ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစွဲရန် စီစဉ်လာ

ကမ္ဘာပေါ်တွင် အကြီးမားဆုံးကျွန်းကြီးဖြစ်သော ဂရင်းလန်ကျွန်း (နိုင်ငံ) ကို ဒေါ်နယ်ထရမ့်က ဝယ်ယူရန် စိတ်ဝင်စားနေရာ ဂရင်းလန်မှာ ရောင်းရန်မဟုတ်ကြောင်း ဂရင်းလန် ဝန်ကြီးချုပ်က ပြော၊ ဒိန်းမတ်နိုင်ငံက ဂရင်းလန်ကို ကာကွယ်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံသုံးစွဲရန် စီစဉ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
27 Dec 2024 10:56 am တွင် တင်ခဲ့သည်
1291 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဂရင်းလန် (Greenland) နိုင်ငံသည် စတုရန်းမိုင်ပေါင်း ၈ သိန်းကျော် ကျယ်ဝန်းပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး ကျွန်းကြီးဖြစ်သော်လည်း လူဦးရေအနည်းဆုံးနိုင်ငံဖြစ်ကာ ၅၆၆၀၀ ဦးသာ နေထိုင်သည်။

ကမ္ဘာ့မြောက်ဖျားအကျဆုံးနေရာတွင် တည်ရှိပြီး ကမ္ဘာ့အကြီးမားဆုံးကျွန်းကြီးဖြစ်သော်လည်း လူနေထိုင်ရန် သင့်တော်သည့်နေရာ အနည်းငယ်သာရှိပြီး ကျန်နေရာအားလုံးမှာ ရေခဲပြင်များသာ ဖုံးလွှမ်းနေသည်။

ဂရင်းလန်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုဖြစ်ပြီး ဒိန်းမတ်နိုင်ငံ၏ ပိုင်နက်ဖြစ်ရာ ဂရင်းလန်နိုင်ငံသားများမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံသားများဖြစ်သည်။ တည်နေရာမှာ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ၏ အရှေ့မြောက်ဘက် အာတိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကြားတွင် ဖြစ်သည်။

ယခုအခါ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ ဒေါ်နယ်ထရမ့်က အာတိတ်ဒေသရှိ ဂရင်းလန်နိုင်ငံကို အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားအတွက် ဝယ်ယူရမည်ဖြစ်ကြောင်း ပြောကြားလာသည်။

ထိုအခါ ဒိန်းမတ်ကာကွယ်ရေးဝန်ကြီးက ဂရင်းလန်သည် ရောင်းရန်မဟုတ်ကြောင်း ပြောဆိုပြီး ဂရင်းလန်နိုင်ငံ ကာကွယ်ရေးအသုံးစရိတ်များ များပြားစွာ သုံးစွဲရန် စီစဉ်လာသည်။

ဒိန်းမတ်ကာကွယ်ရေးဝန်ကြီး Troels Lund Poulsen က ဒိန်းမတ်သတင်းစာ Jyllands Posten သို့ ပြီးခဲ့သည့် အင်္ဂါနေ့က ပြောသည်မှာ ဒိန်းမတ်အစိုးရအနေဖြင့် ဂရင်းလန်ကို ကာကွယ်ရန်အတွက် ကာကွယ်ရေး အသုံးစရိတ် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ သုံးစွဲသွားရန် စီစဉ်ထားကြောင်း ပြောသည်။

ထိုသို့ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ရန် ယခင်ကတည်းက စီစဉ်ထားခြင်းဖြစ်ကြောင်း Poulsen က ပြောသော်လည်း ဒေါ်နယ်ထရမ့်က ဂရင်းလန်ကို ဝယ်ယူရမည်ဖြစ်ကြောင်း ပြောကြားချိန်နှင့် တိုက်ဆိုင်နေသည်။

ဂရင်းလန်၏ လုံခြုံရေးအတွက် ဒိန်းမတ်အစိုးရအနေဖြင့် အမေရိကန်နှင့် လက်တွဲလုပ်ကိုင်ရန် ဆန္ဒရှိကြောင်းလည်း ၎င်းက ပြောသည်။

