ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ

ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ - Property Knowledge in Myanmar from iMyanmarHouse.com
30 Dec 2024 12:09 pm တွင် တင်ခဲ့သည်
301 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဗြိတိန်တွင် လန်ဒန်မြို့၏ မြောက်ဘက်၌ ဆံပင်ညှပ်ဆိုင်များ အလွန်များပြားနေသော မြို့လေးတစ်မြို့ရှိပြီး တစ်နိုင်ငံလုံးတွင် လူနေရန်အတွက်အဆိုးရွားဆုံးနေရာဟု တချိန်က နာမည်တွင်ခဲ့သည်။

အမျိုးသားစာရင်းအင်းရုံး (ONS) မှ အချက်အလက်များအရ ဘက်ဖို့ဒ်ရှိုင်းယားခရိုင်၊ Luton မြို့တွင် လူဦးရေ ၂၃၁၀၂၈ ရှိပြီး ဆံပင်ညှပ်ဆိုင် ၁၄၅ ဆိုင်ရှိကြောင်း ဖော်ပြသည်။

လူဦးရေ ၁၅၉၃ ဦးလျှင် ဆံပင်ညှပ်ဆိုင် တစ်ဆိုင်နှုန်း ဖြစ်နေသည်။

DailyMail သတင်းဌာနက ထုတ်ပြန်ခဲ့သော မြေပုံတစ်ခုအရ အဆိုပါဒေသတွင် ၂၀၁၉ ခုနှစ်နောက်ပိုင်း ဆံပင်ညှပ်ဆိုင် ၆၁ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဆံသဆရာ အများအပြားရှိနေသော အခြားနေရာများမှာ Waltham Forest (၂၅၅ ဆိုင်)၊ Hackney (၃၀၅ ဆိုင်)နှင့် Tower Hamlets (၂၅၅ ဆိုင်) တို့ ဖြစ်သည်။

လန်ဒန်မြို့ပြင်ပတွင် ကန့်ခရိုင်၊ Medway မြို့၌ ဆံသဆိုင် ၁၈၀ ရှိသည်။

(Luton မြို့သို့ လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာ နည်းပါးလှကြောင်း ဒေသခံတို့က ပြောသည်။ ဓာတ်ပုံ-Getty Images)

 

အသိုက်အဝန်း review စစ်တမ်းဝက်ဘ်ဆိုက်ဖြစ်သော ilivehere.co.uk တွင် အွန်လိုင်း စစ်တမ်းကောက်ယူမှုအရ ၂၀၂၃ ခုနှစ်အတွင်း Luton သည် နေထိုင်ရန် မကောင်းဆုံးနေရာအဖြစ် ရပ်တည်ခဲ့သည်။

Luton မြို့လေးနှင့် ပတ်သက်သည့် negative review များအနက် “မြို့ကိုယ်တိုင်ကိုက မျက်စိစပါးမွှေးစူးပါတယ်” ဟု ပါရှိသည်။

၂၀၂၄ ခုနှစ် စိတ်မချမ်းသာစရာအကောင်းဆုံးမြို့များစာရင်းတွင် Luton လည်း ပါဝင်နေသည်။

စိတ်မချမ်းသာစရာကောင်းသောမြို့များစာရင်းတွင် Luton သည် နံပါတ် ၁၁ နေရာတွင် ရပ်တည်နေပြီး အင်္ဂလန်၏ အိမ်သာဟု ဖော်ပြထားသည်။

The Mirror သတင်းစာက Luton မြို့သို့ သွားရောက်လေ့လာခဲ့ရာတွင် မြို့တွင်နေထိုင်ရသည့် ဘဝနှင့် ပတ်သက်၍ မေးမြန်းချိန်တိုင်း “မလုံခြုံ” ဟူသော စကားကို မကြာခဏ ကြားခဲ့ရသည်။

(ဘက်ဖို့ဒ်ရှိုင်းယားခရိုင်တွင် တည်ရှိသော Luton မြို့လေး။ ဓာတ်ပုံ-Getty)

အထူးသဖြင့် ညနေစောင်းအချိန်များတွင် မြို့လယ်နေရာများ၌ ဖြစ်သည်။

အလုပ်အကိုင်ရရှိနိုင်မှု အခြေအနေမှာလည်း ပြဿနာတစ်ရပ် ဖြစ်သည်။

မြို့လေးတွင် အရက်ဘားများ၊ စားသောက်ဆိုင်များနှင့် နိုက်ကလပ်များလည်း မရှိချေ။

ထို့ကြောင့် လည်ပတ်လိုသူတို့မှာ လမ်းများပေါ်တွင်သာ သွားလာနေကြရသည်။

Shelter က ၂၀၂၃ ခုနှစ်တွင် လေ့လာခဲ့သော သုတေသနအရ Luton မြို့၌ အိမ်ရာမဲ့ ၃၄၄၃ ဦး ရှိနေကြောင်း သိရသည်။

အင်္ဂလန်အရှေ့ပိုင်းတွင် လူတို့အတွက်နေထိုင်စရာမရှိသည့် အဆိုးဆုံးနေရာအဖြစ် ရပ်တည်နေသည်။

သို့သော် Luton သည် ဗြိတိန်တွင် အနားယူရန် အကောင်းဆုံးနေရာများအနက် တစ်ခုအပါအဝင်အဖြစ်လည်း ရပ်တည်နေသည်။

ယခုနှစ်မတ်လအတွင်း ဖော်ပြချက်တစ်ရပ်အရ Luton သည် ဗြိတိန်တွင် အနားယူ၊ တရားထိုင်ရန် အကောင်းဆုံးနေရာများ၌ နံပါတ် ၅ နေရာတွင် ရပ်တည်နေသည်။ ထို့အပြင် Luton သည် သောကအနည်းဆုံးနေရာများတွင် ဒုတိယနေရာ၌ ရပ်တည်နေသည်။

အချို့သော ဆံပင်ညှပ်ဆိုင်များသည် ရာဇဝတ်ဂိုဏ်းတို့၏ ငွေကြေးခဝါချရာနေရာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သတိထားနေသည်။

တစ်လမ်းတည်းတွင် ဆံပင်ညှပ်ဆိုင်များစွာရှိနေပြီး အချို့သောဆိုင်တို့မှာ ဆံပင်ညှပ်သူများစွာ မရှိဘဲ ကာလကြာရှည် ဖွင့်လှစ်ရပ်တည်နေနိုင်ကြသည်။

(ဗြိတိန်တွင် နေထိုင်ရန် မသင့်တော်ဆုံးမြို့အဖြစ် သတ်မှတ်ခံထားရသည်။ ဓာတ်ပုံ-Getty)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The UK town overrun with 145 barbershops once named 'worst place to live' (mirror, express) Photo Credit-Getty Images

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service