ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင် - Property News in Myanmar from iMyanmarHouse.com
26 Dec 2024 11:35 am တွင် တင်ခဲ့သည်
576 ကြိမ် ကြည့်ရှု့ပြီး

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေမှုကြောင့် ဓာတ်မတည့်မှုများ ခံစားရသော မိုင်တွစ် မီးန် (Mai Tuyet Minh) အမည်ရှိ အမျိုးသမီးသည် အိမ် ၄ လုံးကို ရောင်းချပြီး လစာအလွန်ကောင်း သော အလုပ်မှထွက်ကာ အိမ်ပြောင်းရန် ဆုံးဖြတ်လိုက်ရသည်။

အသက် ၄၅ နှစ်အရွယ်ရှိ မိုင်သည် ဟနွိုင်းမြို့တော် Son Tay အရပ်ရှိ ဆင်းရဲသားမိသားစုတွင် မွေးဖွားပြီး အလုပ်အလွန်ကြိုးစားမှုကြောင့် JW Marriott ဟိုတယ်တွင် အဝယ်တော်ဌာန အကြီးအကဲ ဖြစ်လာခဲ့သည်။

မိုင်သည် သွင်းကုန်၊ ထုတ်ကုန် ကိုယ်ပိုင်ကုမ္ပဏီ ၂ ခုလည်း တည်ထောင်ထားသည်။ သူ၏ ဝင်ငွေမှာ တစ်လလျှင် ဒေါင် သန်းရာနှင့်ချီသည်။ (ဗီယက်နမ် ဒေါင်ငွေ သန်း ၁၀၀= ကန်ဒေါ်လာ ၃၉၂၇)

ထိုသို့ ဝင်ငွေကောင်းမွန်မှုကြောင့် ဟနွိုင်းမြို့တော်ရှိ လူကြိုက်များသော နေရာများတွင် နေအိမ် ၅ လုံးအထိ ဝယ်ယူနိုင်ခဲ့သည်။

“ဟနွိုင်းမှာ ရေရှည်နေထိုင်ဖို့ အရင်က စီစဉ်ထားတာပါ။ ဘာကြောင့်လည်းဆိုရင် ဟနွိုင်းမှာက ကျေးလက်ထက် ဝင်ငွေပိုရဖို့ အခွင့်အလမ်းတွေရှိတယ်လို့ ကျွန်မ ယုံကြည်ထားလို့ပါ” ဟု မိုင်က ပြောသည်။

သို့သော် ဟနွိုင်း၏ လေထုညစ်ညမ်းမှုကြောင့် ၂၀၁၅ ခုနှစ်တွင် ကျန်းမာရေးပြဿနာ ရင်ဆိုင်ခဲ့ရပြီး သည်းခြေအိတ် ထုတ်ပစ်ခဲ့ရသည်။

ယင်းနောက်ပိုင်း ၂ နှစ်တာအတွင်း ဓာတ်မတည့်မှုကြောင့် အရေပြား ယောင်ရမ်းကာ အနီပိန့်များ ထခဲ့သည်။

“ကျွန်မရဲ့ ခန္ဓာကိုယ်ဟာ လေထုညစ်ညမ်းမှု တိုင်းတာတဲ့ ပစ္စည်းတစ်ခုလို ဖြစ်နေပါတယ်” ဟု မိုင်က ပြောသည်။

“ကျွန်မ အရေပြား ယားယံလာပြီဆိုရင် နောက်နေ့မှာ AQI (လေထုညစ်ညမ်းမှုညွှန်းကိန်း) ဟာ ခရမ်းရောင် ဖြစ်နေတတ်ပါတယ်။ ဒါက လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေတဲ့ အခြေအနေပါ။ လေထုညစ်ညမ်းမှု ဆိုးရွားလေလေ ကျွန်မရဲ့ အရေပြား ဓာတ်မတည့်မှု အခြေအနေ ဆိုးလေလေပါပဲ”

