စပိန်နိုင်ငံ ဘာစီလိုနာမြို့သားများသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည်ကို သဘောမကျကြဘဲ တွေ့ရှိပါက ရေဖြင့်ပက်ကာ မောင်းထုတ်လျက်ရှိ

စပိန်နိုင်ငံ ဘာစီလိုနာမြို့သားများသည် ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်သည်ကို သဘောမကျကြဘဲ တွေ့ရှိပါက ရေဖြင့်ပက်ကာ မောင်းထုတ်လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
18 Dec 2024 11:32 am တွင် တင်ခဲ့သည်
634 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

YouTube တွင် ဗြိတိန်နိုင်ငံသား ခရီးသွားဘလော့ဂါတစ်ဦးက စပိန်နိုင်ငံသို့ ရောက်ရှိခဲ့ရာ စပိန်မှ မြို့တစ်မြို့မှာ နိုင်ငံခြားသားများ လာရောက်လည်ပတ်သည်ကို သဘောမကျခြင်းအား တွေ့ကြုံခဲ့ရသည်။

YouTuber တစ်ဦးဖြစ်သူ Ben Morris သည် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင် အဆိုပါဖြစ်ရပ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဘာစီလိုနာတွင် ဒေသခံတို့အကြား ကမ္ဘာလှည့်ခရီးသွားများ အလွန်အကျွံလာရောက်နေခြင်းကို အပြင်းအထန် ကန့်ကွက်မှုများ ရှိနေသည်။

လာရောက်လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်တို့အား ရေပြွတ်သေနတ်များဖြင့် ပက်ဖြန်းကြသည်ဟု ဆိုသည်။

ဘာစီလိုနာတွင် “ကမ္ဘာလှည့်ခရီးသည်တွေ အိမ်ပြန်ကြ” ဟူသော စတစ်ကာများ တစ်မြို့လုံး နေရာအနှံ့ ကပ်ထားသည်ကို တွေ့ခဲ့ရသည်။

မိမိနှင့် အခြားသော ကမ္ဘာလှည့်ခရီးသည်အချို့ကို စားသောက်ဆိုင်တစ်ခုတွင် ဆိုင်နောက်ဘက် မှောင်မိုက်သော နေရာ၌ နေရာချထားပေးခြင်းခံခဲ့ရကြောင်း Morris က ပြောပြသည်။

ဒေသခံတို့သည် မိမိတို့ကို ခွဲခြားဆက်ဆံကြသည်ဟု ခံစားရကြောင်း Morris က သူ၏ YouTube ချန်နယ် ဗွီဒီယိုတစ်ခုတွင် ပြောကြားသည်။

“ကျွန်တော်မြို့ထဲက tapas စားသောက်ဆိုင်တစ်ခုကို သွားခဲ့ပါတယ်။ ဆိုင်ထဲမှာ ပြတင်းပေါက်ဘေး လင်းလင်းချင်းချင်းရှိပြီး ထိုင်လို့ကောင်းတဲ့နေရာလွတ်တွေ အများကြီးရှိပါတယ်။”

(ဘာစီလိုနာမြို့သားတို့သည် ကမ္ဘာလှည့်ခရီးသည်များကို ရေပြွတ်သေနတ်များဖြင့် ဖြန်းပက်ကြသည်။ ဓာတ်ပုံ-Anadolu via Getty Images)

 

“ကျွန်တော်ကိုယ်တိုင်နဲ့ တခြားကမ္ဘာလှည့်ခရီးသည်တချို့ဟာ ဆိုင်နောက်ဘက် မှောင်မိုက်တဲ့နေရာက စားပွဲမှာ နေရာချထားပေးတာ ခံရပါတယ်”

ယခုနှစ်ဇွန်လအတွင်းက ဘာစီလိုနာမြို့သားတို့သည် ကမ္ဘာလှည့်ခရီးသည်များကို ရေပြွတ်သေနတ်များဖြင့် စိုရွှဲအောင်ရေပက်ကာ အိမ်ပြန်ရန် ပြောခဲ့ကြသည်ဟု ဆိုသည်။

