တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး

တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး - Property Knowledge in Myanmar from iMyanmarHouse.com
23 Dec 2024 11:40 am တွင် တင်ခဲ့သည်
1113 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

တရုတ်ပြည်တွင် အဖြူရောင် မာဖီးယားဟုခေါ်သောဂိုဏ်း၏ ဝန်ဆောင်မှုရယူရန် စာရင်းပေးသော မိန်းကလေးငယ်များ အလွန်များပြားလာနေသည်။

အဖြူရောင်လူဆိုးဂိုဏ်းသည် မိန်းကလေးငယ်များကို ပြဿနာရှာသော ချစ်သူဟောင်းများ (သို့မဟုတ်) မရိုးသားသော အိမ်ရှင်များကိစ္စတို့ ကိုင်တွယ်ဖြေရှင်းပေးသည်။

အလုပ်အပ်သူများကို သက်တော်စောင့်များသဖွယ် ကာကွယ်ပေးခြင်းဖြစ်သည်။

၎င်းတို့၏ အပြင်ပန်းသဏ္ဍာန်မှာ ခက်ထန်ကြမ်းတမ်းသော်လည်း စင်စစ်အားဖြင့် စိတ်ထားနူးညံ့သိမ်မွေ့ကာ နားလည်မှှှုရှိသူများ ဖြစ်ကြသည်။

၎င်းတို့၏ ခက်ထန်သော သွင်ပြင်ကြောင့်လည်း အလုပ်အပ်သူတို့၏ ထိရှလွယ်သော ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကူညီဖြေရှင်းပေးနိုင်ခြင်းလည်း ဖြစ်သည်။

၎င်းတို့ဂိုဏ်း (သို့မဟုတ်) အဖွဲ့ကို “ကျွမ်းကျင်သက်တော်စောင့်အဖွဲ့” (PBT) ဟု အမည်ပေးထားပြီး တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် တဟုန်ထိုး နာမည်ကြီးလာနေသည်။

Douyin လူမှုကွန်ရက်တွင် follower ၁၆၀၀၀၀ ကျော် ရှိသည်။

PBT ဂိုဏ်းသားတို့သည် အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ပြီး ကြမ်းတမ်းခက်ထန်သည့် ရုပ်သွင်များ ရှိကြရာ မည်သူမဆို ၎င်းတို့နှင့် ဆန့်ကျင်ဘက်လုပ်ရဲကြမည် မဟုတ်ချေ။ ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူတို့က PBT အဖွဲ့ဝင်တို့မှာ မာဖီးယားနှင့်တူကြောင်း ပြောဆိုကြသည်။

၎င်းတို့ထံအလုပ်အပ်သော အိမ်တွင်းအကြမ်းဖက်မှု၊ Bully လုပ်မှုအစရှိသည်တို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် စောင်းပါးရိပ်ခြည် ခြိမ်းခြောက်ခြင်း၊ ဆွဲဆောင်ခြင်း အစရှိသော နည်းလမ်းများကို သုံးကြသည်။

တကယ့်လူဆိုးဂိုဏ်းများနှင့် ကွဲပြားသည့်အချက်မှာ PBT အဖွဲ့က အမျိုးသမီးများကို တရားမျှတမှုရရန် စောင့်ရှောက်ကာကွယ်သူများဟု ၎င်းတို့ဘာသာရည်ညွှန်းထားပြီး လူမှုကွန်ရက်သုံးစွဲသူတို့က အဖြူရောင် မာဖီးယားဂိုဏ်းဟု nickname ပေးထားသည်။

PBT အဖွဲ့ဝင်တစ်ဦးဖြစ်သူ Lei က ပြည်မကြီးသတင်းမီဒီယာတစ်ခုဖြစ်သော Vista Hydrogen Business သို့ ပြောသည်မှာ မိမိတို့အဖွဲ့တွင် အငြိမ်းစား စစ်တပ်အရာရှိများ၊ လုပ်ငန်းရှင်များဖြင့် ဖွဲ့စည်းထားကာ အမျိုးသမီး လက်ဝှေ့သမားများပင် ပါဝင်ကြောင်း ပြောသည်။

မိမိတို့အဖွဲ့ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Celebrity များနှင့် အထင်ကရပုဂ္ဂိုလ်များကို လုံခြုံရေးပေးရန် ရည်ရွယ်ခဲ့ကြောင်းလည်း Lei က ပြောသည်။

(၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး Cele များအတွက် လုံခြုံရေးပေးခြင်းသာ လုပ်ဆောင်ခဲ့ရာမှာ နောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာကိစ္စများ ကိုင်တွယ်ဖြေရှင်းပေးသည့်အလုပ်အထိ ချဲ့ထွင်လာခ်ဲ့သည်။ ဓာတ်ပုံ-Shutterstock)