မိုင်သည် ဓာတ်မတည့်သည့် ရောဂါကုသသော ဆေး antihistamine ကို အမြဲသောက်နေရပြီး ဆေးရပ်လိုက်သည်နှင့် ဓာတ်မတည့်ရောဂါ ပြန်ဖြစ်လာသည်။

ထိုသို့သော ဆေးအမျိုးအစားကို အမြဲသောက်နေလျှင် အသည်းထိခိုက်မည့်အပြင် အရေပြား အခြေအနေ ပိုမိုဆိုးရွားလာမည်ဟု သူ၏ဆရာဝန်က သတိပေးခဲ့သည်။

ဓာတ်မတည့်သည့် ရောဂါ ခံစားနေရမှုကြောင့် မိုင်သည် အလုပ်တွင် အာရုံစူးစိုက်မှု မလုပ်နိုင်သည့်အပြင် မိုးလင်းပြီဆိုသည်နှင့် အိပ်ယာထလိုစိတ်ပင် ကင်းမဲ့စေခဲ့သည်။

သားဖြစ်သူ အထက်တန်းကျောင်းသားမှာလည်း ဓာတ်မတည့်ကာ နှာစေးနှာပိတ်ခြင်း ဆိုးရွားစွာဖြစ်ပွားခဲ့ပြီး မကြာခဏဆိုသလို ပဋိဇီဝဆေးများ သုံးစွဲခဲ့ရသည်။

ထို့အပြင် မိခင်ကြီး၏ ကျန်းမာရေးအခြေအနေမှာလည်း အလွန်ဆိုးရွားလာပြီး နောက်ဆုံးတွင် အဆုပ်ကင်ဆာ ရောဂါခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဖခင်ကြီးမှာလည်း ရုတ်တရက်လေဖြတ်ကာ အသက်ရှူရ အလွန်ခက်ခဲမှုကို ခံစားလာရသည်။

“ကျွန်မမှာ မပဋာမြေလူးသလိုပါပဲ။ တစ်ခုခုကို ရိုက်ခွဲပစ်ချင်စိတ်တွေ ပေါ်နေပါတယ်” “ကျွန်မစိတ်ထဲ ဘာကိုမှ စိတ်မဝင်စားတော့ဘူး။ ငွေနဲ့ ရာထူးအဆင့်အတန်းတွေက ဘာမှ အရေးမပါဘူးလို့ ခံစားလာရတယ်”

(ဟနွိုင်းမြို့တော်ရှိ Long Bien တံတားကို လေထုညစ်ညမ်းမှုကြောင့် ပေါ်ပေါက်နေသော မြူများအကြား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-VnExpress/ Ngoc Thanh)

ဗီယက်နမ် သဘာဝအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဟနွိုင်းတွင် လေထုညစ်ညမ်းမှုမှာ ပြီးခဲ့သော ၁၀ နှစ်တာအတွင်း အခြေအနေဆိုးရွားလာခဲ့ကြောင်း၊ အထူးသဖြင့် အောက်တိုဘာလမှ ဧပြီလအကြား လေထုညစ်ညမ်းမှု အခြေအနေအလွန်ဆိုးရွားကြောင်း ဖော်ပြသည်။

National Enviromental Status Report (၂၀၁၆ မှ ၂၀၂၀ အထိ) တွင် ဖော်ပြချက်အရ ဟနွိုင်းရှိ လေထုတွင် ဖုန်မှုန်ပါဝင်မှု PM2.5 ရှိရာ တနိုင်ငံလုံးအတိုင်းအတာ၏ ၂ ဆရှိသည်ဟု ဆိုသည်။

၂၀၁၉ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုညွှန်းကိန်း AQI အရ ကျန်းမာရေးနှင့် မညီညွှတ်သည့် ပမာဏရှိသော ရက်ပေါင်းမှာ တစ်နှစ်တာ၏ ၃၀ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Woman sells 4 houses, flees Hanoi to escape haze Photo Credit- VnExpress/Ngoc Thanh

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service