တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်ဖြစ်

တရုတ်ပြည်တွင် ဂိုဘီ သဲကန္တာရကြီးကို သစ်ပင်ပေါင်း အပင်ရေ ၁၀၀ ဘီလီယံဖြင့် ဝန်းပတ်ကာ အစိမ်းရောင် မဟာတံတိုင်းကြီး အထပ်ထပ် စိုက်ပျိုးတည်ထောင်လျက်ရှိ၊ ၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ ) စိုက်ပျိုးပြီးစီးမည်ဖြစ် - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2024 12:47 pm တွင် တင်ခဲ့သည်
477 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တရုတ်ပြည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၏ဒဏ်ကို ကြီးမားစွာ ခံစားနေရသည်။

ပေကျင်းမြို့တော်သို့ ရောက်လျှင် ထိုအချက်ကို ချက်ချင်းတွေ့မြင်သိရှိနိုင်သည်။

သစ်တောပြုန်းတီးမှု၏ အကျိုးဆက် မည်သို့ရှိသည်ကို မြို့ပြတွင် မျက်ဝါးထင်ထင်တွေ့မြင်လာရခြင်းဖြစ်သည်။

ပေကျင်းတွင် အဆိပ်သင့် ဖုန်မှုန့်တိမ်တိုက်များနှင့် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားမှုတို့မှာ မြို့ပြနေ ပြည်သူတို့၏ နေ့စဉ်ဘဝကို ခြိမ်းခြောက်လာနေသည်။

ထိုအခြေအနေများကို ရင်ဆိုင်တိုက်ဖျက်ရန်အတွက် တရုတ်အစိုးရတွင် ရည်မှန်းချက်ကြီးမားသော စီမံကိန်းတစ်ခု ရှိနေသည်။

ဂိုဘီသဲကန္တာရကြီး၏ သက်ရောက်မှုများကို ကာဆီးရန်အတွက် တရုတ်အစိုးရက သစ်ပင်တို့ဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင်မဟာတံတိုင်းကြီး သဲကန္တာရကို ဝန်းပတ် တည်ဆောက်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

လေ့လာချက်များအရ အဆိုပါစီမံကိန်းမှာ အကျိုးရှိ ၊ အလုပ်ဖြစ်ကြောင်း သိလာရသည်။

(တရုတ်အစိုးရက ဂိုဘီသဲကန္တာရကြီးကို ဟန့်တားကာကွယ်ရန်အတွက် ကြီးမားသော တောအုပ်တံတိုင်းကြီး တည်ဆောက်ရန် အပင်ပေါင်းများစွာ စိုက်ပျိုးနေသည်။ ဆယ်စုနှစ်များစွာ ကာလအတွင်း ဂိုဘီသဲကန္တာရမှာ ပိုမို ကျယ်ပြောလာနေပြီး ပေကျင်းကဲ့သို့ မြို့ကြီးများဆီသို့ ဆိုးရွားသော ဖုန်မုန်တိုင်းများ ရောက်ရှိလာစေခဲ့သည်။ သစ်တောပြုန်းတီးမှုများ ကျယ်ပြန့်လာနေမှုကို ပြောင်းလဲပစ်နိုင်ရန် ၁၉၇၈ ကတည်းက စီမံကိန်းကြီး ချမှတ်ကာ သစ်ပင်များ အလုံးအရင်း စိုက်ပျိုးနေခဲ့ခြင်း ဖြစ်သည်)

မြောက်ပိုင်း သစ်တောတံတိုင်း အကာအကွယ် ၃ ခုစီမံကိန်းဟု အမည်ပေးထားသော အဆိုပါစီမံကိန်းကို အစိမ်းရောင် မဟာတံတိုင်းကြီး (GGW) ဟု လူသိများသည်။

ဂိုဘီသဲကန္တာရ ဆန့်ထွက်လာနေမှုကို ကာကွယ်ရန်အတွက် တောအုပ်တံတိုင်း အသွယ်သွယ်ဖြင့် ကာရံထားရန် စီမံကိန်း ဖြစ်သည်။

နှစ်စဉ် နွေဦးပေါက်သို့ ရောက်ပြီဆိုသည်နှင့် တရုတ်ပြည်တွင် ကြောက်မက်ဖွယ် သဲမုန်တိုင်းများတိုက်ခတ်လေ့ရှိသည်။

မြောက်လေသည် ဂိုဘီသဲကန္တာရမှ သဲများကို ၎င်းတို့နှင့်အတူ သယ်ဆောင်လာခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သတ္တုတူးဖော်ခြင်းတို့ လုပ်ဆောင်သော လူသားတို့၏ သစ်တောခုတ်ထွင်ရှင်းလင်းမှုများကြောင့် သဲကန္တာရမှာ ဆန့်ထွက်ကျယ်ပြောလာလျက်ရှိရာ အခြေအနေမှာ ဆိုးသည်ထက် ဆိုးလာစေသည်။

အဆိုပါ အခြေအနေများကြောင့် တရုတ်အစိုးရသည် ၁၉၇၈ ခုနှစ်တွင် GGW စီမံကိန်းကြီး အကောင်အထည် ဖော်ရန် ရဲဝံ့သော ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခဲ့သည်။