“၂၀၂၂ ခုနှစ်ထဲမှာ ကျွန်တော်တို့ဆီ ဆက်သွယ်လာကြပြီး ကိုယ်ရေးကိုယ်တာကိစ္စ ပါဝင်ဖြေရှင်းခိုင်းသူတွေ ရှိလာပါတယ်။ တရားဥပဒေမှာက လစ်ကွက်ဟာကွက်တွေ ရှိပါတယ်။ တချို့ကိစ္စတွေကျတော့ သမားရိုးကျနည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ဒါကြောင့် ထိခိုက်နစ်နာလွယ်တဲ့ အုပ်စုတွေကို ကျွန်တော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကူညီဖြေရှင်းပေးလာရပါတယ်” ဟု ၎င်းက ရှင်းပြသည်။

အလုပ်အပ်သူ ၇၀ ရာခိုင်နှုန်းခန့်မှာ အသက် ၂၅ မှ ၃၅ ကြားရှိ အမျိုးသမီးများဖြစ်ကြပြီး Douyin လူမှုကွန်ရက်မှတဆင့် မိမိတို့ထံ ဆက်သွယ်ခြင်းဖြစ်ကြောင်း Lei က ပြောသည်။

ဝန်ဆောင်မှုပေးရသည့်ပုံစံနှင့် ကြာချိန်ပေါ်မူတည်ပြီး ဝန်ဆောင်ခ ကောက်ခံသည်။ ဈေးနှုန်းမှာ ယွမ် ထောင်ဂဏန်းမှသည် ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ကျော်အထိ ရှိသည်။

အချို့အလုပ်မှာ နာရီပိုင်းသာကြာသော်လည်း အချို့မှာမူ နှစ်နှင့်ချီသည်။

Lei က အလုပ်အပ်သူတစ်ဦး၏ ဖြစ်ရပ်တစ်ခုကို ပြန်လည်ပြောပြသည်မှာ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းမည့်် အမျိုးသမီးနှင့်အတူ တရားရုံးသို့ လိုက်ပါခဲ့ကြကြောင်း၊ ညှင်းပန်းနှိပ်စက်လေ့ရှိသော ခင်ပွန်းဖြစ်သူက ဇနီးကို ကွာရှင်းပေးရန် ငြင်းဆန်နေခြင်းဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ကို အလုပ်အပ်တဲ့မိန်းကလေး တရားရုံးထဲက ထွက်လာတဲ့အချိန်မှာ အဲဒီအမျိုးသားက လက်စားချေတဲ့အနေနဲ့ ဆာလ်ဖြူရစ် အက်ဆစ်နဲ့ ပက်ခဲ့ပါတယ်။ ကံကောင်းစွာပဲ ကျွန်တော်တို့ အဖွဲ့ဝင်တစ်ဦးက မိန်းကလေးကို ထီးနဲ့ ကာကွယ်ပေးနိုင်ခဲ့ပါတယ်” ဟု Lei က ပြောသည်။

အခြားဖြစ်ရပ်တစ်ခုတွင်မူ မိန်းကလေးတစ်ဦးက ၎င်းကို ကိုယ်နှုတ်တို့ဖြင့် အမြဲထိခိုက်အောင် ပြုလုပ်နေသော သူ၏ ချစ်သူကောင်လေးနှင့် လမ်းခွဲလိုနေသည်။ သူ၏ ကောင်လေးက နှစ်ဦး အတူနေခဲ့သည့်ဓာတ်ပုံများကို ဖြန့်လိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

ထိုအခါ မိန်းကလေးက Lei တို့အဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပြီး ချစ်သူကောင်လေးနှင့် ဘေးကင်းစွာလမ်းခွဲနိုင်ရန်အတွက် ယွမ်ငွေ ၂၀၀၀၀ (ကန်ဒေါ်လာ ၂၈၀၀) ခန့် သုံးစွဲခဲ့ရသည်။

PBT အဖွဲ့သည် ကျောင်းတွင် Bully လုပ်ခံနေရသော ကလေးငယ်များကို စောင့်ရှောက်ပေးခြင်း၊ bully လုပ်ခြင်းများကို ဟန့်တားကာကွယ်ပေးခြင်းများလည်း လုပ်ဆောင်သည်။ ထို့အပြင် အိမ်ရှင်များထံမှ စပေါ်ငွေ ပြန်တောင်းလိုသော အိမ်ငှားများကိုလည်း အကူအညီပေးခြင်းများ ပြုလုပ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: China ‘white mafia’ services help women handle difficult ex and tricky landlords (scmp) Photo Credit-shutterstock

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service