စိတ်မသိုးမသန့် ဖြစ်ပါသလား။ အလုပ်-ဘဝမျှခြေဟာ အရေးကြီးပါတယ်၊ သင့်အနေနဲ့ ဘယ်အချိန်မှာ ရပ်နားရမယ်ဆိုတာကိုသိဖို့၊ ဘယ်အလုပ်တွေကိုတော့ဖြင့် နောက်နေ့မှဆက်လုပ်လို့ရတယ်ဆိုတာကို တွက်ဆတတ်ဖို့ လိုပါတယ်။ အကယ်၍ သင်က ကြီးကြပ်ရေးမှူးတစ်ယောက်ဆိုရင် သင့်အလုပ်တွေကို သင့်လက်အောက်က ဝန်ထမ်းတွေဆီ တာဝန်ခွဲ ဝေပေးပြီး သင့်အပေါ် မလိုအပ်ဘဲ ပိနေတဲ့အလုပ်ဝန်ကို ပေါ့စေလိုက်ပါ။

၁၃။ သင့်ဆက်ဆံပြောဆိုမှု အတတ်ပညာပိုင်း ကျွမ်းကျင်မှုများအား တိုးတက်စေပါ

သင်က တင်ပြမှုတွေ ပြုလုပ်ရခြင်း ဒါမှမဟုတ် သင့်အထက်လူကြီးနဲ့ အပြန်အလှန်ပြောဆိုရခြင်းကို ကြောက်ရွံ့တယ်ဆိုရင် သင့်ရဲ့ဆက်ဆံပြောဆိုမှုအတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေ တိုးတက်ကောင်းမွန်စေဖို့ သင်တန်းတွေ တက်ကြည့်ပါ။ ဒါဟာ သင့်ကို လုပ်ငန်းခွင်မှာ အထောက်အကူဖြစ်စေရုံသာမက သင့်ရဲ့ယေဘုယျယုံကြည်မှုကိုပါ တည်ဆောက်ပေးမှာပါ။

၁၄။ စေတနာ့ဝန်များ ပိုမိုထမ်းရွက်ပါ

စေတနာ့ဝန်ထမ်းခြင်းဟာ သင့်ကိုယ်သင်နဲ့ပတ်သက်ပြီး ခံစားရအဆင်ပြေကောင်းမွန်စေဖို့ နည်းလမ်းကောင်း တစ်ခုဖြစ်ပြီး သင့်ရဲ့ ကိုယ်ရေးရာဇဝင် (CV) နဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာလည်း ကြည့်ကောင်းစေ ပါလိမ့်မယ်။ သင့်နှလုံးသားနဲ့ နီးစပ်တဲ့အရေးတစ်ခုကို ရှာဖွေပြီး အဲဒီအရေးမှာ စေတနာ့ဝန်ထမ်းဖို့အတွက် သင့်လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းမိတ်ဆွေတွေကိုပါ ကူညီပါဝင်ဝန်းဝိုင်းစေလိုက်ပါ။

 

၁၅။ သင့်စိတ်ပိုင်းဆိုင်ရာအရည်အချင်းကို တိုးတက်စေပါ

သင့်ရဲ့စိတ်ပိုင်းဆိုင်ရာအရည်အချင်းအား တိုးတက်စေခြင်းက သင့်ကို တစ်နေကုန် နိုးကြားဖျတ်လတ်စေကာ အာရုံ ပိုစိုက်နိုင်စေပါတယ်။ ဒါကြောင့် သင်က သင့်ဦးနှောက်ကို စတင်လေ့ကျင့်ချင်တယ်ဆိုရင် သင့်အနေနဲ့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်နိုင်စွမ်းကို မြင့်မားစေနိုင်တဲ့ သိမြင်တတ်တဲ့စဉ်းစားတွေးခေါ်မှု စမ်းသပ်ချက်တွေ၊ ဦးနှောက်လေ့ကျင့်ရေး ဂိမ်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ ဖော်စပ်ထားတဲ့ ကုစားမှုတွေကို အသုံးပြုနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 30 New Year’s Resolutions to Inspire You at Work (http://careeraddict.com) "‌"

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service