Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ

Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ - Property News in Myanmar from iMyanmarHouse.com
24 Dec 2024 9:38 am တွင် တင်ခဲ့သည်
582 ကြိမ် ကြည့်ရှု့ပြီး

၁၉၉၀ ပြည့်နှစ်က ဝက်ဝက်ကွဲအောင်မြင်ခဲ့သော ဟာသဇာတ်မြူး Home Alone ရုပ်ရှင်တွင် ၈ နှစ်သားအရွယ် ကလေးငယ် ကီဗင် မက်ခ်ကာလစ္စတာအဖြစ် ပါဝင်သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူ မက်ကောလေး (Macaulay Culkin) သည် Home Alone ရုပ်ရှင်ရိုက်ကူးခဲ့သော အမေရိကန်ပြည်၊ အီလီနွိုက်စ် ပြည်နယ်ရှိ စံအိမ်ကြီးကို ဝယ်ယူရန် နီးစပ်နေကြောင်း ၎င်းကိုယ်တိုင် ထုတ်ဖော်ပြောပြလာသည်။

မက်ကောလေးသည် ရုပ်ရှင်သရုပ်ဆောင်အဖြစ် အောင်မြင်ခဲ့သည့်အပြင် အဆိုတော်အဖြစ်လည်း ဖြတ်သန်းခဲ့သည်။

၂၀၀၄ ခုနှစ်တွင် Junior ဟူသောအမည်ဖြင့် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ် ရေးသားထုတ်ဝေခဲ့ရာ သူ၏ အနုပညာလောကအတွေ့အကြုံများနှင့် သူ၏ဖခင်နှင့်ဆက်ဆံရေး အကြောင်းများ ရေးသားဖော်ပြခဲ့သည်။

ယခုအခါ အသက် ၄၄ နှစ်ရှိပြီဖြစ်သူ မက်ကောလေးသည် A Nostalgic night with Macaulay Culkin အမည်ရှိ tour တစ်ခုထွက်နေရာ မကြာသေးမီက ပြီးဆုံးသွားသည်။

သူ၏ လျှမ်းလျှမ်းတောက်ခဲ့သော Home Alone ရုပ်ရှင်ကို ပြသကာ ပရိသတ်များနှင့် အမေး၊ အဖြေလုပ်သည့် ပွဲများဖြစ်သည်။

Home Alone ပွဲတွင် ပရိသတ်များ၏ မေးမြန်းမှုကို မက်ကောလေးက ဖြေကြားသည်မှာ အဆိုပါရုပ်ရှင်ရိုက်ကူးခဲ့သည့် စံအိမ်သည် ယခုနှစ် မေလအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်နေရာ မိသားစုနေအိမ်အဖြစ် ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း ပြောသည်။

“ကျွန်တော် အဲဒီအိမ်ကို အပျော်သက်သက်အတွက် ဝယ်ဖို့စဉ်းစားမိနေပါတယ်” ဟု မက်ကောလေးက အီလီနွိုက်စ်ပြည်နယ်၊ Rosemont Theater တွင် ပရိသတ်များကို ပြောသည်။

ရုပ်ရှင်ပရိသတ်များ အပျော်ကြည့်ရှုလည်ပတ်စရာအိမ်အဖြစ် ရည်ရွယ်ကြောင်း၊ Home Alone ရုပ်ရှင်ထဲတွင် ကလေးငယ် Kevin လုပ်သကဲ့သို့ လှေကားလက်ရန်းမှ လျှောစီးခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း မက်ကောလေးက ပြောသည်။

“ကျွန်တော့်မှာ ကလေးတွေရှိနေပါပြီ။ ကျွန်တော်က အလုပ်များတဲ့သူပါ” ဟု မက်ကောလေးက ရှင်းပြသည်။

မက်ကောလေးသည် လက်တွဲဖော် Brenda Song နှင့် သားသမီး ၂ ဦးထွန်းကားသည်။

Home Alone ဝက်ဝက်ကွဲအောင်မြင်ပြီးနောက် ၁၉၉၂ ခုနှစ်တွင် Home Alone 2: Lost In New York ကို ဆက်လက်ရိုက်ကူးခဲ့ကာ အဆိုပါရုပ်ရှင်တွင် ဒေါ်နယ်ထရမ့်ပင် Plaza Hotel ပိုင်ရှင်အဖြစ် ဧည့်သရုပ်ဆောင်နေရာမှ ပါဝင်ခဲ့ဖူးသည်။

(မှတ်ချက်။ ဒေါ်နယ်ထရမ့်သည် အမှန်တကယ်လည်း Plaza Hotel ၏ ပိုင်ရှင်ဖြစ်သည်)

 

(မက်ကောလေးသည် Home Alone ဇာတ်ကားရိုက်ကူးခဲ့သည့် စံအိမ်ကြီးကို ဝယ်ယူရန်စဉ်းစားနေသည်။ စံအိမ်တည်နေရာမှာ အီလီနွိုက်စ်ပြည်နယ်၊ Winnetka မြို့တွင်ဖြစ်သည်။ ဓာတ်ပုံ-Realtor)

(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၉၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ-Realtor)

(မီးဖိုဆောင်။ ဓာတ်ပုံ-Realtor)

(အောက်ထပ်တွင် အရက်ဘားနှင့် အိမ်တွင်းရုပ်ရှင်ရုံတို့ရှိသည်။ ဓာတ်ပုံ-Realtor)

Home Alone ရုပ်ရှင်၏ ဇာတ်အိမ်မှာ ၈ နှစ်သားအရွယ် Kelvin သည် မိသားစုအပန်းဖြေခရီးထွက်ရန် စီစဉ်ချိန်တွင် အိမ်၌ တစ်ဦးတည်း မတော်တဆ ကျန်ရစ်ခဲ့သည်။

ထိုသို့ တစ်ဦးတည်းကျန်ခဲ့ချိန်တွင် အိမ်သို့ ဖောက်ထွင်းသူခိုးများ ဝင်လာမှုကို ကာကွယ်မှုများ ပြုလုပ်ခဲ့ပုံ ရိုက်ကူးထားခြင်း ဖြစ်သည်။

အဆိုပါရုပ်ရှင်သည် ကမ္ဘာတဝန်းတွင် ကန်ဒေါ်လာ ၄၇၆ ဒသမ ၇ သန်းရသည်အထိ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်က ရုံတင်ခဲ့သော ရုပ်ရှင်များအနက် ဒုတိယဝင်ငွေ အများဆုံးရုပ်ရှင်အဖြစ် ရပ်တည်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်၏ ဝင်ငွေအကောင်းဆုံးရုပ်ရှင်မှာ ပက်ထရစ်ဆွေဇီနှင့် ဒမ်မီမိုးတို့ ပါဝင်သရုပ်ဆောင်ခဲ့သော Ghost ရုပ်ရှင်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Macaulay Culkin Admits He Considered Buying $5.25 Million ‘Home Alone’ House ‘Just for Giggles’ Photo Credit-realtor

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service