သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်ကာ ပင်စင်လစာနှင့် လျော်ကြေးများ အကြိမ်ကြိမ် ထုတ်ယူခဲ့သော ဇနီးမောင်နှံ - Property Knowledge in Myanmar from iMyanmarHouse.com
20 Dec 2024 12:06 pm တွင် တင်ခဲ့သည်
730 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သြစထရီးယားနိုင်ငံတွင် ၄၃ နှစ်တာ ကာလအတွင်း ၁၂ ကြိမ်တိုင် လက်ထပ်လိုက်၊ ကွာရှင်းလိုက် လုပ်ဆောင်ခဲ့သော ဇနီးမောင်နှံကို အစိုးရက လူမှုရေးထောက်ပံ့ငွေ အလွဲသုံးစားလုပ်မှုဖြင့် တရားစွဲထားသည်။

အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်သော အမျိုးသမီးကြီးသည် ပထမခင်ပွန်း ၁၉၈၁ ခုနှစ်တွင် ကွယ်လွန်သွားပြီး နောက်ပိုင်း ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချကာ မုဆိုးမ ခံစားခွင့်အဖြစ် ယူရို ၃၂၆၀၀၀ အထိ ရယူခဲ့ သည်ဟု ဆိုသည်။

ပထမခင်ပွန်း ကွယ်လွန်သွားပြီး မုဆိုးမ ဖြစ်သွားချိန်တွင် အမျိုးသမီးကြီးမှာ အသက် ၃၀ ကျော်အရွယ်သာ ရှိသေးသည်။

၁၉၈၁ ခုနှစ်တွင် နောက်အိမ်ထောင်ပြုခဲ့ချိန်မှစပြီး ယခုကဲ့သို့ လိမ်လည်မှုများ စတင်ခဲ့သည်။

အမျိုးသမီးကြီးသည် မုဆိုးမ ပင်စင်လစာဖြင့် ရပ်တည်ခဲ့ရခြင်း ဖြစ်သည်။ သို့သော် ၁၉၈၂ ခုနှစ်တွင် နောက်အိမ်ထောင်ပြုခဲ့ချိန်၌ ပင်စင်လစာမရတော့။

ထို့နောက် ခင်ပွန်းနှင့် ကွာရှင်းလိုက်ရာ ပင်စင်လစာ ပြန်လည် ရရှိသည့်အပြင် လျော်ကြေးပါ ရရှိခဲ့သည်။

ထိုသို့ လျော်ကြေးရပြီးနောက် ခင်ပွန်းနှင့် ပြန်လည် ပေါင်းသင်းရာ ပင်စင်လစာ မရတော့ပြန်။

အမျိုးသမီးကြီးသည် ဆယ်စုနှစ် ၄ ခုတာ ကာလအတွင်း ခင်ပွန်းနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းခြင်း၊ ပြန်လည် ပေါင်းသင်းခြင်း ပြုလုပ်ကာ လျော်ကြေးနှင့် ပင်စင်များ အကြိမ်ကြိမ် လိမ်လည် ရယူခဲ့သည်။

၎င်းတို့ဇနီးမောင်နှံသည် တရားရုံးတွင် ကွာရှင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆွေမျိုးများ၊ အိမ်နီးချင်းများနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ အမှန်တကယ်ကွာရှင်းခဲ့ခြင်း မရှိကြောင်း ၊ ချစ်ခင်စွာ နေထိုင်ကြပြီး တစ်ဦးအပေါ်တစ်ဦး ဖေးမကာ အများက အားကျရသည့် စံပြစုံတွဲပင် ဖြစ်ခဲ့ကြောင်း၊ ဥပဒေတွင် ကွာရှင်းထားသည်ဆိုသော်လည်း အတူတကွ ပျော်ရွှင်စွာ နေထိုင်ကြခြင်းဖြစ်ကြောင်း Newsweek မဂ္ဂဇင်းက ဖော်ပြသည်။

၁၉၈၂ ခုနှစ်တွင် အမျိုးသမီးကြီး နောက်အိမ်ထောင်ပြုချိန်၌ ပင်စင်လစာမရတော့ဘဲ လျော်ကြေးငွေအဖြစ် အစိုးရထံမှ ၂၈၄၀၅ ဒေါ်လာ ရရှိခဲ့သည်။ ထိုသို့ အမျိုးသမီးကြီးအား ထုတ်ပေးခဲ့သည့် လျော်ကြေးငွေများမှာ ဆီလျော်မှန်ကန်မှု မရှိကြောင်း သြစထရီးယား တရားရုံးတစ်ခုက ယခုနှစ် ဧပြီလတွင် ဆုံးဖြတ်ခဲ့သည်။

ယခုအမှုမှာ သြစထရီးယားနိုင်ငံ Graz မြို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်အိမ်ထောင် ခင်ပွန်းဖြစ်သူမှာ ကုန်ကားမောင်းသူတစ်ဦးဖြစ်ပြီး အများအားဖြင့် အိမ်တွင် မရှိတတ်။

၎င်းတို့ ဇနီးမောင်နှံက ချေပရာတွင် ခင်ပွန်းဖြစ်သူ အိမ်တွင် မရှိသည်က များသောကြောင့် အိမ်ထောင်ရေး ထိခိုက်ခဲ့ရကြောင်း ပြောဆိုသည်။

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်ချိန်တိုင်းတွင် မုဆိုးမပင်စင် ပြန်ရပြီး ပြန်လည်ပေါင်းသင်းချိန်၌ ပင်စင်မရတော့သော်လည်း လျော်ကြေးရပြန်သည်။

ထိုသို့ လက်ထပ်လိုက် ကွာရှင်းလိုက်၊ လျော်ကြေးတောင်းလိုက်ဖြင့် ဆယ်စုနှစ်များစွာ သံသရာလည်နေခဲ့သည်။

အမျိုးသမီးကြီးသည် ၁၃ ကြိမ် သတို့သမီး ဖြစ်ခဲ့ဖူးပြီး ၁၂ ကြိမ်မှာ သတိုးသားတစ်ဦးတည်း ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ မေလတွင် ကွာရှင်းလိုက်ချိန်တွင်မူ ပင်စင်အဖွဲ့က ထိုအမျိုးသမီးကြီး၏ အိမ်ထောင်ရေးသံသရာကို သံသယဖြစ်ကာ ပင်စင်ထုတ်ပေးခြင်း မပြုတော့ချေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Austrian Couple Married And Divorced 12 Times In 40 Years For This Reason (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
အမေရိကန်ပြည်၊ ပေါ့တ်လန်းမြို့တွင် အိမ်ရာမဲ့များကို အမှိုက်ရှင်းသည့် အလုပ်ပေးထားရာ ယခုအခါ အိမ်ပိုင်ရှိသူများဖြစ်လာ
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service