အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့ - Property Knowledge in Myanmar from iMyanmarHouse.com
24 Dec 2024 10:13 am တွင် တင်ခဲ့သည်
1027 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

နေအိမ်မှ နှင်ထုတ်ခံရသော အိမ်ငှားအမျိုးသမီးတစ်ဦးသည် အိမ်မှ ရွှေ့ပြောင်းချိန်တွင် အိမ်နောက်ဘက်၌ ၎င်းကိုယ်တိုင်စိုက်ပျိုးခဲ့သော ပန်းဥယျာဉ်တစ်ခုလုံးကို ယူဆောင်သွားခဲ့ရာ အိမ်ရှင်မှာ ယမ်းပုံမီးကျ ဒေါသထွက် ကျန်ရစ်ခဲ့ကြောင်း အဆိုပါအမျိုးသမီးက လူမှုကွန်ရက်တွင် ထုတ်ဖော်ပြောပြသည်။

ဖြစ်ပွားရာ နိုင်ငံနှင့် နေရာအတိအကျကိုမူ အိမ်ငှားအမျိုးသမီးက ဖော်ပြခြင်း မပြုခဲ့ချေ။

ထိုအချိန်က အသက် ၂၅ နှစ်အရွယ်ရှိ အိမ်ငှားအမျိုးသမီးက သူ၏ဖြစ်ရပ်ကို Reddit လူမှုကွန်ရက်ရှိ Am I the A**hole အမည်ရှိ စကားဝိုင်းတွင် ဝင်ရောက်ပြောပြခဲ့သည်။

ပန်းဥယျာဉ်ကို သယ်ဆောင်သွားသဖြင့် အိမ်ရှင်အား စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သော မိမိ၏ အမှား ဟုတ်၊ မဟုတ် ထိုအမျိုးသမီးက မေးခွန်းထုတ်ထားသည်။

သူသည် ထိုအိမ်ကို အသက် ၁၈ နှစ်အရွယ်ကတည်းက ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်သည်။

သူစတင်ပြောင်းရွှေ့ နေထိုင်ချိန်က အိမ်နောက်ဘက် ကွက်လပ်မှာ မြေကွက်ချည်းသာဖြစ်ပြီး မြက်ခင်းမရှိသလို မည်သည့်အပင်မှလည်း မရှိ။

“ဈေးသက်သာပြီး မခမ်းနားတဲ့ အိမ်တစ်လုံးပါ။ ဒါပေမယ့် အိမ်နောက်ဘက် ကွက်လပ်ပါတာကို သဘောကျတာကြောင့် ငှားရမ်းခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုကွက်လပ်တွင် ပန်းဥယျာဉ်တစ်ခုဖြစ်လာအောင် ဖန်တီးခဲ့ကြောင်း လည်း ပြောပြသည်။

(ခြံနောက်ဘက်တွင် ပက်လက်ကုလားထိုင်ဖြင့် စာဖတ်ရင်း အပန်းဖြေနေသော အမျိုးသမီးတစ်ဦး။ ဓာတ်ပုံ-Stock Photo/ Getty Images)

“ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျွန်မဟာ ပန်းခြံထဲမှာ တဲငယ်လေးတစ်ခု၊ greenhouse နဲ့ pizza oven တစ်ခု ထားခဲ့ပြီး သယ်ယူလို့ရနိုင်တဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းဘောင်တွေ အများကြီး စိုက်ခဲ့ပါတယ်။ ပြီးတော့ ကျောက်ပြားခင်း လမ်းတချို့လည်း လုပ်ခဲ့ပြီး ငါးကန်တစ်ခုလည်း ထားခဲ့ပါတယ်။ ဒါကြောင့် ခြံနောက်ဘက်ဟာ တကယ့်ကို စိမ်းလန်းစိုပြည်ပြီး သာယာလှပတဲ့ နေရာလေး ဖြစ်လာပါတယ်။ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းတွေဟာ အစိမ်းရောင် အိုအေစစ်ကလေးမှာ စုဝေးလေ့ရှိပါတယ်။”

ထိုအမျိုးသမီးသည် အဆိုပါ အိမ်တွင် ၇ နှစ်တာ ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီးနောက် အိမ်ရှင်က အိမ်ရောင်းတော့မည်ဟု ပြောကာ အိမ်ပြောင်းခိုင်းလာသ

“ပြီးခဲ့တဲ့ လအနည်းငယ်လောက်မှာ အိမ်ရှင်က အိမ်ရောင်းတော့မယ်လို့ ပြောလာပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ကျွန်မတို့ အိမ်ပြောင်းခဲ့ကြတယ်။ အိမ်ပြောင်းတဲ့ အချိန်မှာ ကျွန်မ စိုက်ပျိုးထားတဲ့ ပန်းခြံတစ်ခုလုံးကို နေရာသစ်ကို သယ်ယူသွားခဲ့ပါတယ်။ ကျွန်မရဲ့ ပန်းခြံမှာက မြေကြီးပေါ်ကို တိုက်ရိုက်ချစိုက်ထားတာ တစ်ခုမှ မရှိပါဘူး။”

“ကျွန်မက တဲအိမ်တွေနဲ့ Green House ကို ဖြတ်သိမ်းလိုက်ပြီး ပန်းအိုးတွေနဲ့ စိုက်ခင်းဘောင်တွေကို ထရပ်ကားနဲ့ သယ်ပါတယ်။ ခြံနောက်ဘက်တစ်ခုလုံးကို ၃ ရက်အတွင်း ရှင်းလင်းလိုက်ပါတယ်။”

(ခြံနောက်ဘက်တွင် စိုက်ခင်းဘောင်များ စိုက်ပျိုးခဲ့ကြပုံ။ ဓာတ်ပုံ-Stock Photo/ Getty Images )

ထိုသို့ စိုက်ခင်းဘောင်များနှင့် ပန်းခြံ သယ်ယူသွားမှုကို အိမ်ရှင်တို့က အမျက်ထွက်ခဲ့ကြသည်။

“ကျွန်မရဲ့ အိမ်ရှင်တွေက ဒေါသထွက်ခဲ့ကြပါတယ်။ ခြံနောက်ဘက်ကို အရင်အတိုင်း ပြန်လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ခြံနောက်ဘက်မှာ ကျွန်မ စိုက်ပျိုးထားတာတွေကို သူတို့က ဓာတ်ပုံရိုက်ပြီး အိမ်အရောင်းတင်ခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ဝယ်မယ့်သူတွေက အိမ်နောက်ဘက်မှာ ဘာမှမရှိတာကို တွေ့တဲ့အချိန်မှာ လှည့်ထွက်သွားကြတယ်။ အိမ်ရှင်တွေက သူတို့ရဲ့ အပင်တွေကို ခိုးယူသွားပြီး ခြံနောက်ဘက်ကို ဖျက်စီးတယ်လို့ ကျွန်မကို စွပ်စွဲခဲ့ကြပါတယ်။”

အဆိုပါ အမျိုးသမီးက ဆက်လက်ပြောကြားသည်မှာ မိမိနေထိုင်ခြင်း မပြုမီက ခြံနောက်ဘက်၏ မြင်ကွင်း ဓာတ်ပုံများ မိမိထံတွင် ရှိကြောင်း ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Evicted tenant takes entire garden with her – leaving landlord furious (scoop) Photo Credit- Stock Photo/ Getty Images

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service