ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ - Property Knowledge in Myanmar from iMyanmarHouse.com
25 Dec 2024 10:45 am တွင် တင်ခဲ့သည်
860 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးကုမ္ပဏီပိုင်ရှင် Benny Blanco တို့ စတွဲခဲ့ပြီး ၁၈ လအကြာတွင် တရားဝင် စေ့စပ်ကြောင်းလမ်းလိုက်ကြပြီ ဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော ဆလီနာ ဂိုမက်ဇ်က သူ၏ စေ့စပ်သည့်သတင်းကို အင်စတာဂရမ် လူမှုကွန်ရက်တွင် ထုတ်ဖော်ကြေညာလာခြင်း ဖြစ်သည်။

သတို့သားလောင်းနှင့်အတူ စိန်လက်စွပ်ကြီးဝတ်ဆင်ထားသော ပျော်ရွှင်နေပုံ ဓာတ်ပုံများစွာလည်း လူမှုကွန်ရက်တွင် တင်ခဲ့သည်။

သူ၏ ပို့စ်တွင် ဆလီနာဂိုမက်ဇ်က “ထာဝရက အခုချိန်နေ စတင်ပါပြီ” ဟု caption ရေးသားထားသည်။

တစ်ခုသော ဓာတ်ပုံတွင် ဆလီနာဂိုမက်ဇ်သည် ပျော်ပွဲစားထွက်သည့် စောင်တစ်ထည်ပေါ်တွင် ထိုင်နေပြီး ဘေးပတ်လည်တွင် Taco Bell မှ အရသာပုံရသော စားသောက်ဖွယ်များ ရှိနေသည်။

ဆလီနာဂိုမက်ဇ်နှင့် ဘလန်ကို တို့၏ စေ့စပ်ပွဲတွင် ၎င်းတို့၏ အကျော်အမော် မိတ်ဆွေများက ဝမ်းမြောက်ဝမ်းသာ အားပေးကြသည်။

တေလာဆွစ်ဖ်က သတို့သမီးအရံအဖြစ် ပါဝင်ပေးမည်ဖြစ်ကာ ပန်းကိုင်မိန်းကလေးအဖြစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း လူမှုကွန်ရက်တွင် မှတ်ချက်ပေးသည်။

၎င်းတို့နှစ်ဦး စတွဲခဲ့ပြီးနောက်ပိုင်း ဆယ်လီနာဂိုမက်ဇ်မှာ ချမ်းသာကြွယ်ဝမှု များစွာ တိုးတက်လာခဲ့ပြီး ဘီလျံနာသူဌေးတစ်ဦး ဖြစ်လာခဲ့သည်။

အဓိကအားဖြင့် သူ၏ Rare Beauty အလှကုန်လုပ်ငန်း အလွန်အောင်မြင်မှု ရခဲ့သောကြောင့်ဖြစ်ပြီး ကုမ္ပဏီတန်ကြေးမှာ ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရှိနေပြီ ဖြစ်သည်။

ဆယ်လီနာဂိုမက်ဇ်သည် အင်စတာဂရမ်တွင် Follower အများဆုံး အမျိုးသမီးဖြစ်ပြီး Follower ပေါင်း ၄၂၃ သန်းကျော် ရှိသည်။

လက်ထပ်ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး မည်သည့်အိမ်တွင် နေထိုင်မည်ဆိုသည်ကို ပရိသတ်များက စိတ်ဝင်စားနေကြသည်။

((လော့စ်အိန်ဂျလိမြို့၊ Encino အရပ်မှ စံအိမ်))

၂၀၂၀ ပြည့်နှစ်တွင် ဆယ်လီနာဂိုမက်ဇ်သည် ဂီတသမားတစ်ဦးဖြစ်သော Tom Petty ၏ နေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့သည်။

အကျယ်အဝန်း စတုရန်းပေ ၉၀၀၀ ရှိပြီး ၁၉၈၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

(ဂီတသမား Tom Petty ၏ အိမ်ကို ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ခန်းမ၊ အနှိပ်ခန်းနှင့် အသံဖမ်းစတူဒီယိုတို့ ပါသည်။ ဓာတ်ပုံ-Realtor)

((လော့စ်အိန်ဂျလိမြို့ Woodland Hills စံအိမ်))

ဆလီနာဂိုမက်ဇ်တို့စုံတွဲ အခြား ရွေးချယ်စရာ အိမ်အနေဖြင့် လော့စ်အိန်ဂျလိတွင် တစ်ခြားတစ်လုံး ရှိသည်။

ထိုအိမ်ကို ဆလီနာဂိုမက်ဇ်က ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

၁၉၄၉ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ခြံအကျယ် ဧကဝက်ရှိသည်။

(Woodland Hills အရပ်တွင် တည်ရှိပြီး ၂၀၁၇ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(ခြံအကျယ် ဧကဝက်ရှိပြီး ရေကူးကန်နှင့် Outdoor Kitchen တို့ ရှိသည်။ ဓာတ်ပုံ-Realtor)

 

 

(ဆယ်လီနာဂိုမက်ဇ်သည် ကိုဗစ်ကာလအတွင်း လော့စ်အိန်ဂျလိမြို့ Studio City အရပ်ရှိ အခန်းတွင် နေထိုင်ခဲ့ပြီး ယင်းနောက်ပိုင်း ရောင်းထုတ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

 

(ဆယ်လီနာဂိုမက်ဇ်က ကယ်လီဖိုးနီးယားပြည်နယ် Calabasas တွင် စံအိမ်တစ်လုံး ပိုင်ဆိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ရောင်းထုတ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

 

(ဘလန်ကိုကလည်း နယူးယောက်မြို့ရှိ တိုက်ခန်းကို ယခုနှစ် မေလကတည်းက ရောင်းထုတ်ရန် ကြိုးစားနေသည်။)

 

((နယူးယောက်မြို့တိုက်ခန်း))

ဘလန်ကိုတွင် နယူးယောက်နှင့် တိုက်ခန်းတစ်ခန်းရှိပြီး ရောင်းထုတ်ရန် ကြိုးစားနေသည်။

အိပ်ခန်း ၃ ခန်းပါဝင်သော အဆိုပါ တိုက်ခန်းကို ၂၀၁၁ ခုနှစ်အတွင်းက ကန်ဒေါ်လာ ၃၄၄၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Selena Gomez and Benny Blanco Are Engaged—but Which of Her Stunning Mansions Will They Choose To Live In? (realtor) Photo Credit-realtor

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service