ကာကွယ်ရေးအသုံးစရိတ်လျာထားမှုတွင် Thetis-class ကင်းလှည့်ရေယာဉ် ၂ စင်း၊ တာဝေးသွား drone ၂ စင်း၊ စွပ်ဖားဆွဲ ခွေးအဖွဲ့ ၂ ဖွဲ့နှင့် ဂရင်းလန်တွင် ဒိန်းမတ်စစ်သည်များ ပိုမိုချထားရေးတို့ ပါဝင်ကြောင်း Jyllands Posten သတင်းစာက ဖော်ပြသည်။ ဒေါ်နယ်ထရမ့်က ပြောလာသည်မှာ ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးမှာ အမျိုးသားလုံခြုံရေးအတွက် မလွဲမသွေအရေးပါသည့် လိုအပ်ချက်တစ်ရပ်ဖြစ်ကြောင်း ပြောသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ် ပထမရာထူးသက်တမ်းကာလအတွင်းကလည်း ဂရင်းလန်ကို ဝယ်ယူရန် ပြောဆိုဖူးရာ အမေရိကန်နှင့် ဒိန်းမတ်အကြား ဆက်ဆံရေးတင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

ဂရင်းလန်တွင် အမေရိကန်ပြည်ထောင်စု၏ အာကာသလေ့လာရေးဆိုင်ရာ အခြေစိုက်စခန်းကြီးတစ်ခုရှိသည်။

မြောက်အမေရိကမှ ဥရောပသို့ သွားရန် အတိုဆုံးဖြတ်လမ်းဖြစ်သည့်အပြင် သဘာဝသယံဇာတများလည်း များစွာကြွယ်ဝရာ အမေရိကန်အတွက် မဟာဗျူဟာအရ အရေးပါသည်။

ဒိန်းမတ်အစိုးရက သုံးမည့်ကာကွယ်ရေးအသုံးစရိတ်တွင် ဂရင်းလန်ရှိ အရပ်ဘက်ဆုံး လေဆိပ် ၃ ခု၌ အသံထက်မြန်သော F-35 တိုက်လေယာဉ်များ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်ခြင်းလည်း ပါဝင်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ အာတိတ်ဒေသအတွက် ရင်းနှီးမြှုပ်နှံမှု မလုပ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ ပိုမိုခြေချနိုင်ဖို့ စီစဉ်နေပါတယ်” ဟု Poulsen က ပြောသည်။

ဒေါ်နယ်ထရမ့်က သူ၏ လူမှုကွန်ရက်အကောင့်မှတဆင့် မကြာသေးမီက ပြောခဲ့သည်မှာ “အမျိုးသားလုံခြုံရေးနဲ့ ကမ္ဘာတလွှား လွတ်လပ်မှုတွေအတွက် ဂရင်းလန်ကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်ထိန်းချုပ်နိုင်ရေးဟာ မုချလိုအပ်ချက်တစ်ခုဖြစ်တယ်လို့ ယူဆပါတယ်” ဟု ဆိုသည်။

ထရမ့်၏ လူမှုကွန်ရက်တွင် ပြောဆိုမှုအပေါ် ဂရင်းလန်ဝန်ကြီးချုပ် Mute Egede က “ကျွန်တော်တို့ဟာ ရောင်းဖို့မဟုတ်ပါဘူး” ဟု တုံ့ပြန်ထားသည်။

ထရမ့်အပြင် ၁၈၆၀ ပြည့်လွန်ကာလများက အမေရိကန်သမ္မတ အင်ဒရူး ဂျွန်ဆင်ကလည်း ဂရင်းလန်ကျွန်းကို ဝယ်ယူရန် ပြောဆိုခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Denmark to boost Greenland defense amid Trump comments (thehill)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
ကင်ဆာဖြစ်စေနိုင်တဲ့ အသုံးအဆောင်ပစ္စည်းများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service