ကမ္ဘာလှည့်ခရီးသွားများ အလွန်အကျွံမလာကြရန် ဆန္ဒပြပွဲတစ်ရပ်လည်း ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၂၈၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြသည်။

ကာတာလိုနီယာပြည်နယ်၏ မြို့တော် ဘာစီလိုနာတွင် ကမ္ဘာလှည့်ခရီးသည်ဦးရေ များစွာကျဆင်းသွား စေရေးအတွက် စီးပွားရေးပုံစံသစ်ဖော်ဆောင်ရန် ၎င်းတို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

“ကမ္ဘာလှည့်ခရီးသွားများ အိမ်ပြန်ကြ” “ဘာစီလိုနာသည် ရောင်းရန်မဟုတ်” ဟူသော ဆိုင်းဘုတ်များ ကိုင်စွဲကာ ကမ္ဘာလှည့်ခရီးသွားများစွာ လည်ပတ်လေ့ရှိသည့်နေရာများတွင် ဆန္ဒပြခဲ့ကြသည်။

ထိုဒေသရှိ စားသောက်ဆိုင်များတွင် ညစာစားကြသော ကမ္ဘာလှည့်ခရီးသွားများမှာ ရေဖြင့်အပက်ခံကြရသည်။

ရေဖြင့် ပက်သူတို့က “ကမ္ဘာလှည့်ခရီးသည်တွေ ငါတို့နေရာက ထွက်သွားကြ” ဟု ကြွေးကြော်ကြသည်။

(ဘာစီလိုနာမှ Sagrada Familia ဘုရားကျောင်း။ ဓာတ်ပုံ-NurPhoto Via Getty Images)

 

“ဒီမြို့ရဲ့ ဟိုတယ်ခန်း ဈေးနှုန်းတွေ ဈေးကြီးနေတာဟာ ဒေသခံတွေ ကျွန်တော်တို့ကို မလာစေချင်တဲ့ အခြေခံအကြောင်းရင်းဖြစ်ပါတယ်။ ဒါက တရားမျှတ ပါတယ်”

“ဒါပေမယ့် ဘာစီလိုနာကို လည်ပတ်မယ့်သူတွေ ရပ်တန့်သွားမယ်လို့ ကျွန်တော်မထင်ပါဘူး”

“ဒေသခံတွေက ကိုယ့်ကို မလိုလားဘူးလို့ သိနေတဲ့နေရာမှာ ရှိနေရတာဟာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုပါပဲ”

“ဘာစီလိုနာကို သွားမယ်ဆိုရင် ကမ္ဘာလှည့်ခရီးသည်တွေ အများကြီးတွေ့ရမှာပါ။ လမ်းတိုင်း၊ နေရာတိုင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေ ရှိပါတယ်။ အထူးသဖြင့် မြို့လယ်ဝန်းကျင်မှာပေါ့ ”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 'I visited the Spanish city that doesn't want UK tourists to come - one thing shocked me' (express)

Photo Credit- NurPhoto Via Getty Images

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
အသက် ၇၅ နှစ် အဘိုးအိုက ရေသန့်ဘူးကြီး ၁၄ ဘူးနေ့စဉ်မှာနေရာ ရေသန့်သမားက သံသယဖြစ်ကာ ရဲကို တိုင်တန်းကာ ရှာဖွေစစ်ဆေးလိုက်သောအခ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အင်္ဂလန်သို့ပြန်ရန် လေယာဉ်လက်မှတ်ခ မရှိသောကြောင့် မိမိကိုယ်ကို ပါဆယ်ထုပ်ကာ တင်ပို့ခဲ့သော အမျိုးသားမှာ အင်္ဂလန်သို့မရောက်
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service