ယနေ့အချိန်တွင် အဆိုပါဆုံးဖြတ်ချက်၏ အသီးအပွင့်များကို စတင်ရိတ်သိမ်းလာနေရသည်ကို တွေ့ရသည်။

၂၀၀၆ ခုနှစ်သို့အရောက်တွင် စိုက်ပျိုးပြီးစီးခဲ့သည့် သစ်တောမြေပမာဏမှာ ဟက်တာပေါင်း ၂၅ သန်းအထိ ရှိသည်။

၂၀၅၀ ပြည့်နှစ်သို့ ရောက်လျှင် ဂိုဘီသဲကန္တာရ ဝန်းပတ်ထားမည့် အစိမ်းရောင် မဟာတံတိုင်းကြီးတွင် သစ်ပင်ပေါင်း ၁၀၀ ဘီလီယံရှိမည်ဖြစ်ပြီး အစိမ်းရောင်တံတိုင်းအဖြစ် မိုင်ပေါင်း ၂၄၀၀ (၄၅၀၀ ကီလိုမီတာ) ဝန်းပတ်ပြီးစီးမည်ဖြစ်သည်။

အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်ပေါင်း ၁ ဒသမ ၆ သန်း (စတုရန်းကီလိုမီတာ ၄ ဒသမ ၁ သန်း) အထိ ရှိမည်ဖြစ်ရာ တိုင်းပြည်ဧရိယာ၏ ၁၀ ပုံ ၁ ပုံ ပမာဏလည်း ဖြစ်သည်။

ဂိုဘီသဲကန္တာရ၏ သဲမြေတွင် အပင်များစိုက်ပျိုးခြင်းမှာ အလုပ်ဖြစ်မည်မဟုတ်ဟု အချို့က ယူဆကြသည်။ စိုက်ပျိုးပြီးစီးထားသော သစ်ပင်တို့၏ သေဆုံးမှုပမာဏကို မသိရချေ။

သို့အတွက် သေဆုံးသွားသော သစ်ပင်များနေရာတွင် အစားထိုးစိုက်ပျိုးရမည်ဖြစ်ရာ စီမံကိန်းကြီးမှာ အလွန်နှစ်ကာလ ကြာမြင့်မည် ဖြစ်သည်။

သို့သော် တရုတ်သိပ္ပံအကယ်ဒမီမှ ဒေါက်တာ Minghong Tan ဦးဆောင်ခဲ့သော လေ့လာမှုတစ်ရပ်အရ စီမံကိန်းကြီးမှာ အလုပ်ဖြစ်သည်ကိုတွေ့ရကြောင်းနှင့် ဆက်လက်၍လည်း အလုပ်ဖြစ်မည်ဖြစ်ကြောင်း သိရသည်။

(နှစ်စဉ် နွေဦးပေါက်ချိန်သို့ ရောက်ပြီဆိုသည်နှင့် ပေကျင်းကဲ့သို့ မြို့ကြီးများမှာ ဖုန်မုန်တိုင်းများ ဆိုးရွားစွာ တိုက်ခတ်ခံရသည်။ ဖော်ပြပါဓာတ်ပုံမှာ ၂၀၁၄ ခုနှစ်၊ ဧပြီလ ၉ ရက်က ရိုက်ကူးထားခြင်း ဖြစ်သည်။ အစိမ်းရောင် တံတိုင်းကြီးသည် မြို့ပြတွင် နေထိုင်ရသူတို့၏ ဘဝကို ပိုမိုကောင်းမွန်လာစေမည်ဟု မျှော်လင့်ရသည်။)

(ပုံတွင်တွေ့ရသည်မှာ တရုတ်ပြည်အနောက်မြောက်ပိုင်း Ningxia Hui ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ Wuling မြို့တွင် အစိမ်းရောင်တံတိုင်းကြီးစီမံကိန်းအတွက် အပင်စိုက်ပျိုးနေသည့် အလုပ်သမားများကို တွေ့ရပုံ ဖြစ်သည်။)

အစိမ်းရောင်တံတိုင်းရှိသောနေရာသည် မရှိသောနေရာထက် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရကြောင်း သုတေသီတို့က ၎င်းတို့၏စာတမ်းတွင် ရေးသားဖော်ပြသည်။

(တရုတ်ပြည်အရှေ့မြောက်ပိုင်း ဟိုင်လုံကျန်းပြည်နယ်ရှိ အစိမ်းရောင်တံတိုင်းတောအုပ်ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည်။)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Will China's Great GREEN Wall save the country from dust storms? 100 billion tree project could halt advancing Gobi Desert (dailymail)

Photo Credit-Dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
တစ်နေ့ကို ၁၅ မိနစ် ခြေထောက်မြှောက်ထားရုံနဲ့ ရလာမယ့် အံ့သြစရာ အကျိုးကျေးဇူးများ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
ပူပူနွေးနွေး ကမ္ဘာ့ကျော်ကြင်စဦးမောင်နှံ Benny Blanco နှင့် Selena Gomez တို့နှစ်ဦး၏ စပိန်ရိုးရာစတိုင် ဒေါ်လာ ၃၅သန်းခွဲတန
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service