ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို

ဗြိတိန်တွင် ရေချိုးလျှင် ၂ မိနစ်သာချိုးရန် အိမ်ရှင်က အိမ်ငှားကို ပြောဆို - Property Knowledge in Myanmar from iMyanmarHouse.com
19 Dec 2024 11:19 am တွင် တင်ခဲ့သည်
542 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

နေအိမ်မျက်နှာကြက်များ၊ နံရံများတွင် မှိုစွဲနေသည့် အိမ်များကို ငှားရမ်းရခြင်းမှသည် ခေါင်ခိုက်နေသော အိမ်လခများအထိ ယနေ့ခေတ်အိမ်ငှားတို့သည် အိမ်ရှင်ဆိုးများနှင့် ရင်ဆိုင်ရသော ဖြစ်ရပ်များရှိနေသည်။

ဗြိတိန်မှ အိမ်ငှားတစ်ဦးက အိမ်ရှင်ဖြစ်သူမှ ချမှတ်ထားသော စည်းကမ်းတစ်ခုကို လူမှုကွန်ရက်တွင် မျှဝေလာမှုမှာလည်း အံ့ဖွယ်ဖြစ်နေသည်။

အဆိုပါအိမ်ငှားသည် အိမ်ရှင်နှင့်အတူနေရသူ ဖြစ်သည်။

အိမ်ရှင်က အိမ်သို့ ပြန်ရောက်ရမည့်အချိန် သတ်မှတ်ထားသည့်အပြင် ရေချိုးချိန်ကိုလည်း ကန့်သတ်ထားသည်ဟု ဆိုသည်။

သင်တို့အနေဖြင့် ရေချိုးချိန် မည်မျှကြာမည်ဟု ခန့်မှန်းထားပါသနည်း။

တစ်မိနစ် (သို့မဟုတ်) ၂ မိနစ်ဟူသည်မှာ ရေအနည်းငယ်လောင်းရုံ၊ ဆပ်ပြာတိုက်ရုံမျှဖြင့် အချိန်ကုန်သွားနိုင်သည်။

Reddit လူမှုကွန်ရက်တွင် Tenant In The UK ဟူသော စကားပြောဝိုင်း၌ ပါဝင်ဆွေးနွေးသူတစ်ဦးက နေအိမ်တွင် နေထိုင်မှု သဘောတူညီချက်စာရွက်ကို ဓာတ်ပုံရိုက်ကာ ဖော်ပြလာသည်။

စာတွင်ဖော်ပြထားသည်မှာ “အခန်းငှားနေထိုင်သူတို့အနေဖြင့် ရုံးတက်ရက်များတွင် အိမ်သို့ ည ၁၁ နာရီ မတိုင်မီ ပြန်လာလျှင် ကူညီရာရောက်သည်။ အဘယ်ကြောင့်ဆိုလျှင် ညဘက်အိမ်ရှေ့တံခါးသို့ လူတစ်ဦး ရောက်လာလျှင် ခွေးဟောင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ခွေးဟောင်လျှင် အိမ်တွင်နေထိုင်သော အခြားသူများ လန့်နိုးလာနိုင်သည်။” ဟု ဆိုသည်။

သို့သော် အခန်းငှားတို့မှာ ဧည့်လုပ်ငန်းတွင် လုပ်ကိုင်သူများဖြစ်သောကြောင့် ည ၁၁ နာရီ ကာဖြူးမှာ လက်တွေ့မဆန်ချေ။

ထို့ကြောင့် မိမိတို့အခန်းများဆီသို့ ခိုးကြောင်ခိုးဝှက် ပြန်ဝင်ရခြင်းဖြင့်သာ အဆုံးသတ်ရသည်။

ထို့အပြင် စည်းကမ်းချက်စာရွက်တွင် ရေချိုးချိန်ကိုလည်း တစ်မိနစ်မှ ၂ မိနစ်ကြားသာချိုးရန် ကန့်သတ်ထားသည်။

ရေကို အချိန်ကြာကြာချိုးလျှင် ငွေကုန်ကြေးကျများကြောင်း၊ ရေကို ချွေတာရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“သောက်ခွေးက ဦးထုပ်တစ်လုံး ပြုတ်ကျသံကြားရင်တောင် ထဟောင်နေတာ” ဟု အိမ်ငှားဖြစ်သူက ပြောသည်။

အဆိုပါအိမ်ငှားသည် Reddit တွင် @PotentialWoodpecker1 အမည်ဖြင့် သုံးစွဲသူ ဖြစ်သည်။

“ကျွန်တော်တို့ ရေချိုးတာ နေ့စဉ်ကန့်သတ်ချက်ကို ကျော်လားဆိုတာ အိမ်ရှင်က ရေမီတာကို သိမ်းငှက်မျက်လုံးနဲ့ စောင့်ကြည့်ပါတယ်”

“သူ..အိမ်မှာရှိနေတဲ့အချိန် ရေချိုးရတာ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်က သူအလုပ်သွားတဲ့အချိန်ကျမှ ရေချိုးပါတယ်”

(အခန်းငှားနေထိုင်သူတို့အား ၂ မိနစ်သာ ရေချိုးရန် ကန့်သတ်ထားသည်။ ဓာတ်ပုံ-Getty Images)

“ဒါတွေ ဖတ်ရတဲ့အချိန်မှာ တချို့သူတွေက တွေးကြမယ်…အိမ်ရှင်မှာ အကြောင်းတစ်ခုခုရှိနေလို့ ငွေကို ခြိုးခြံချွေတာနေတယ်လို့ တွေးနိုင်တယ်။ ဒါပေမယ့် သူ့မှာ အိမ်တွေ အများကြီးပိုင်ထားပြီး Airbnb ကနေ အငှားချထားပါတယ်။ ဆွစ်ဇာလန်မှာရှိတဲ့ အဲလ်ပ်တောင်တန်းကို သူ့ကလေးတွေနဲ့ အပန်းဖြေခရီး မကြာခဏ ထွက်တတ်တယ်”

“လူတစ်ယောက်ရဲ့ ရေချိုးချိန်ကိုတောင် ကန့်သတ်တဲ့..ငွေကို ခြစ်ခြုတ်နေတဲ့သူ တခါမှ မတွေ့ဖူးခဲ့ပါဘူး။ တစ်မိနစ်…နှစ်မိနစ်ပဲ ရေချိုးရတယ်ဆိုတာ အိမ်လို့ မခံစားရဘဲ ထောင်ကျနေသလို ဖြစ်နေပါတယ်”

“ကျွန်တော်အိမ်ငှားတယ်ဆိုတာ အိမ်မှာရှိတဲ့ facility တွေကို အသုံးပြုဖို့လည်း ပါဝင်ပါတယ်။ ကျွန်တော့်ကို ဒီလိုဆက်ဆံတာ တော်တော် မတရားပါဘူး”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Renters told to limit showers to two minutes by their landlord (metro)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မွန်ဂို စစ်ဘုရင် တိမူးရဲ့ ကျိန်စာတိုက်ထားတဲ့ အုတ်ဂူကြီးကို သိပ္ပံပညာရှင်တွေ မကြောက်မရွံ့ ဖွင့်လိုက်ပြီးနောက် ကမ္ဘာ့သမိုင
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
ကမ္ဘာ့ရွံစရာအကောင်းဆုံး အိမ်သာကို နိုင်ငံပေါင်း ၉၁ သို့ လိုက်လံရှာဖွေခဲ့သော ဗြိတိန်အမျိုးသား နောက်ဆုံးတွင် တွေ့ရှိသွားခဲ
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service